ကောင်မလေးရဲ့ နှလုံးသားကို ထိမိစေမယ့် ချစ်စရာကောင်းသော ချီးကျူးစကား (၇)ခု
lifestylemyanmar.com
|
2022-02-22

စစ်မှန်တဲ့ ချီးကျူးစကားလောက် တစ်နေ့တာကို တောက်ပစေမယ့်အရာ မရှိတော့ပါဘူး။ ကျွန်တော်တို့အားလုံးက ကိုယ့်လက်တွဲဖော်တွေကို ချစ်ခင်မြတ်နိုးပြီး သူတို့ကို ပြောပြတာက ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပေမယ့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါဘူး။

ကောင်မလေးအတွက် ချစ်စရာကောင်းတဲ့ ချီးကျူးစကားတွေကို သင်စဉ်းစားပြီးပြီလား? “ချစ်တယ်”၊ “လွမ်းတယ်”ဆိုတဲ့စကားက တော်တော်လေး ဟောင်းနေပါပြီ။ မိန်းကလေးတစ်ယောက်ကို ချီးမွမ်းဖို့ ၊ သူက သင့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိကြောင်း ပြောပြဖို့ ပိုပျော်စရာကောင်းပြီး ထိထိမိမိဖြစ်စေမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် ပုံမှန်စကားလုံးတွေဖြစ်တဲ့ ” ငါ မင်းကိုလွမ်းတယ်” နဲ့ “ငါမင်းကိုချစ်တယ်” ဆိုတာထက် ကျော်လွန်ပြီး ချစ်ခင်မှုကို ဖော်ပြနိုင်တဲ့ နည်းလမ်း ၇ခုကို မျှဝေပေးချင်ပါတယ်။ သူမရဲ့နှလုံးသားကို ထိမိစေပြီး ချစ်စရာကောင်းတဲ့ မင်းသားလေးဖြစ်အောင် ပြောင်းလဲပေးမယ့် ချီးကျူးမှု၇ခုပါ။

၁။ မင်းအကြောင်းတွေးနေတာကို ငါမရပ်နိုင်ဘူး

ဝေးကွာနေတဲ့ သင့်ပါတနာနဲ့ စကားပြောတဲ့အခါ သင်လုပ်နိုင်တဲ့ အရာတစ်ခုကတော့ ရှုံးနိမ့်မှုကို ရင်ဆိုင်ပြီး ” ဟုတ်ပြီ၊ ငါဝန်ခံတယ်၊ မင်းအကြောင်း အများကြီးတွေးတာကို ငါမရပ်တန့်နိုင်ဘူး”လို့ပြောလိုက်ပါ။

ဒါက သူမအပေါ် သင်ရဲ့ချစ်ခင်မှုကို ဖော်ပြမယ့် တစ်နာရီကြာ စကားဝိုင်းမှာ တစ်ခုတည်းသော အခိုက်အတန့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်သူ့ကို ဘယ်လောက်လွမ်းနေတယ်ဆိုတာ သိစေဖို့အတွက် ချစ်စရာကောင်းပြီး ချိုမြိန်တဲ့နည်းလမ်းဖြစ်လို့ သူမအနေနဲ့ ဒီထက်ပိုပြီး မလိုအပ်တော့ပါဘူး။

သင်သူ့ကို ချစ်တယ် ဒါမှမဟုတ် တစ်နေ့ ၅ခါလောက်လွမ်းတယ်ဆိုတာ ပြောဖို့မလိုပါဘူး။ ဥပမာ” မင်း ငါ့ကို ဘယ်လိုပြုစားထားတာလဲ၊ မင်းအကြောင်း မတွေးဘဲ မနေနိုင်တော့ဘူး” ဆိုတဲ့ ဒီစာကြောင်းလေးတစ်ခုနဲ့တင် လုံလောက်ပါတယ်။


၂။ မင်းက ငါ့ကိုတော်တော်လေး ရင်ဖိုစေတယ်

ချစ်သူကောင်မလေးအား သူမရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း နွေးထွေးတဲ့အသံနဲ့ ” မင်းကအရမ်းရင်ခုန်စရာကောင်းတယ်လို့” လို့ပြောလိုက်ပါ။ သူမရဖူးသမျှထဲမှာ အကောင်းဆုံးချီးကျူးမှုတစ်ခု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ” ဘယ်အချိန်” , “ဘာကြောင့်လဲ” ဆိုတာ ထည့်ပြောပြနိုင်ရင် သူမကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေမှာပါ။

“မင်း ငါ့ကို အဲ့လိုကြည့်ရင် ငါအရမ်းရင်ခုန်တယ်” ဒါမှမဟုတ် ” မင်းအခုဝတ်ထားတဲ့ ဆက်စီဝတ်စုံနဲ့ မင်းက အရမ်းရင်ဖိုစရာကောင်းတယ်” ဆိုတာမျိုး ပြောလို့ရပါတယ်။

၃။ မင်းက ငါ့ကိုယောကျ်ားတစ်ယောက်လို ခံစားရစေတယ်

ယောကျ်ားတစ်ယောက်လို သင်ခံစားရကြောင်း သူမကို ပြောပြခြင်းဖြင့် သင်ဟာ သူမရဲ့ မိန်းမပီသမှုကို အသိအမှတ်ပြုပြီး သင့်ရဲ့အမျိုးသမီးဖြစ်ခြင်းက ကောင်းတဲ့အလုပ်ကို သူမလုပ်နေတာလို့ ခံစားမိစေပါတယ်။ ” မင်းက ငါ့ကို မိန်းမတစ်ယောက်လို ခံစားရစေတယ်” ဆိုပြီး သူမဆီကနေ ကြားချင်မယ်လို့ ထင်ပါတယ်။ သူမလည်း ဒီလိုပါပဲ။


၄။ (ငါ့ဘဝမှာ မင်းရှိနေလို့ ) ငါ ဘယ်လောက် ကံကောင်းလိုက်သလဲ?

