
သင့်အဝတ်ဗီဒိုလေးကို အနံ့မွှေးစေဖို့အတွက်ဆိုရင် အသုံးဝင်ပြီး လက်တွေ့ကျတဲ့ အကြံပြုချက်တစ်ချို့ကို မျှဝေလိုပါတယ်။ ဗီဒိုကိုဖွင့်လိုက်တဲ့အခါမှာ အနံ့ဆိုးတွေနဲ့ ရင်ဆိုင်ရတာလောက် အဆင်မပြေတာ မရှိတော့ပါဘူးနော်။ ပိုဆိုးတာက ဒီအနံ့အသက်ဆိုးတွေနဲ့ မနှစ်မြို့ဖွယ်ရနံ့တွေ စွဲကျန်နေခဲ့တာပါ။ အင်္ကျီမှာ အနံ့ဆိုးစွဲနေရင်လူတိုင်းက ကိုယ့်ကို အကဲဖြတ်လိမ့်မယ်လို့ ခံစားရတာကြောင့် ကိုယ့်ရဲ့စိတ်မလုံခြုံမှုပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုမဖြစ်ခင်မှာ အဝတ်ဗီဒိုထဲမှာ သိမ်းထားသမျှကို ဂရုစိုက်ဖို့ လိုအပ်တဲ့အစီအမံတွေကို လုပ်ဆောင်နိုင်ပါတယ်။

၁။ အနံ့ဆိုးတွေကို ခွဲခြားသိမြင်ပြီး ဖယ်ရှားပစ်ပါ
သင့်အဝတ်ဗီဒိုထဲမှာ အနံ့အသက်ကောင်းစေဖို့အတွက် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ပြင်ပနဲ့ ထိတွေ့မှုရှိတဲ့၊ ထိုနေရာမှာ သိမ်းဆည်းထားတဲ့ အဝတ်အစား၊ ဖိနပ်နဲ့ အခြားပစ္စည်းတွေက အနံ့ဆိုးတွေကို ထုတ်ပေးနိုင်ပါတယ်။ သင့်အဝတ်ဗီဒိုက ဘာသားနဲ့လုပ်ထားလဲဆိုတာရယ်၊ ပရိဘောဂရဲ့သက်တမ်းရယ်ကိုလည်း ထည့်စဉ်းစားရပါမယ်။ ဒီပစ္စည်းတွေက ပြဿနာရဲ့အရင်းအမြစ်ဖြစ်နိုင်ပါတယ်။
အနံ့ဆိုးတွေက နံရံတွေ၊ မှိုတတ် (သို့) စိုထိုင်းဆကနေ တိုက်ရိုက်ထွက်လာနိုင်ပါတယ်။ အနံ့ဆိုးထွက်စေတဲ့အပြင် မှိုနဲ့ စိုထိုင်းဆတွေက အဝတ်အထည်တွေနဲ့ပရိဘောဂတွေကိုတောင် ထိခိုက်စေနိုင်ပါတယ်။

၂။ အဝတ်ဗီဒိုကို အညစ်အကြေးကင်းစေဖို့ သန့်ရှင်းပါ
အဝတ်ဗီဒိုကို သန့်ရှင်းရေးလုပ်ခြင်းက အနံ့အသက်ကောင်းစေဖို့အတွက် အရေးကြီးပါတယ်။ သို့သော် သန့်ရှင်းရေးထုတ်ကုန်တွေကနေ ထွက်တဲ့ အနံ့တွေကို အဝတ်တွေဆီ မရောက်စေဖို့လည်း သေချာလုပ်ဆောင်ရပါမယ်။ ဒါ့ကြောင့် ဗီဒိုကို သန့်ရှင်းရေးလုပ်တဲ့အခါတိုင်း အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။
ပရိဘောဂတွေကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပြီး ခြောက်တဲ့အဝတ်နဲ့သုတ်ပါ။ ဘယ်အခြေအနေမျိုးမှာမဆို အရောင်ချွတ်ဆေးမသုံးပါနဲ့။ သင့်ဗီဒိုကို ပျက်စီးစေပြီး ဧရိယာတစ်ခုလုံးကို အရောင်ချွတ်ဆေးအနံ့ စွဲနေစေပါမယ်။ ဖုန်တွေကို ဖယ်ရှားပြီးရင် ဗီဒိုကို ရေအနည်းငယ်၊ မုန့်ဖုတ်ဆိုဒါနဲ့ သန့်စင်ပါ ။ အခြောက်ခံပြီးမှ ပစ္စည်းတွေ ပြန်ထည့်ပါ။

