အဝေးရောက်အချစ်ဇာတ်လမ်းမှာ နှုတ်ဆက်ဖို့ အချိန်တန်ပြီဆိုတဲ့ လက္ခဏာ (၁၀)ချက်
lifestylemyanmar.com
|
2022-01-27

မနေ့က နှုတ်ဆက်ဖို့ အရမ်းခက်တယ်ဆိုတဲ့ Boy II Men ရဲ့အထင်ကရ သီချင်းကို မှတ်မိလား? လူအတော်များများက အဆင်မပြေတဲ့ ဆက်ဆံရေးတွေကို ဘယ်လိုနှုတ်ဆက်ရမှန်း မသိကြတာကြောင့်အချိန်အကြာကြီး ဆုပ်ကိုင်ထားလေ့ရှိကြပါတယ်။ အဝေးရာက်အချစ်ဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာ၊ သစ္စာစောင့်သိမှု၊ မိုင်အကွာအဝေးကနေ အချစ်မီးတောက်လောင်မှု ထိန်းထားနိုင်စွမ်းကို စမ်းသပ်ပါတယ်။

လူအတော်များများက အင်တာနက်ပေါ်မှာ ချစ်ကြကြိုက်ကြပါတယ်၊ အွန်လိုင်းချိန်းတွေ့ခြင်းက relationship ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာပြီး World Wide Web မှတဆင့် တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခြင်းက ရိုးရှင်းလွယ်ကူလေ့ရှိပါတယ်။ ဒါပေမယ့် အဝေးကြီးမှာနေတဲ့သူကို ချစ်ဖို့ ထိုက်တန်လားဆိုတာ သင်ဘယ်လိုသိမလဲ? ရုပ်ရှင်သွားကြည့်တာ၊ ညစာထွက်စားတာ ဒါမှမဟုတ် ချစ်သူများနေ့မှာ ချိန်းတွေ့တာမျိုး မလုပ်နိုင်ပါဘူး။ အဲဒီအစား သင်ဟာ Video call ပြောတာမျိုး၊ လေယာဉ်စီးသွားတာမျိုး၊ အသွားအပြန်ကားမောင်းပြီး သွားတွေ့တာမျိုးသာ လုပ်နိုင်ပါမယ်။

Relationship တစ်ခု ပြီးဆုံးသွားကြောင်း ညွှန်ပြနေတဲ့ အချက်ပြအတော်များများရှိပါတယ်။ သို့သော် သင်ဟာ ဒီလက္ခဏာတွေကို သင်မြင်ရကြောင်း ဝန်ခံဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ ဒီအချက် ၁၀ချက်ကတော့ သင့်ရဲ့ အဝေးက အချစ်ဇာတ်လမ်းကို နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီလို့ အကြံပြုနိုင်ပါတယ်။

၁။ အဝေးကနေ ချစ်နေရင်းနဲ့ သင့်ခံစားချက်တွေ ပြောင်းလဲသွားတာ

အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် လုံလောက်အောင် မပေးနိုင်တဲ့ အရူးအမူး ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ခုချိန်မှာ ဘာမှားနေမှန်း မသိအောင် မင်းသူတို့နဲ့ အဆက်ပြတ်သွားသလို ခံစားရပါတယ်။ အရင်ပုံစံအတိုင်း ပြန်သွားချင်ပေမယ် ဘယ်လိုလုပ်ရမှန်း မသိပါဘူး။ ဒီလူအတွက် သင့်ရဲ့ခံစားချက်တွေ ပြောင်းလဲသွားတာ ထင်ရှားပါတယ်။ ပြီးတော့ သင်ဘာကြောင့် အဲဒီလို အဆက်ပြတ်နေရတာလဲဆိုတာကို စကားပြောရမယ့် အချိန်ရောက်ပါပြီ။

၂။ သင့်ရဲ့ အဝေးရောက် အချစ်ရေးက အငြင်းအခုံတွေ များလွန်းနေတာ

အရာအားလုံးက ကြီးမားတဲ့ တိုက်ပွဲဖြစ်လို့ နောက်တစ်ကြိမ် ဖုန်းခေါ်ဖို့၊ Video call ခေါ်ဖို့ကို ကြောက်နေပါသလား? သင်ဘာတွေ ငြင်းခုန်မိမှန်းတောင် မသိပေမယ့် အရာအားလုံးက သင်တို့နှစ်ယောက်စလုံးကို ဒေါသထွက်စေသလိုပါပဲ။ တစ်ချိန်က ဖူးသစ်စအချစ်ဟာ ပြားပြီး သေသွားသလို ခံစားရပါတယ်။ တကယ်တော့ သင်တို့နှစ်ယောက်လုံးဟာ ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ အချိန်တိုင်း ရန်ဖြစ်နေ၊ ငြင်းခုံနေကြလို့ပါ။

