
ခုချိန်မှာ ထူးခြားသူတစ်ယောက်ကို သင်လွမ်းနေပါသလား? လက်တွဲဖော်ဟောင်း (သို့) အခင်ဆုံးသူငယ်ချင်းဖြစ်ပါစေ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နှလုံးသားကို နီးနီးကပ်ကပ် လွှမ်းမိုးထားသူတွေကို မကြာခဏ လွမ်းဆွတ်ကြပါတယ်။ တစ်ယောက်ယောက်က သင့်ကို လွမ်းနေရင်ကော ဘယ်လိုသိနိုင်မလဲ? ကိုယ်ကစိတ်ထင်နေတာလား? ဒါမှမဟုတ် သူတို့က သင့်ကို တကယ်လွမ်းနေတာလား?
ခွဲခွာရတော့မှ ပိုချစ်မိလာတယ်ဆိုတဲ့ ရှေးစကားပုံကို မှတ်မိလား? မရှိတော့မှ ချစ်ခင်မှုနဲ့ ရင်းနှီးမှုကို တိုးလာစေကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုတွေက တစ်စုံတစ်ယောက်ကို လွမ်းဆွတ်မိတဲ့အခါ ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံနဲ့ အမူအကျင့်ပုံစံတွေ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ အသိစိတ် (သို့) မသိစိတ်မှာဖြစ်စေ ဖိနှိပ်ချုပ်ချယ်ခံထားရတဲ့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်အတွေးတွေနဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ အချို့သော အပြုအမှုတွေနဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ပတ်သတ်ပါတယ်။ တစ်စုံတစ်ဦးက သင့်ကို တကယ်လွမ်းနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ? တစ်စုံတစ်ယောက်က သင့်ကို တကယ်လွမ်းဆွတ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာ ၈ချက်ကို အခုကြည့်လိုက်ကြရအောင်။
၁။ သူတို့က ဆိုရှယ်မီဒီယာပေါ်မှာ သင်နဲ့ friend ဖြစ်နေပါတယ်
သူက ဆိုရှယ်မီဒီယာမှာ သင့်ရဲ့ပို့စ်တွေကို လိုက်ခ်ပေး၊ အသည်းပေးနေသေးလား? သင့်နဲ့ ကွဲကွာပြီး လပိုင်း ဒါမှမဟုတ် နှစ်တွေကြာအောင် အွန်လိုင်းမှာသင့်ကို follow လုပ်ထားတုန်းလား? အဲဒီအခါမှာ သူတို့က သင့်ကို လွမ်းနေသေးတယ်ဆိုတာ ထင်ရှားတဲ့ လက္ခဏာပါပဲ။
အဲဒါကို တစ်စက္ကန့်လောက် စဉ်းစားကြည့်ပါ။ သူတို့ သင့်ကိုမုန်းရင် block ထားလောက်ပြီမဟုတ်ပါလား? ဒါမှမဟုတ် အနည်းဆုံးတော့ သင့်ကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ ဖယ်ရှားထားမှာမဟုတ်ပါလား? ဒါပေမယ့် သူတိုက သင့်ကို follow လုပ်ထားသေးတယ်ဆိုရင် သူတို့က ဆက်သွယ်မှုတစ်ချို့ကို ထိန်းသိမ်းထားချင်တယ်လို့ ဆိုလိုတာပါ။ တစ်စုံတစ်ယောက်က လမ်းခွဲပြီးနောက် အချစ်ပါတနာဟောင်းတစ်ယောက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သူငယ်ချင်းအဖြစ် ဆက်ရှိနေရင် ဒါဟာ သူတို့အတွက် မမေ့သေးဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
၂။ သူတို့က မူးလာရင် သင့်ကိုဖုန်းဆက်လေ့ရှိပါတယ်
