ကလေးဘဝမှာ စိတ်ခံစားချက် လျစ်လျူရှုခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာ (၆)ခု
lifestylemyanmar.com
|
2022-02-10

ကလေးဘဝမှာ စိတ်ခံစားချက် လျစ်လျူရှုခံရတာက မယုံနိုင်လောက်အောင် အန္တရာယ်များပြီး အကျိုးဆက်တွေက လူကြီးဘဝအထိ ကြာရှည်နိုင်ပါတယ်။ ငယ်စဉ်ကလေးဘဝက လျစ်လျူရှုမှုကြောင့် အရွယ်ရောက်ပြီးတဲ့အခါမှာ သင်ဟာ အကြောင်းပြချက်မရှိဘဲ အဆိုးမြင်စိတ်တွေ ခံစားရနိုင်ပါတယ်ကလေးတွေ စိတ်ခံစားမှု ဖွံ့ဖြိုးလာတာနဲ့အမျှ ကြင်နာမှု၊ မေတ္တာနဲ့ ပြုစုပျိုးထောင်မှု လိုအပ်ပါတယ်။ ဒီအရာတွေကလွဲလို့ တခြားဘယ်အရာမဆို လက်ခံရရှိတဲ့အခါမှာ သူတို့ကို ရေရှည်သက်ရောက်စေမယ့် ဆိုးရွားသော ပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

ဘယ်မိဘကမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ လူတိုင်းက တစ်ခါတစ်လေမှာ ကမောက်ကမ အခြေအနေတွေနဲ့ ကြုံရပါလိမ့်မယ်။ မိဘတစ်ဦးက သူတို့ကလေးရဲ့ လိုအပ်ချက်တွေကို အကြိမ်ကြိမ်တုံ့ပြန်ဖို့ ပျက်ကွက်တဲ့အခါမှသာ ဒါက လျစ်လျူရှုသော အပြုအမှု ဖြစ်လာပါတယ်။ စိတ်ခံစားချက် လျစ်လျူရှုမှုကို ဖြစ်ပေါ်လာစေသော ပြဿနာတွေကို နားလည်ခြင်းနဲ့ ၎င်းတို့ကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ နားလည်ခြင်းက ရလဒ်အားလုံးကို ခြားနားစေနိုင်ပါတယ်။

လျစ်လျူရှုခြင်းရဲ့ ဥပမာတစ်ခုက ကလေးဟာ မိဘကို ဝမ်းနည်းကြောင်းပြောပြတဲ့အခါ အခြေအနေကို ပယ်ချခြင်းမျိုးပင် ဖြစ်ပါတယ်။ မိဘက ကလေးအား နားမထောင်ဘဲ ကူညီဖြေရှင်းပေးတဲ့အခါတိုင်းမှာဒါက လျစ်လျူရှုခြင်းရဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ ကလေးအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေက အရေးမကြီးဘူးလို့ ယုံကြည်ပြီး ပံ့ပိုးမှု မရှာတော့ပါဘူး။

နောက်ဥပမာတစ်ခုကတော့ မိဘက သားသမီးကို စိတ်ခံစားမှုရှိလို့ နှိမ့်ချပြောဆိုတဲ့အခါ ဖြစ်ပါတယ်။ မိဘက ကလေးကို “ငိုတဲ့ကလေး”လို့ ခေါ်တဲ့အခါ ဒါမှမဟုတ် ကလေးတစ်ယောက်လို ပြုမှုနေတာ ရပ်ဖို့ ပြောတာ၊ ဒါတွေက လျစ်လျူရှုခံရတဲ့ အပြုအမှုတွေပါ။

စိတ်ခံစားမှုဆိုင်ရာ လျစ်လျူရှုခြင်းရဲ့ သက်ရောက်မှုတွေက သိမ်မွေ့တတ်သော်လည်း ၎င်းတိုက လူကိုပြင်းထန်စွာ ထိခိုက်စေပါတယ်။ သင့်ကလေး ကောင်းတာ တစ်ခုခုလုပ်တဲ့အခါ သတိမထားမိတာကလည်း သူတို့ကို ဆိုးဆိုးရွားရွား သက်ရောက်စေတဲ့ လျစ်လျူရှုမှု ပုံစံတစ်မျိုးပါပဲ။

လျစ်လျူရှုခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

လျစ်လျူရှုခြင်းရဲ့ အကြောင်းရင်းတွေက နားလည်ရခက်ပါတယ်။ မိဘအများစုက သားသမီးအတွက်ဆိုရင် အကောင်းဆုံးကြိုးစားပေးကြပါတယ်။ ပြောရရင် သားသမီးတွေကို စိတ်ခံစားချက် လျစ်လျူရှုထားမိတဲ့သူတွေတောင်မှ ဒါကိုလုပ်ဖို့ ရည်ရွယ်ချက် မရှိကြပါဘူး။ သူတို့သားသမီးတွေရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုမိကြတဲ့ လူကြီးတွေဟာ အောက်ပါတို့ထဲမှ တချို့ကို ခံစားရလေ့ရှိပါတယ်။


