ဝေးဝေးရှောင်သင့်တဲ့ အဆိပ်အတောက်ဆန်သော သူငယ်ချင်း (၇)မျိုး
lifestylemyanmar.com
|
2022-01-28

သူငယ်ချင်းတွေက ကိုယ့်ဘဝကို ပိုတောက်ပစေ၊ ပျော်ရွှင်စေပြီး ပိုစိတ်လှုပ်ရှားစေတယ် မဟုတ်ပါလား? ဘဝမှာ သင်ဘယ်လိုပဲ ဖြတ်သန်းနေပါစေ၊ သူတို့အားလုံးက သင့်အတွက် အမြဲရှိနေမှာဖြစ်တဲ့အတွက် သူငယ်ချင်းတွေရှိတာက တကယ်ကို ကံကောင်းမှုတစ်ခုပါပဲ ။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေအစား အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းတွေရှိနေရင် ဘာဖြစ်လာမလဲ? ပိုဆိုးတာက သင့်မှာ အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းရှိတယ်ဆိုတာကို လုံးဝမသိတာပါ။

အဆိပ်အတောက်ဆန်တဲ့ လက်တွဲဖော်ရှိခြင်းက သင့်ဘဝကို ထိခိုက်စေနိုင်သလို အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းတွေရှိခြင်းကလည်း သင့်အတွက် အလားတူ လုပ်ဆောင်နိုင်ပါတယ်။ သူတို့က အမှောင်ရိပ်မှာ ပုန်းလျှိုးကွယ်လျှိုးနေကာ သင့်ကို နာကျင်စေဖို့ အမြဲတမ်းအသင့်ရှိနေပါလိမ့်မယ်။

အဆိပ်အတောက်ဆန်ခြင်းကို ဘယ်သူကမှ သင့်ရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်မပြနိုင်တာကြောင့် ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။ သူတို့က သင့်အတွက် အကောင်းဆုံးဖြစ်စေချင်ကြောင်း သင်ယုံကြည်စေဖို့ စိတ်ကစားနည်းအမျိုးမျိုးနဲ့ လှည့်ကွက်တွေကို ကစားကြပါလိမ့်မယ်။ တချိန်လုံး သင့်ကို ဒုက္ခပေးဖို့နဲ့ သင့်ကို တတ်နိုင်သလောက် နာကျင်အောင်လုပ်ဖို့ မိုက်မဲတဲ့ အကြံအစည်တွေနှင့်အတူ လာပါတယ်။

သို့သော် အနည်းငယ် သတိထားနေရုံဖြင့် အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းတွေကို တစ်ခါတစ်ရံမှာ ရိပ်စားမိနိုင်ပါတယ်။ သူက အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းပဲဆိုတာ ရိပ်မိတာနဲ့ သူတို့နဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး ခင်မင်ရင်းနှီးမှုကို အဆုံးသတ်နိုင်ပါတယ်။

၁။ အမွဲတမျး စိတျမခရြတဲ့သူ

စိတ်မချရတဲ့သူတွေဆိုတာ သူတို့လက်ထဲမှာ ပိုကောင်းတဲ့ ရွေးချယ်စရာရှိတယ်လို့ ခံစားမိတိုင်း သင့်ကို ဒုက္ခတောထဲမှာ ထားသွားနိုင်တဲ့ ရိုးသားမှုမရှိသော၊ အဆိပ်အတောက်ဆန်သော သူငယ်ချင်းတွေပါ။ သင်နဲ့အတူ plan အကြီးကြီးတွေ ပြုလုပ်ကြပေမယ့် နောက်ဆုံးမိနစ်ကျမှ ဖျက်သွားတတ်သူတွေပါ။ တစ်ကြိမ်တစ်ခါ ဖြစ်တာက အဆင်ပြေပေမယ့် အချိန်တိုင်း ဖြစ်ပျက်နေတယ်ဆိုရင် သင့်ရဲ့ self-confidence ကို ကြီးမားတဲ့ ရိုက်ခက်မှု ခံရပါမယ်။ ‘ငါက ကျေနပ်လောက်စရာမရှိလို့လား (ဒါမှမဟုတ်) ငါနဲ့ အချိန်ဖြုန်းရတာ ပျော်စရာကောင်းလို့လား’ဆိုတဲ့ ခံစားချက်တွေ တဖြည်းဖြည်း ခံစားလာရပါတယ်။