ရည်းစားဟောင်းဆီကနေ မကြာခဏ အရက်မူးပြီး ဖုန်းခေါ်တာတွေ၊ စာပို့တာတွေကို မကြာခဏ ကြုံရပါသလား? အဲဒီအခါမှာ သူတို့က သင့်ကို လွမ်းတယ်ဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ အရက်က ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ အရက်မူးတဲ့အခါ သတိလက်လွတ်ဖြစ်ပြီး စိတ်ခံစားချက်တွေကို လွှတ်ချပစ်လိုက်ပါတယ်။
သူတို့က သင့်ကို ချစ်နေသေးတယ်လို့ မဆိုလိုပေမယ့် အရက်မူးပြီး ဖုန်းခေါ်တာက သူတို့ထိလွယ်ရှလွယ်ဆုံးအချိန်မှာ သင့်အကြောင်းတွေးနေတယ်လို့ ဆိုလိုပါတယ်။ သူတိုက သင်နဲ့ပြန်ပေါင်းစည်းဖို့ မျှော်လင့်ချက်အချို့တောင် ရှိနေနိုင်ပါတယ်။ အရက်က သူတို့ကို ဖုန်းဆက်ဖို့ သတ္တိရှိစေပါတယ်။
၃။ သူတို့က သင့်ကိုအစားမထိုးပါဘူး
သူတို့တခြားတစ်ယောက်နဲ့ ချိန်းတွေ့နေကြပြီလား? တစ်စုံတစ်ယောက်က သူတို့ရည်းစားဟောင်းနဲ့ လမ်းခွဲလိုက်တဲ့အခါ အသစ်တစ်ယောက်နဲ့ ချိန်းတွေ့ခြင်းဖြင့် သူတို့ရဲ့လွတ်လပ်မှုကို ခံစားကြပါတယ်။ သို့သော် သူတို့က single ဖြစ်နေဆဲဖြစ်ပြီး သင့်နေရာမှာ တခြားသူတစ်ယောက်နဲ့ အစားမထိုးဘူးဆိုရင် သူတို့က သင့်ကို လွမ်းဆွတ်နေပြီး ချိတ်ဆက်မှုကို ပြန်တည်ဆောက်ဖို့ မျှော်လင့်နေတယ်လို့ ဆိုလိုနိုင်ပါတယ်။ သူတို့က အတိတ်က တံတားတွေကို ရှို့ပစ်တာပဲဖြစ်ဖြစ်၊ အနာဂတ်အတွက် တံတားတွေ ဆောက်တာပဲဖြစ်ဖြစ် သင့်ကို လွမ်းလား/မလွမ်းဘူးလားဆိုတာ အများကြီး ပြောပြနိုင်ပါတယ်။

၄။ သင့်အကြောင်း ပြောနေကြတုန်းပဲ
သင့်ရဲ့ BFF ဟောင်း ဒါမှမဟုတ် သင့်ရဲ့ရည်းစားဟောင်းက သင့်အကြောင်းကို သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အပြုသဘောပြောနေတုန်းလား? သင်နဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ တစ်စုံတစ်ယောက်က စကားဝိုင်းမှာ သင့်အား ရည်ညွှန်းတုန်းပဲဆိုရင် သူတို့က သင့်အား လွမ်းဆွတ်နေတယ်လို့ ဆိုလိုပါတယ်။ လမ်းခွဲလိုက်ရုံနဲ့ အချစ်တွေအားလုံး ကုန်သွားပြီလို့ မဆိုလိုပါဘူး။ စကားလုံးတွေက လျင်မြန်စွာ ခရီးသွားလာနေကြောင်း သူတို့သိတာကြောင့် သင့်အကြောင်းပြောနေတာက သင်နဲ့ သွယ်ဝိုက်စွာ ဆက်သွယ်ဖို့ နည်းလမ်းဖြစ်ပါတယ်။
၅။ သူတို့က သင်မနာလိုဖြစ်အောင် ကြိုးစားပါတယ်
သူတို့ဘဝက ဘယ်လောက်တောင် အံ့သြဖို့ကောင်းကြောင်း ပြသတဲ့ ပို့စ်တွေကို လူမှုကွန်ယက်မှာ တင်ကြပါသလား? သူတို့ဟာ သူငယ်ချင်းအသစ်တွေနဲ့ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာကို ပြသခြင်းဖြင့် သင့်ရဲ့အာရုံစိုက်မှုကိုရဖို့ ကြိုးစားနေနိုင်ပါတယ်။ သူတို့ရဲ့ လူမှုဘဝအသစ်အကြောင်း မကြာခဏ ပို့စ်တင်ရင် အဲဒါက သင့်ဆီကို ဦးတည်သွားနိုင်ပါတယ်။
၆။ သူတို့က သင့်ရဲ့လက်တွဲဖော်အသစ်ကို ဝေဖန်ကြတယ်