စိတ်ဓါတ်ကျခြင်း

စိတ်ကျန်းမာရေး ချို့ယွင်းခြင်း

တစ်ကိုယ်ရေ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြည့်စုံမှု မရှိခြင်း

မိဘအုပ်ထိန်းမှုစွမ်းရည် ချို့တဲ့ခြင်း

အနိုင်ကျင့်ခြင်း(သို့) အလွဲသုံးစားလုပ်ခြင်း

ဒေါသကြီးခြင်း (သို့) နာကြည်းခြင်း

သူတို့မိဘတွေရဲ့ လျစ်လျူရှုမှုကို ခံခဲ့ရခြင်း

ကလေးဘဝမှာ စိတ်ခံစားချက် လျစ်လျူရှုမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ

၁။ စိတ်ခံစားမှု ဖော်ပြခြင်းမှာ အဆင်မပြေခြင်း

လျစ်လျူရှုခံရတဲ့ ကလေးတွေဟာ စိတ်ခံစားမှုကို ဖော်ပြဖို့ ခက်ခဲတဲ့ လူကြီးတွေ ဖြစ်လာပါတယ်။ တခြားသူတွေအား သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အဆင်မပြေသလို၊ စိတ်မသက်မသာဖြစ်သလို ခံစားရပါလိမ့်မယ်။ ပျော်ရွင်မှုနဲ့ အပြုသဘာဆောင်တဲ့ ထုတ်ဖော်ပြသမှုကတောင် သူတို့ကို စိတ်မသက်မသာ ဖြစ်စေပါလိမ့်မယ်။

သူတို့ရဲ့ စိတ်ခံစားမှုကြောင့် လှောင်ပြောင်ခံရတဲ့ ကလေးတွေဟာ အဲဒါနှင့်ပတ်သတ်ပြီး စိတ်မသက်မသာနဲ့ ကြီးပြင်းလာကြရပါတယ်။ သူတို့ရဲ့ခံစားချက်တွေကြောင့် နှိမ့်ချခံရခြင်း၊ လျစ်လျူရှုခံရခြင်း (သို့) အပြစ်ပေးခံခဲ့ရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဆုံးမှာ ဒီကလေးတွေဟာ စိတ်ခံစားမှုတွေက အရေးမကြီးဘူး၊ မှားတယ်၊ လက်မခံနိုင်ဘူးလို့ ယုံကြည်သွားကြပါတယ်။


၂။ စိတ်ခံစားချက် ထုံခြင်း (သို့) Emptiness သဘောလွှမ်းမိုးခြင်း

ကလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို လျစ်လျူရှုခံရပြီး ကြီးပြင်းလာတဲ့အခါ အနှစ်သာရမဲ့မှုကို တွေ့ကြုံရပါတယ်။ သူတို့ရဲ့ခံစားချက်တွေက အရေးမကြီးဘူးဆိုတာ သိလာတဲ့အတွက် ဒီခံစားချက်က လူတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးကို ကြာရှည်ခံစားရစေပါတယ်။ ဒီလိုကလေးတွေက သူတို့နဲ့ အရင်းနှီးဆုံးသူတွေဆီကနေ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖယ်ထုတ်ဖို့တောင် သင်ယူကြပါတယ်၊


၃။ ကိုယ့်ကိုယ်ကို အပျက်သဘောတွေးခြင်းနဲ့ မိမိကိုယ်ကို လေးစားမှုကင်းမဲ့ခြင်း

ကလေးဘဝမှာ လျစ်လျူရှုခံရခြင်းက သူတို့ဟာ နားမလည်နိုင်လောက်အောင် ချို့ယွင်းချက်ရှိတယ်လို့ ယုံကြည်လာစေပါတယ်။ သူတို့ဟာ ခံနိုင်ရည်ရှိပုံကို မလေ့လာဖူးတာကြောင့် ညံ့ဖျင်းတဲ့ အခြေအနေမှာ ရှက်ရွံ့မှု ခံစားရပါလိမ့်မယ်။ ထို့အပြင် သူတို့ဟာ ကောင်းတဲ့အရာတစ်ခုခု ပြုလုပ်တဲ့အခါ ချီးမွမ်းမခံရနိုင်တာကြောင့် မိမိကိုယ်ကို လေးစားမှုနည်းပါးပြီး အပျက်သဘောဆောင်တဲ့ တွေးခေါ်မှုတွေရှိလာပါတယ်။

ဒီလူတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကင်းမဲ့ပြီး အဆိုးမြင်စိတ်တွေ ခံစားရတတ်ပါတယ်။ ရှင်းပြလို့မရတဲ့ အကြောင်းပြချက်တွေကြောင့် စိတ်ပျက်ပြီး ဒေါသထွက်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ လူမှုရေးအခြေအနေတွေကို ပြန်တွေးပြီး အရာရာအဆင်ပြေနေရင်တောင် သူတို့ပြောခဲ့တဲ့ စကားအတွက် နောင်တရနေပါလိမ့်မယ်။ ထို့အပြင် သူတို့ဟာ အခြားသူတွေကို အကဲဖြတ်တာထက် မိမိကိုယ်ကို ကြမ်းတမ်းစွာ ဝေဖန်အကဲဖြတ်ကြပါတယ်။


