ကောင်လေးဆီက နှင်းဆီပန်းအဖြူရောင်တွေ လက်ဆောင်ရတဲ့အခါ အဓိပ္ပာယ်က?
lifestylemyanmar.com
|
2022-02-21

အမျိုးသမီး အများစုက ပန်းတွေကို နှစ်သက်ကြပြီး နှင်းဆီပန်း အနီရောင်ကို လက်ဆောင်အဖြစ် လက်ခံရရှိကြတာ များပါတယ်။ နှင်းဆီအဖြူရောင် ကို သဘောကျ နှစ်သက်ကျပေမယ့် တကယ်တမ်းတော့ ရတာနည်းပါတယ်။ နှင်းဆီအဖြူရောင်က ဆက်ဆံရေး တစ်ခုအတွက် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ အများကြီး ရှိပါတယ်။ သူတို့က အလှတရားရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ နှင်းဆီပန်း အဖြူရောင်က ဘာအဓိပ္ပါယ်ရှိမလဲ?


နှင်းဆီမှာ အရောင်များစွာရှိပြီး အဓိပ္ပါယ်ကလည်း အမျိုးမျိုးရှိတာကြောင့် မတူကွဲပြားတဲ့ အဓိပ္ပါယ်တွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒီပန်းအရောင်တွေကို အချိန်အခါတိုင်းအတွက် သင့်လျော်တာတွေကို အမြဲရွေးချယ်ဖို့ လိုပါတယ်။အချစ်ရေးမှာ နှင်းဆီဖြူရဲ့ အဓိပ္ပါယ်က အတိအကျကို နက်နက်နဲနဲ တူးဆွပြီး မဆွေးနွေးခင်မှာ မင်းက ကံကောင်းတယ် မိန်းကလေးပဲ ဖြစ်ပါတယ်။ မင်းချစ်ရတဲ့သူဆီက နှင်းဆီပန်းတွေကို လက်ခံရရှိတာက မင်းနှစ်သက်မယ့် ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုပါပဲ။


• သူက သင့်ကို နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်လို့ မြင်ပါတယ်။ အမျိုးသားတွေက များသောအားဖြင့် နူးညံ့သိမ်မွေ့သော၊ ကြင်နာမှုနှင့် အပြစ်ကင်းတဲ့ အမျိုးသမီးတွေကို ရှာဖွေကြပါတယ်။ သင့်ရဲ့ လက်တွဲဖော်က နှင်းဆီအဖြူရောင် ဝယ်ပေးခဲ့ရင် မင်းဟာ သူ့ရဲ့ချိုမြိန်ပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးလို့ သူသတ်မှတ်ထားတာ အသေအေချာပါပဲ။


• နက်နဲသောအချစ်နဲ့ ချစ်တဲ့အတွက် အချစ်ကို အရှုံးပေးမှာ မဟုတ်ပါဘူး။ နှင်းဆီအဖြူက မင်းဘယ်တော့မှ အရှုံးမပေးဘဲ ချစ်ခြင်းတစ်မျိုးကို ကိုယ်စားပြုပါတယ်။ ချစ်သူမဖြစ်ခင်မှာ သင်ဟာ သူ့ရဲ့အချစ်ဆုံး သူငယ်ချင်း ဖြစ်ခဲ့မယ်ဆိုရင် အဲဒါက အချစ်ရေးကို ပိုခိုင်မြဲစေမယ့် အရေးကြီးတဲ့ အရာတစ်ခုပါ။ သူက သင့်အပေါ် အပြည့်အဝ ကတိသစ္စာရှိပြီး သင့်အတွက် အရာအားလုံးကို ကျော်ဖြတ်နိုင်မယ့်သူပဲ ဖြစ်ပါတယ်။