၂။ ဆရာကြီးလုပ်ပြီး ထိန်းချုပ်တတ်သူ

သင့်သူငယ်ချင်းရဲ့ ထင်မြင်ချက်ကို လေးစားလိုခြင်းက အချက်တစ်ချက်ဆိုပေမယ့် ခြေလှမ်းတိုင်းကို သူတို့ လိုက်ထိန်းချုပ်ထားခြင်းက ကိုယ့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရုံမက အဆိပ်အတောက်ဆန်ပါတယ်။ သူတို့က သင့်ရဲ့လှုပ်ရှားမှုတိုင်းကို ညွှန်ကြားပြီး သင့်ရဲ့ပါစင်နယ်စည်းတွေ အားလုံးကို ဖြတ်ကျော်တာက သင့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ ပင်ကိုယ်လက္ခဏာ သဘောကို ထိခိုက်စေပါတယ်။


၃။ အလွန်အမင်း ပြိုင်ဆိုင်တတ်သူ

ပြိုင်ဆိုင်မှုအနည်းငယ်က သူငယ်ချင်းတွေကြားမှာ အဆင်ပြေသလို ပြိုင်ဆိုင်မှုက သင့်အား အကောင်းဆုံးတွေ လုပ်အောင် တွန်းအားပေးနိုင်ပေမယ့် သင့်သူငယ်ချင်းက ပြိုင်ဆိုင်မှု လွန်ကဲပြီး သာလွန်ကောင်းမွန်ဖို့ အမြဲကြိုးစားနေတယ်ဆိုရင် ဒါက ပြဿနာတစ်ခုပါပဲ။ ပြီးတော့ အဲဒါက အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ သူတို့က သင့်သူငယ်ချင်းတွေဖြစ်ကြောင်း အမြဲတစေ ပြောနေပေမယ့်လည်း နောက်တစ်ချိန်မှာ သင်က ပြိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ပုံမရတဲ့၊ မမြင်ရတဲ့ ပြိုင်ဆိုင်မှုတွေ စတင်ကြပါလိမ့်မယ်။

၄။ ဒရာမာအမြဲခင်းနေသူ

ဒရာမာဘုရင်တွေနဲ့ မိဖုရားတွေက ပဋိပက္ခကို နှစ်သက်ပြီး အကြောင်းပြချက်မရှိရင်တောင် ဒရာမာတစ်ခုခင်းဖို့ အမြဲရှာဖွေနေတတ်ကြပါတယ်။ သူတို့နဲ့ သူငယ်ချင်းဖြစ်ခြင်းက အဆုံးမရှိတဲ့ စိတ်ခံစားမှု ရိုလာကိုစတာပေါ်မှာ တစ်ပတ်/၂၄နာရီ ရှိနေခြင်းနဲ့ ညီမျှပါတယ်။ သူတို့က ဘယ်အရာကိုမှ မပျော်ရွှင်ကြပါဘူး။ အရာရာက ‘ပုံမှန်’ဖြစ်လွန်းတယ်လို့ ခံစားရတိုင်း ရန်ပွဲတွေနဲ့ ငြင်းခုံမှုတွေ စတင်ဖို့ အမြဲရှာဖွေနေလေ့ရှိပါတဘ်။ အသေးအမွှားကိစ္စလေးတွေမှာတောင် သင်နဲ့ ရန်ဖြစ်ဖို့ ရွေးချယ်ကြတဲ့အတွက် သူတို့က အဆိပ်အတောက်ဆန်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့ပတ်ဝန်းကျင်မှာနေရင် ဥခွံပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရစေပါတယ်။


