ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ကောင်းစွာ မမှတ်မိကြတာ ဘာကြောင့်လဲ?
lifestylemyanmar.com
|
2022-02-03

လူအများစုက သူတို့ဘဝရဲ့ ပထမ ၃နှစ်ကနေ ၄နှစ်အထိကို ဘာအမှတ်တရမှ မရှိကြပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ခုနစ်နှစ်မတိုင်ခင် ဘဝအကြောင်းကို အနည်းငယ်မျှသာ မှတ်မိလေ့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ငယ်စဉ်ကလေးဘဝကို ပြန်မှတ်မိဖို့ ကြိုးစားတဲ့အခါမှာ ထိုအမှတ်တရတွေက တကယ်ဟုတ်/မဟုတ်ကို သံသယဝင်လာလေ့ရှိပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေက ဘယ်နေရာကို ရောက်သွားသလဲ?နဲ့ ကျွန်တော်တို့ရဲ့ ဘဝအစောပိုင်းနှစ်တွေကို ဘာ့ကြောင့်ကောင်းကောင်းမမှတ်မိကြတာလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ကျွန်တောတို့ရဲ့ မန်မိုရီတွေက ဘယ်လိုအလုပ်လုပ်လဲ?

လူကြီးဘဝမှာ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ် ကလေးဘဝက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို မှတ်မိတာ ရှားသလို အသက် ၃နှစ်မှ ၇နှစ်ကြားကာလမှာ ကျွန်တော်တို့ဘဝနဲ့ ဆက်စပ်နေတဲ့ အမှတ်တရတွေက မကြာခဏ တစ်စွန်းတစ်စဖြစ်နေတတ်ပါတယ်။ ဒီဖြစ်စဉ်ကို “infantile amnesia”လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ အစောပိုင်းနှစ်တွေကို ကောင်းစွာ မမှတ်မိရတဲ့ အကြောင်းရင်းက မွေးကင်းစကလေးငယ်တွေနဲ့ လသားကလေးတွေမှာ အပြည့်အဝဖွံ့ဖြိုးပြီးသား မှတ်ဉာဏ်မရှိခြင်းကြောင့်လို့ ထင်ရပါတယ်။ သို့သော်လည်း အသက် ၆လအရွယ် ကလေးတွေဟာ ရေတိုမှတ်ဉာဏ်သာမက ရက်သတ္တပတ်အထိနဲ့ တစ်ခါတစ်ရံ လများအထိ ကြာရှည်ခံနိုင်တဲ့ ရေရှည်မှတ်ဉာဏ်တွေကိုလည်း ဖွဲ့စည်းနိုင်နေပြီ ဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ မှတ်ဉာဏ်စွမ်းရည်က လူကြီးတွေနဲ့တော့ မယှဉ်သာသေးပါဘူး။ ဒါ့ကြောင့် infantile amnesia ကိုဖြစ်စေတဲ့ အကြောင်းရင်းရဲ့ အဖြေအဖြစ် သိပ္ပံပညာရှင်တွေ အပေးနိုင်ဆုံး သီအိုရီကတော့ ‘အသက်အရွယ်နှင့်ဆိုင်သော မှတ်ဉာဏ်ဖွံ့ဖြိုးမှု ဖြစ်စဉ်များရဲ့ လွှမ်းမိုးမှု’ ဖြစ်ပါတယ်။


ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်ပုံစံက ဘယ်လိုလဲ?