၃။ သင့်ဗီဒိုကို အနံ့အသက်ကောင်းအောင် ပြုလုပ်ပါ- အဝတ်တွေကို စနစ်တကျလျှော်ပါ
ဆပ်ပြာ (သို့) အဝတ်ပျော့ဆေးကဲ့သို့သော အချို့သောအဝတ်လျှော်ပစ္စည်းတွေက အဝတ်ပေါ်မှာ အကြွင်းအကျန်တွေ ကျန်နေခဲ့ရင်အနံ့ဆိုးများ ထွက်စေနိုင်ပါတယ်။ အနံ့တွေက စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် ဝတ်မိတဲ့အခါ အရေပြားကို ယားယံစေပါတယ်။ ဒီလိုမဖြစ်အောင် အသုံးပြုသင့်တဲ့ ပမာဏထက်မကျော်လွန်ဘဲ အဝတ်အစားပေါ်မူတည်ပြီး အသုံးပြုပါ။ အကြွင်းအကျန်တွေမကျန်အောင် စနစ်တကျ လျှော်ဖွပ်ပြီး အခြောက်ခံပါ။ ဒီလိုလုပ်ခြင်းဖြင့် အဝတ်ဗီဒိုနဲ့ အတွင်းမှာရှိတဲ့အရာအားလုံးက အနံ့မွှေးလာပါလိမ့်မယ်။

၄။ ချွေးစိုနေတဲ့ အဝတ်အစားတွေကို မသိမ်းဆည်းပါနဲ့
အဝတ်ဗီဒိုအနံကောင်းနေစေဖို့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်က ချွေးစိုနေတဲ့ အဝတ်တွေကို ပြန်ထည့်ထားတာနဲ့ ပတ်သတ်ပါတယ်။ တစ်ချို့က အပြင်က ပြန်လာပြီး ခဏပဲဝတ်တာဆိုပြီး အဝတ်အစားတွေ ပြန်ခေါက်ထည့်ထားတတ်ကြပါတယ်။ ချွေးမှာပါရှိတဲ့ ဘက်တီးရီးယားတွေက ပြိုကွဲပြီး အနံ့ဆိုးတွေကို ဖန်တီးပေးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခဏတာဝတ်ပြီး မလျှော်ချင်ရင် နေလှမ်းပေးနိုင်ပါတယ်။

၅။ သင်နှစ်သက်ရာ အမွှေးနံ့ကို အသုံးပြုပါ
အဝတ်အစားတွေနဲ့ ဗီရိုကို အထူးတလည်အနံ့တစ်ခုခုရစေလိုပါက ကိုယ်နှစ်သက်တဲ့ အနံ့ဆီ essence တစ်မျိုးကို ဗီဒိုထဲမှာထည့်ပါ။ spray-type containers bamboo sticks, tea-type bags , automatic devices တွေကနေလည်း ရွေးချယ်နိုင်ပါတယ်။ သင်ရွေးချယ်တဲ့ ကိရိယာရဲ့ အစွမ်းထက်မှုပေါ် မူတည်ပြီး သင့်အိပ်ခန်းတစ်ခွင်လုံး ရနံ့တွေ သင်းပျံ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-decortips