၅။ ကောင်းတဲ့အချိန်တွေအတွက်သာ ရှိနေသူတစ်ယောက်

ဒါက ကောင်းတဲ့အချိန်တွေမှာဆို သင့်အတွက် အမြဲရှိနေပေးပြိး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဖြတ်သန်းရချိန်ဆို ပျောက်ချင်းမလှပျောက်သွားကြတဲ့ သူငယ်ချင်းမျိုးပါ။ သင့်ဘဝမှာ စိတ်လှုပ်ရှားစရာတွေ၊ ကောင်းတာတွေ၊ သာယာမှုတွေရှိနေတဲ့အခါ သင့်အနားမှာ အမြဲတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သင့်ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းတဲ့အခါ ၊ သူတို့ကို လိုအပ်တဲ့အခါ သင့်အနားမှာ သူတို့ဘယ်တော့မှ ရှိမနေပါဘူး။ သင့်ရဲ့ခံစားချက်တွေနဲ့ နာကျင်မှုတွေကို သူတို့နဲ့ ဝေမျှဖို့ ခက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က သင့်ကို အားလုံးကျော်ဖြတ်နိုင်အောင် ကူညီဖို့ စိတ်ဝင်စားမှုနည်းနည်းလေးတောင်မှ မပြနိုင်လို့ပါ။

၆။ အသုံးချသူတစ်ယောက်

အသုံးချသူတွေဟာ အခြေခံအားဖြင့် သင်နဲ့ သင့်ရဲ့ခင်မင်ရင်းနှီးမှုကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား ပြည့်မီစေဖို့ နည်းလမ်းအဖြစ် အသုံးချပါတယ်။ သူတို့အတွက် သင်လုပ်နိုင်တဲ့ အရာတွေကို လုပ်ပေးနေတာကြောင့် ခင်မင်ရင်းနှီးမှုက သူတို့အတွက် သိပ်အရေးမကြီးပါဘူး။ သူတို့က သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့လိုအပ်ချက်တွေကိုသာ ဂရုစိုက်ကြပြီး သူတို့က အတ္တဆန်ပါတယ်။ ကိုယ့်ကိုယ်ကို ဗဟိုပြုပါတယ်။ တစ်ကိုယ်ကောင်းဆန်ပါတယ်။ ကျေးဇူးပြန်ဆပ်ရမယ့် အချိန်ရောက်တဲ့အခါ သင့်အားဘယ်သောအခါမှ ကူညီမှာ မဟုတ်ပါဘူး။ သူတို့သိတာက လူတွေကို သူတို့ရဲ့ လိုအပ်ချက်တွေပြည့်မီအောင် ဘယ်လိုအသုံးချပြီး အမြတ်ထုတ်ရမလဲ ဆိုတာပါ။


၇။ မကောင်းတဲ့ လွှမ်းမိုးမှုရှိသူ

သင့်သူငယ်ချင်းတွေက သင့်ဆီက အကောင်းဆုံးတွေကို ဖော်ထုတ်ပေးသင့်ပါတယ်။ မကောင်းတဲ့ လွှမ်းမိုးမှုရှိသော သူငယ်ချင်းတွေဟာ သင့်အား ဆိုးရွားတဲ့ ဒုက္ခထဲကို ကျရောက်စေပါတယ်။ သူငယ်ချင်းကောင်းတွေက သင့်ကို ဥပဒေ ချိုးဖောက်ဖို့၊ အမှားတစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဘယ်လိုနည်းနဲ့မဆို ထိခိုက်နစ်နာအောင်လုပ်ဖို့ ဘယ်တော့မှ တွန်းအားပေးမှာ မဟုတ်ပေမယ့် မကောင်းတဲ့ လွှမ်းမိုးမှုရှိသော သူငယ်ချင်းတွေကတော့ လုပ်ပါတယ်။ တခါတရံမှာ သူတို့ရဲ့ အပြုအမှုတွေက သိမ်မွေ့ပေမယ့် သင်ဟာ အချို့သော မေးခွန်းထုတ်စရာ အခြေအနေတွေမှာ ပါဝင်ပတ်သတ်လာတာကို သူတို့နဲ့အတူရှိနေတိုင်း သတိထားမိပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-themindsjournal.


#သူငယ်ချင်း
#ခံစားချက်
#အချိန်
#ခက်ခဲ
#လောက

Some text some message..