၃။ သင့်ရဲ့အဝေးရောက်ချစ်သူက သင့်ကို အဝင်မခံလို့ပါ

အကွာအဝေးကြောင့် ရုပ်ပိုင်းဆိုင်ရာ connection ပြတ်တောက်နေပါတယ်ဆိုမှ သင့်ရဲ့ အဝေးရာက်ချစ်သူက စကားအများကြီး မပြောချင်တာ၊ စကားပြောတဲ့အခါမှာလည်း အရာရာကို အားတတ်သရောမရှိတာက သင်တို့နှစ်ယောက်ကြားက စိတ်ခံစားချက် connection ကိုပါ ပြတ်တောက်စေပါတယ်။ သူတို့ကို အနှောက်အယှက်ဖြစ်စေတဲ့ ပြင်ပဖိအားတွေ ရှိကောင်းရှိနိုင်ပေမယ့် သူတို့က သင့်ကို တွန်းထုတ်ရတဲ့ အကြောင်းတစ်ခုတော့ ရှိမှာပါ။

၄။ သင့်မှာ သစ္စာရှိမှုနဲ့ ပတ်သတ်လို့ စိုးရိမ်စရာတွေ ရှိနေတာ

သူတို့ကို မယုံကြည်လို့လား ဒါမှမဟုတ် မိုင်တွေဝေးကွာနေလို့လားဆိုတာ သင်မသိပါဘူး။ သို့သော် သင်ဟာ သူတို့ လှည့်စားနေတယ်လို့ ယုံမှားသံသယဖြစ်မိပါတယ်။ သင့်မှာ သက်သေမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာနေတဲ့ အခြေအနေက သင့်ကို နေမထိထိုင်မထိ ဖြစ်စေပါတယ်။ အခုခေတ်မှာ တစ်ယောက်မဟုတ်တစ်ယောက် သစ္စာရှိနေဖို့က ကိုယ့်ကိုယ်ကိုလည်း သင်မယုံကြည်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အထီးကျန်မှုက သင့်အတွက် အကောင်းဆုံးဖြစ်နေလို့ပါ။

၅။ သင်ဟာ အခြားသူတွေအကြောင်း စိတ်ကူးယဉ်တတ်သူ ဖြစ်ပါတယ်

လူတိုင်းမှာ ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေရှိပြီး ဒီလိုအပ်ချက်တွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာတွေ ဖြစ်ပါတယ်။ ပြီးပြည့်စုံတယ်လို့ ခံစားရဖို့ ရရင်းနှီးမှု လိုအပ်တာက သင့်အတွက် လုံးဝသာမန်ပါပဲ။ သင်တို့ကြားမှာ မိုင်ပေါင်းများစွာ ရှိတဲ့အခါ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ခက်ခဲပါတယ်။

သေချာတာတစ်ခုကတော့ သင်ဟာ တခြားလူတွေအကြောင်း စိတ်ကူးယဉ်နေတယ်ဆိုရင် အကွာအဝေးက သင့်ဆီကို ရောက်နေတာလည်းဖြစ်မယ် ( ဒါမှမဟုတ်) သူတို့က သင့်နှလုံးသားထဲမှာ မရှိတော့တာလည်း ဖြစ်ပါမယ်။

၆။ အလိမ်အညာတွေ များနေတာ

လိမ်ညာခြင်းက ဘယ်ဆက်ဆံရေးမှာမဆို အပေးအယူဖောက်ဖျက်မှုတစ်ခု ဖြစ်ပါတယ်။ Thought Catalog အရ သင့်လက်တွဲဖော်ကို လိမ်ညာခြင်းက သူတို့ကို ဆုံးရှုံးဖို့ အမြန်ဆုံးနည်းဖြစ်ပါတယ်။ တစ်ချို့ လိမ်တာကို ခွင့်လွှတ်လိုက်တယ်။ ဒါပေမယ့် အလိမ်အညာတွေ ဆက်လာတဲ့အခါ၊ သူတို့က ရယ်စရာပိုကောင်းလာတဲ့အခါ သင့်ရဲ့ ဝေးကွာနေတဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။