သင့်အချစ်ဆုံးလူဆီက ဒီလိုကြားရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ သင်တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ သူမက သင့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိကြောင်း အသိအမှတ်ပြုဖို့နဲ့ သူမအား အထူးတလည် ခံစားရစေဖို့အတွက် အလွန်လှပတဲ့ နည်းလမ်းဖြစ်ပါတယ်။

သူမ မင်းအတွက် ကောင်းတာလုပ်တိုင်း ” ဝိုး ငါဘယ်လောက်ကံကောင်းလိုက်သလဲ? ဆိုတဲ့စကားကို မကြာခဏ အသုံးပြုပါ။ သူမအား ချစ်မြတ်နိုးတန်ဖိုးထားမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီအတွက် မင်းကိုချစ်ပါလိမ့်မယ်။


၅။ မင်းက ချစ်စရာကောင်းတယ်

ဒါက မိန်းမတစ်ယောက်အတွက် အချိုသာဆုံး ချီးကျူးမှုတစ်ခု မဟုတ်ပါလား? ကျွန်တော်ထင်ပါတယ်။ ပြီးတော့ သင့်ကောင်မလေးလည်း ဒီလိုပဲထင်ပါလိမ့်မယ်။ ဒါ့ကြောင့် အသုံးပြုဖို့ မရှက်ပါနဲ့။ သူ့မျက်နှာမှာ ရှက်ပြုံးလေး ပြုံးပြနေချိန် (ဒါမှမဟုတ်) သင့်အတွက် ချစ်စရာတစ်ခုခု ပြင်ဆင်ထားတဲ့အခါ ဒါမှမဟုတ် သူ့ပုံပန်းသဏ္ဍာန်ကို စဉ်းစားမိတဲ့အခါ သင့်လျော်သလို အသုံးပြုပါ။ ” မင်းက ချစ်စရာကောင်းလိုက်တာ” ဆိုတဲ့ချီးကျူးစကားဖြင့် သူမကို မင်းသမီးလေးလို ခံစားစေပါ။

၆။ မင်းထက် ဘယ်သူမှငါ့ကို ပျော်ရွှင်အောင် လုပ်မပေးနိုင်ဘူး

ဒီချီးကျူးမှုဖြင့် သင်ဟာ သူမအား ယခင်ရည်းစားတွေနဲ့ နှိုင်းယှဉ်ပြီး သူတို့ထက်သာတယ်ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်က ပြိုင်ဆိုင်မှု အရမ်းများတာကြောင့် သူမက သင့်အတွက် အကောင်းဆုံး အမျိုးသမီးဖြစ်တယ်လို့ ပြောလိုက်ရင် ဒါဟာ ကြီးမားတဲ့ ချီးကျူးမှုတစ်ခုပါပဲ။


၇။ အဲ့လောက်ချစ်စရာကောင်းအောင် မလုပ်ပြပါနဲ့ကွာ

နောက်ဆုံးအနေနဲ့ ဒါက သူမကို တချိန်တည်းမှာ ကျီစယ်ပြီး ချီးကျူးဖို့ အကြိုက်ဆုံးနည်းလမ်းတွေထဲမှ တစ်ခုပါ။ ဒါက သာမာန် စကားပြောဆိုမှုတစ်ခုမှာ ချစ်ခင်ကြင်နာမှုအချို့ကို သူ့အလိုလို ပေါင်းထည့်တဲ့ ပျော်စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ချီးကျူးစကားကို မကြိုက်တဲ့သူဆိုတာ မရှိပါဘူး။ ဒီတော့ သင့်ကောင်မလေးကို ဒီအံ့သြဖွယ် ချီးကျူးစကားလေးတွေ ပြောပေးပါ။ ကောင်မလေးကို အချစ်ခံရတယ်လို့ ခံစားစေပါ။ အဲဒီအတွက် သူမ မင်းကို ချစ်ပါလိမ့်မယ်။ ဒါပေမယ့် အလွန်အကျွံတော့ မပြောပါနဲ့။ အချစ်ဆိုတာ အစားအသောက်လိုပါပဲ။ အလွန်အကျွံကျွေးရင် ဗိုက်နာလာပါမယ်။ သူမကို ချစ်ခင်မှု လွန်ကဲစွာ သွန်းလောင်းပေးရင် ပေါ့ပေါ့တန်တန် ခံယူသွားပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-themindsjournal.


#ချစ်စရာ
#ကောင်မလေး
#ခံစားရ
#အရာ
#လောက

Some text some message..