သင့်ရဲ့ရည်းစားဟောင်းက သင့်လက်တွဲဖော်သစ်ကို ဘယ်တော့မှ ချီးကျူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ချစ်သူသစ်နဲ့ ပတ်သတ်ပြီး ကဲ့ရဲ့တာ၊ ရွဲ့စောင်းတာ ၊ လှောင်ပြောင်ပြောဆိုတာတွေ လုပ်နေရင် သူတို့က မနာလိုဖြစ်နေပြီး သင့်ကိုအရမ်းလွမ်းတယ်ဆိုတာ ထင်ရှားတဲ့လက္ခဏာပါ။
၇။ သူတို့က သင့်လက်ဆောင်တွေကို တန်ဖိုးထားတုန်းပါပဲ
အဲဒီနေ့တုန်းက သင်ပြန်ပေးခဲ့တဲ့ လက်ဆောင်လေးတွေနဲ့ အမှတ်တရလေးတွေ သူဆီမှာ ရှိနေဆဲလား? သူတို့ရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေမှာ သင်လက်ဆောင်ပေးခဲ့တဲ့ တီရှပ်တွေ ဝတ်ထားသလား? သင့်လက်ဆောင်တွေကို မစွန့်ပစ်သေးရင် (သို့) ပြန်ပေးဖို့ ငြင်းဆန်နေတယ်ဆိုရင် အချစ်က သူတို့နှလုံးသားထဲမှာ စွဲကျန်နေသေးတယ်လို့ ဆိုလိုပါတယ်။ ဒါက သင့်ကိုလွမ်းနေတယ်ဆိုတာ သူတို့ပြသတဲ့နည်းပါ။

၈။ သင့်ကို ပွင့်ပွင့်လင်းလင်းပြောတယ်
သူတို့စိတ်ထဲရှိနေတုန်းပဲလို့ တိုက်ရိုက်ပြောခဲ့မယ်ဆိုရင် နောက်ထပ်ဘာလက္ခဏာတွေ လိုသေးလဲ? သူတို့က ရိုးသားနေတယ်၊ သင့်ကို တကယ်လွမ်းဆွတ်နေတယ်လို့ ခံစားရရင် ပြီးတော့ သူတို့ကို ယုံကြည်ခြင်းက သင့်ရဲ့အကြီးမားဆုံးအမှားဆိုတာ ဘယ်တော့မှာဖြစ်လာမှာ မဟုတ်ပါဘူး။ လေ့လာမှုတွေအရ အချစ်ရေးပါတနာဟောင်းတွေအကြား အဆက်အသွယ်က သူတို့ရဲ့ တွယ်တာမှုအပေါ် အဓိကအားဖြင့် လွှမ်းမိုးမှုရှိကြောင်း လေ့လာမှုတွေက ဖော်ပြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ရည်းစားဟောင်းနဲ့ ပိုရင်းနှီးလေလေ သင့်ကို လွမ်းဆွတ်ပြီး သင့်အကြောင်း ပြောပြဖို့ အလားအလာများလေလေပါပဲ။
သူတို့က သင်နဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဒါမှမဟုတ် တွေ့ဆုံဖို့ တောင်းဆိုနိုင်ပါတယ်။ လမ်းခွဲပြီးနောက် ကိုယ့်ရည်းစားဟောင်းကို လွမ်းကြောင်း တစ်စုံတစ်ယောက်အား ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သတ္တိတွေ အများကြီးလိုပါတယ်။ ပြန်ချိတ်ဆက်ဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ သူတို့က သင်နှင့်အတူရှိခြင်းကို သတိရနေဦးမှာ သေချာပါတယ်။

ဒါတွေကတော့ သူတို့ သင့်ကို တကယ်လွမ်းကြောင်း သိနိုင်မယ့် နောက်ထပ်လက္ခဏာတွေပါ။
အွန်လိုင်းမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ သင့်လုပ်ရပ်တွေကို အတုယူကာ ကူးယူကြပါတယ်။
သူတို့က သင်နဲ့တွေ့ဖို့ အမြဲကြိုးစားပါတယ်။
သူတို့က သင့်စာတွေကို ချက်ချင်းတုံ့ပြန်ပါတယ်။
သူတို့နဲ့ ဆက်ဆံတဲ့အခါတိုင်း သင့်ကို ချီးကျူးပေးပါတယ်။
သင်မမျှော်လင့်ဘဲ ဖုန်းခေါ်တာမျိုး (သို့) လာရောက်လည်ပတ်တာမျိုးဆိုရင် သူတို့ စိတ်လှုပ်ရှားတာ (သို့) ပျော်ရွှင်တာဖြစ်လာပါတယ်။
သူတို့က သင်နဲ့ပတ်သက်တဲ့ အသေးစိတ်တိုင်းကို မှတ်မိနေပါသေးတယ်။
လူမှုရေးပွဲတွေမှာ ဆုံမိရင် သင့်ကို အာရုံစိုက်နေတတ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-themindsjournal