၁။ သင်ကသူ့အတွက် သက်တောင့်သက်သာ ရပ်ဝန်း ဖြစ်တယ်

သင့်ကောင်လေးနဲ့ မချိန်းတွေ့ရသေးခင် နှင်းဆီအဖြူကို လက်ဆောင်ပေးခံရပြီဆိုရင် သူနဲ့ စတင်ချိန်းတွေ့ဖို့ လုပ်ပါတော့။ သူကသင့်ကို စိတ်ဝင်စားမှု၊ ချစ်ခင်မှု နှင့် ဂရုပြုမှုတို့ကို နှင်းဆီပန်းကနေ တစ်ဆင့် ပြသနေတာပဲ ဖြစ်ပါတယ်။ လူတွေက အသစ်တစ်ခုကို စတင်တော့မယ်ဆိုရင် အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ မလုံခြုံမှုကို သယ်ဆောင်လာနိုင်ပါတယ်။ သင်နဲ့ အတူရှိတဲ့အချိန်တိုင်း သူ့အတွက်သက်တောင့်သက်သာနဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကိုပေးစွမ်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


၂။ နှင်းဆီအဖြူက မင်းနဲ့လိုက်ဖက်တယ်လို့ သူထင်တယ်

မင်းကို ချစ်ဖို့ကောင်းတဲ့ နှင်းဆီပန်းဖြူတွေ လက်ဆောင်ပေးတာက မင်းနဲ့လိုက်ဖက်တယ်လို့ သူထင်လို့ပြဖြစ်မှာပါ။ နှင်းဆီဖြူတစ်ပွင့် ပေးတဲ့အခါ နှင်းဆီဖြူရဲ့ အဓိပ္ပါယ်က ရှင်းပါတယ်။ အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းတဲ့ ချစ်ခြင်းမေတ္တာနှင့် ကျက်သရေရှိတဲ့ အံ့သြစရာကောင်းတဲ့ အမျိုးသမီးအဖြစ် သတ်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။


၃။ သူက မင်းကို သဘောကျတယ်

သူက မင်းရဲ့လူမဖြစ်ချင်ရင် မင်းအတွက် ပန်းတွေကို ဘယ်တော့မှ ဝယ်မှာမဟုတ်ဘူး။ ယောက်ျားလေးတွေက မိန်းကလေးတိုင်း အတွက်တင်မဟုတ်ဘဲ အချစ်စစ်အတွက် ပန်းတွေဝယ်ကြပါတယ်။ ပန်းတွေရှိတဲ့နေရာဟာ အချစ်ရှိတဲ့နေရာပါ။ ဆက်ဆံရေးတစ်ခုမှာ ပန်းတွေ ပါလာပြီဆိုရင် တွေးခေါ်မှု က အရမ်း မြင့်မားပြီး သူ မင်းအကြောင်း တော်တော် တွေးနေ တာပဲ ဖြစ်ပါတယ် ။


၄။ သင့်တစ်နေ့တာကို ပိုကောင်းစေချင်တယ်

အမျိုးသားများသည် နှစ်ပတ်လည် နေ့တွေမှာပဲ ပန်းတွေကို ဝယ်ကြတာ မဟုတ်ပါဘူး။ သူက မင်းရဲ့နေ့ရက်တိုင်းကို လှပတဲ့အဓိပ္ပါယ် ရှိစေဖို့ ဝယ်တဲ့ပန်းတွေကတော့ မတူနိုင်ပါဘူး။ ဒါပေမယ့်ပန်းပွင့်တိုင်းကတော့ နှင်းဆီပန်းပဲဖြစ်ဖြစ် အခြားပန်းတွေပဲဖြစ်ဖြစ်၊ မင်းရဲ့ချစ်သူက မင်းရဲ့တစ်နေ့တာကို ပိုကောင်းစေချင်လို့ ဝယ်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းကိုပျော်စေချင်တဲ့ စိတ်တစ်ခုနဲ့ပဲ ဝယ်ခဲ့မှာ သေချာပါတယ်။

Lifestyle_Myanmar

Nadi

ref-herway


#အချစ်ရေး
#အမျိုးသမီး
#မိန်းကလေး
#လက်ဆောင်
#အဖြူရောင်

Some text some message..