မှတ်ဉာဏ်ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ ဦးနှောက်ရဲ့ အစိတ်အပို်ငးများစွာပါဝင်ပြီး ၎င်းလုပ်ငန်းက ဖွဲ့စည်းခြင်း၊ တည်တံ့ခြင်းနဲ့ နောက်ဆက်တွဲမှတ်ဉာဏ်တွေကို ပြန်လည်ဖော်ထုတ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ် ဖွဲ့စည်းမှုအတွက် တာဝန်ရှိတယ်လို့ ယူဆရသော hippocampus အပိုင်းဟာ အသက် ၇နှစ်တိုင်အောင် ဖွံ့ဖြိုးလာပါတယ်။

နောက်ထပ်စဉ်းစားရမယ့် အချက်ကတော့ ဘာသာစကားပါ၊ အသက် ၆နှစ်အောက် ကလေးတွေဟာ စကားတစ်လုံးတည်းဖြင့် ပြောဆိုတဲ့အဆင့်ကနေ မိခင်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့အထိ တိုးတတ်လာတာကြောင့် သူတို့ရဲ့နှုတ်စွမ်းရည်မှာ ကြီးကြီးမားမားပြောင်းလဲမှုတွေ ရှိလာပါတယ်။။ သူတို့က infantile amnesia ကာလနှင့် တိုက်ဆိုင်နေပါတယ်။

ဒါ့ကြောင့် ကလေးဟာ သူတို့ရဲစကားမှာ “မှတ်မိတယ်”နှင့် “မေ့သွားပြီ” ကဲ့သို့သော မှတ်ဉာဏ်နဲ့ ဆက်စပ်နေတဲ့ အတိတ်ကာလရဲ့ စကားလုံးတွေနဲ့ ကိုယ်ရေးကိုယ်တာ နာမ်စားဖြစ်တဲ့ “ငါ” ဆိုတာတွေကို စတင်အသုံးပြုလာကြပါတယ်။

သိပ္ပံပညာရှင်တွေက အသက် ၁နှစ်မှ ၂နှစ်အထိ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ်တွေကို ငါးနှစ်အကြာမှာ ထိုအဖြစ်အပျက်တွေနှင့် ပတ်သတ်လို့ တွေ့ဆုံမေးမြန်းပြီး သုတေသနလုပ်ခဲ့ပါတယ်။ ဖြစ်ပျက်တဲ့အချိန်မှာ အသက် ၁နှစ်အောက်သာရှိသေးတဲ့ ကလေးအများစုက အဖြစ်အပျက်တွေကို ကောင်းကောင်းမမှတ်မိပါဘူး။ သူတို့က အသေးစိတ် အချက်အလက်တွေကို ရောနေခဲ့ပါတယ်၊ (သို့) မတူညီတဲ့အမှတ်တရများစွာ ပါဝင်တဲ့ အဖြစ်အပျက်တွေကို ဖော်ပြခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ၂နှစ်သားကလေးတွေဟာ စိတ်ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်တွေကို ပိုမှတ်မိနေပါတယ်။


အရေးကြီးတဲ့ အမှတ်တရများ

တခါတရံမှာ ကျွန်တော်တို့ဟာ သီချင်းဟောင်းတစ်ပုဒ်ရဲ့ တေးသွား (သို့) ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ သာမန်နေ့စဉ်စကားပြောဆိုမှုတွေကဲ့သို့သော အရေးမပါဘူးလို့ ထင်ရတဲ့ အရာတွေကို သတိရမိကြပါတယ်။ ထိုအဖြစ်အပျက်တွေက ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ဟာ သူတို့ကို ၁၀နှစ် (သို့) အနှစ် ၂၀နှောင်းပိုင်းမှာ ပြန်အမှတ်ရနေပါလိမ့်မယ်။


အသက် ၃၀နှစ်အထက် လူတွေဟာ အခြားနှစ်တွေထက် ဆယ်ကျော်သက်အရွယ် (သို့) အစောပိုင်းလူကြီးဘဝနဲ့ ပတ်သတ်တဲ့ အမှတ်ရစရာတွေက ပိုများပါတယ်။ ဆယ်ကျော်သက်အရွဘ်ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပုံဖော်ရာမှာ အဓိက အချိန်ကာလဖြစ်တာကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-5minutecraft/greatergood.berkeley.edu


#ဆယ်ကျော်သက်
#အသက်
#အချိန်
#အမှတ်တရ
#သိပ္ပံ

Some text some message..