၄။ သူများနဲ့မတူတဲ့ ခံစားချက်

ကလေးက လျစ်လျူရှုခံရတဲ့အခါ သူတို့က တခြားသူတွေနဲ့ မတူဘူးလို့ ထင်လာကြပါတယ်။ လူတိုင်းက တစ်နည်းနည်းနဲ့ မတူကြပေမယ့် ဒီကလေးတွေက သူတို့ကွာခြားတယ်ဆိုတာ ယုံကြည်ကြပါတယ်။ အဲဒါက သူတို့ကိုယ်သူတို့ မကောင်းဘူးလို့ ခံစားရစေပါတယ်။ ထိုခံစားမှုက သူတို့ရဲ့ဘဝတစ်လျှောက်လုံး ကြာရှည်စေပါတယ်။

ထူးဆန်းသောပုံစံဖြင့် ကွဲပြားနေတဲ့ သူတို့ရဲ့ခံစားချက်က စိတ်ခံစားချက် ဆက်သွယ်မှုကို ကင်းမဲစေပါတယ်။ ဒါက လက်ရှိဆက်ဆံရေးမှာ တင်းမာမှုတွေနဲ့ ကမောက်ကမတွေ ဖြစ်စေနိုင်ပါတယ်။


၅။ မကြာခဏ အပြစ်ရှိသလို ခံစားရတတ်ပါတယ်

လျစ်လျူရှုခံရတဲ့ ကလေးတိုင်းဟာ ဘဝတစ်လျှောက်လုံး အပြစ်ရှိသလို ၊ ရှက်စရာကောင်းသလို ခံစားရဖွယ်ရှိပါတယ်။ ထိုစိတ်ခံစားချက်တွေကို တွေ့ကြုံခံစားရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းမှာ ရုပ်ဝါဒကို အလေးထားတဲ့ မိဘတွေနဲ့အတူ ကြီးပြင်းလာရခြင်းကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ အပြစ်နဲ့ ရှက်ရွံ့မှုခံစားချက်တွေက အကူအညီတောင်းဖို့ မစွမ်းဆောင်နိုင်ပါဘူး။ သူတို့ကိုယ်သူတို့ ပျော့ညံ့ပုံပေါ်တယ်လို့ ခံစားရပြီး ဖြစ်တဲ့နည်းနဲ့ ဒီခံစားချက်တွေကို ရှောင်ကြပါလိမ့်မယ်။ ဒါ့အပြင် သူတို့ကို ဘယ်သူကမှ နားလည်နိုင်ခြင်းမရှိဘူးလို့ ခံစားရတာကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို ပြောဆိုကြမှာ မဟုတ်ပါဘူး။

၆။ စိတ်ခံစားချက်တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ပုံကို နားမလည်ခြင်း

လျစ်လျူရှုခြင်းရဲ့ သားကောင်ဖြစ်ခဲ့သူတွေဟာ စိတ်ခံစားချက် နဲ့ စိတ်ခံစားချက်တို့ ဘယ်လိုလုပ်ဆောင်လဲဆိုတာကို နားမလည်ကြပါဘူး။ သူတို့ရဲ့ခံစားချက်တွေကို ခွဲခြားသိမြင်တတ်ဖို့ မိဘတွေက ဘယ်တုန်းကမှ မသင်ပေးခဲ့ပါဘူး။ ဒါ့ကြောင့် ဘာလုပ်ရမှန်းမသိပါဘူး၊ အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးတာ ၊ ဒေါသထွက်တာ မကြာခဏ ခံစားရနိုင်ပြီး စိတ်တည်ငြိမ်ဖို့ ရုန်းကန်ရတတ်ပါတယ်။ဒီအတွက်ကြောင့် သူတို့ဟာ လူမှုရေးအခြေအနေတွေမှာ ပါဝင်ဖို့ ရုန်းကန်ရပါလိမ့်မယ်။ စိတ်ခံစားမှုတွေကို နားမလည်နိုင်တာကြောင့် တစ်စုံတစ်ခုက သူတို့ကို ချုပ်နှောင်ထားပုံရပြီး အတွင်းထဲမှာ ဗလာဖြစ်နေတယ်လို့ ခံစားရပါတယ်။

သူတို့ရဲ့ခံစားချက်တွေကို ချိုးနှိမ်ဖို့ သင်ယူတဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ လုံးဝနားမလည်တဲ့ လူကြီးတွေ ဖြစ်လာကြပါတယ်။ ဒါ့အပြင် ကိုယ့်အတွက်ကိုယ် နယ်နိမိတ်တွေ ဘယ်လိုသတ်မှတ်ရမယ် (သို့) အခြားသူတွေရဲ့နယ်နိမိတ်တွေကို ဘယ်လိုလေးစားရမယ်ဆိုတာ မသိကြပါဘူး။

Lifestyle_Myanmar

LM_NandarSource-powerofpositivity


#ခံစားချက်
#မိဘ
#ခံစားရ
#ပြဿနာ
#အရာ

Some text some message..