၇။ သင်က မတူညီတဲ့အရာတွေကို လိုချင်နေတာ

ပေါင်းသင်းဆက်ဆံမှုရဲ့ point တစ်ခုလုံးက သင်နဲ့ သင့်ပါတနာတို့ဟာ တစ်ချိန်ချိန်မှာ ပေါင်းစည်းကြမှာဖြစ်ပါတယ်။ တကွဲတပြားနေထိုင်တဲ့ အိမ်ထောင်သည်ဆက်ဆံရေးတွေ အရမ်းနည်းပါတယ်။ ကိုယ်ချစ်ရသူနဲ့အတူနေချင်ပေမယ့် သင်ချစ်ရတဲ့သူမှာ တခြားအစီအစဉ် ရှိတယ်ဆိုရင်ကော။ဥပမာ- သင်က ရန်ကုန်မှာ နေထိုင်ပြီး ဆေးရုံကြီးတစ်ခုမှာ အလုပ်လုပ်ချင်ပါလိမ့်မယ်။ သို့သော် ပါတနာက အမြဲတမ်း အိမ်ဖြစ်ခဲ့တာကြောင့် တောင်ကြီးမှာ နေထိုင်လိုပါတယ်။ သူတို့က တောင်ကြီးကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ သင်ကလည်း ရန်ကုန်ကနေ ထွက်သွားဖို့ စိတ်တောင်မကူးမိပါဘူး။ ဒီဆက်ဆံရေးမှာ အပေးအယူမရှိရင် ဘယ်လိုအရာတွေက အဆင်ပြေမှာလဲ? သင်ဟာ သီးခြားဘဝနဲ့ နေထိုင်ရဆဲဖြစ်ပြီး ရံဖန်ရံခါ တွေ့ဆုံရုံသာရှိပါတယ်။

၈။ သင့်ရဲ့ သူငယ်ချင်းတွေက သင့်ရဲ့ အဝေးရောက်အချစ်ဇာတ်လမ်းကို ဖြတ်ပစ်ဖို့ ပြောတာ

သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက သင့်ရှေ့မှာရှိတဲ့ ဒုက္ခအချက်ပြတွေကို မြင်လေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ သင်ဟာ အခြေအနေနဲ့ အရမ်းနီးစပ်တဲ့အခါ ပြဿနာအားလုံးကို မြင်ဖို့ ခက်ခဲစေပါတယ်။ သို့သော်လည်း သင့်သူငယ်ချင်းတွေက လမ်းခွဲဖို့ အချိန်ရောက်ပြီလို့ သင့်အား ပြောတဲ့အခါ အနည်းဆုံးတော့ သူတို့ရဲ့ အခြေခံအကြောင်းကို နားထောင်ရတာ တန်နိုင်ပါတယ်။

၉။ သင်ဟာ အနစ်နာခံပြီး အားလုံးလုပ်နေရတာ

တစ်ယောက်နဲ့ တစ်ယောက်တွေ့ရဖို့အတွက် လေယာဉ်စီးရတာမျိုး (ဒါမှမဟုတ်) တစ်မြို့နဲ့တစ်မြို့ကို ကားနဲ့ အသွားအပြန်လုပ်ရတာမျိုးမှာ သင်နဲ့ သင့်ပိုက်ဆံအိတ်က အားလုံးကို စွန့်လွှတ်အနစ်နာခံသူတွေ ဖြစ်ပုံရပါတယ်။ အရာအားလုံးကို အဆင်ပြေအောင် ကြိုးစားနေပေမယ့် သင်ဟာ အခြေအနေတစ်ခုလုံးနှင့်ပတ်သတ်ပြီး ကြောက်စရာကောင်းသလို ခံစားရတုန်းပါပဲ။ သူတို့က သင်နဲ့ လမ်းတစ်ဝက်မှာ ဆုံတွေ့ကြမယ်ဆိုရင် ဟိုဟိုဒီဒီ ခရီးသွားတာမျိုးဆိုရင် သင့်အတွက် ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

၁၀။ နဈနသေလို ခံစားနရေတာ

အချစ်ရေးမှာ အဆိုးဆုံးခံစားချက်တစ်ခုက သောင်တင်သလို ခံစားရတဲ့အချိန်ပါ။ သင်ဟာ အနိုင်မရတဲ့ အခြေအနေမှာရှိနေတာကြောင့် ဘယ်လှည့်၊ ညာလှည့်လို့ မရနိုင်ပါဘူး။ အရာရာကို အဆုံးသတ်ရမှာ ကြောက်ပေမယ့် ရှေ့ကို ဆက်မတက်တော့ပါဘူး၊ အလယ်မှာ ပိတ်မိနေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-powerofpositivity


#ချစ်သူ
#ခံစားချက်
#ခံစားရ
#အရာ
#အချိန်

Some text some message..