
ဘဝမှာ သူငယ်ချင်းကောင်းတွေနဲ့ အကွဲအပြဲမရှိတဲ့ ခင်မင်ရင်းနှီးမှုတွေရှိခြင်းဟာ တကယ့်မင်္ဂလာတစ်ပါးဖြစ်ပြီး ဒါဟာ လူအတော်များများ မကြုံတွေ့ရလောက်တဲ့ ကံကောင်းမှုတစ်ခုပါ။ အခြားဆက်ဆံရေးတိုင်းလိုပဲ ခိုင်မာတဲ့ ခင်မင်ရင်းနှီးမှုရှိဖို့၊ ထိန်းသိမ်းဖို့မှာလည်း ကြိုးစားအားထုတ်မှု၊ ရိုးသားမှုနဲ့ အရေးအကြီးဆုံးက အချို့သော စည်းမျဉ်းတွေ လိုအပ်ပါတယ်။
မပြိုကွဲနိုင်တဲ့ ခင်မင်ရင်းနှီးမှုမျိုးတွေက မိသားစုလို ခံစားရစေပြီး ဒီသူငယ်ချင်းတွေက သင့်အကြောင်းထာဝရသိနေသလို ခံစားရစေပါတယ်။ သင့်ဘဝမှာ ဒီလိုခင်မင်ရင်းနှီးမှုမျိုးရှိဖို့ဆိုရင် responsibility အများကြီးလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆက်ဆံရေးမှာ လေးစားမှုနဲ့ ကြိုးစားအားထုတ်မှုမပေးရင် ကုန်ဆုံးဖို့ အချိန်တစ်ခုသာ ကြာမြင့်မှာဖြစ်ပြီး သင့်ဘဝမှာ နာကျင်စရာဟာကွက်တွေ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ခိုင်မာပြီး မပြိုကွဲနိုင်တဲ့ ခင်မင်ရင်းနှီးမှုတိုင်းက အပြန်အလှန်လေးစားမှု၊ ရိုးသားမှုနဲ့ ယုံကြည်မှုကဲ့သို့သော တူညီတဲ့ တန်ဖိုး အနည်း၊ အများပေါ် အခြေခံထားပါတယ်။ စိန်ခေါ်မှု အခြေအနေမျိုးမရှိကြောင်း သေချာနိုင်တဲ့ နောက်ထပ်စည်းမျဉ်းတွေ ရှိပါသေးတယ်။
၁။ အေးအတူ ပူအမျှ အချင်းချင်း support လုပ်ပေးပါ
ဘဝမှာ ဘာအခက်အခဲတွေပဲရှိရှိ အရာရာတိုင်းကို ဖြတ်ကျော်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းရပ်တည်ပါ။ တခြားသူကို တစ်ယောက်တည်း ဖြတ်သန်းခွင့်မပြုပါနဲ့။ သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းက အလုပ်မှာ သူ့ရဲ့ ပထမဆုံး presentation လုပ်ဖို့ကို စိတ်ပူနေတယ်ဆိုရင် သူတို့ကို တစ်ချိန်လုံး လှုံ့ဆော်ပေးပါ။ သင်နေမကောင်းဖြစ်ပြီး တုပ်ကွေးဖြစ်ပါက သင့်အတွက် ကြက်စွပ်ပြုတ်ပူပူကို အိမ်တံခါးဝမှာ ပထမဆုံး ယူလာပေးမယ့်သူ ဖြစ်ပါလိမ့်မယ်။
စစ်မှန်တဲ့ သူငယ်ချင်းတွေက ဘာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် အမြဲအားပေးနေပြီး အကောင်းဆုံးအပိုင်းကတော့ အဲဒါကို တောင်းဆိုနေဖို့တောင် မလိုအပ်တာပါ။ သင့်ဘဝရဲ့ အလိုအပ်ဆုံးအချိန်တိုင်းမှာ သူတို့ရှိနေမှာပါ။

၂။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ အကဲမဖြတ်ပါနဲ့
လူတိုင်းက တစ်ချိန်ချိန် ဘဝမှာ မေးခွန်းထုတ်စရာ ရွေးချယ်မှုတွေနဲ့ အမှားတွေကို ပြုလုပ်မိကြပါတယ်။ လူအများစုက judge လုပ်နိုင်ပေမယ့် သင့်ရဲ့ အကောင်းဆုံးသူငယ်ချင်းကတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ သင်ဘာကြောင့် အမှားလုပ်ခဲ့သလဲဆိုတာ သူတို့နားလည်အောင် ကြိုးစားပြီး တူညီတဲ့အမှားကို ထပ်မလုပ်မိအောင် တားဆီးပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဘယ်တော့မှ မလုပ်ရမယ့်အရာက သင့်ကို အကြောင်းအရာမယ်မယ်ရရမရှိဘဲ အကဲဖြတ်တာပါ။
အခင်ဆုံးသူငယ်ချင်းတွေအဖြစ် သင်ဟာ ဘဝမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချခြင်းကနေ တစ်ယောက်ကိုတစ်ယောက် ရပ်တန့်သွားနိုင် (သို့) စိတ်ပျက်အောင် လုပ်မိနိုင်ပေမယ့် တစ်ဖက်လူကို သူတို့ရဲ့ လုပ်ရပ်အတွက် အရှက်ကွဲအောင် မလုပ်ရပါဘူး။ လူတိုင်းက perfect မဖြစ်ဘူးဆိုတာ သိထားရင် တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာ ဆက်ဆံဖို့ ဘယ်တော့မှ မပျက်ကွက်ပါဘူး။

၃။ တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားဘဲ သူတို့ပုံစံအတိုင်း လက်ခံပါ
မပြိုကွဲနို်ငတဲ့ ခင်မင်ရင်းနှီးမှုမျိုးရဲ့ အခိုင်မာဆုံးသော မဏ္ဍိုင်တစ်ခုမှာ အပြန်အလှန်လက်ခံခြင်းပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ သူငယ်ချင်းအစစ်က သင်ဘယ်သူလဲဆိုတာကို ပြောင်းလဲဖို့ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ပါဘူး။ ဒါမှ သူတို့ကိုယ်သူတို့ ခံစားမှုကောင်းစေနိုင်မှာပါ။ သင်တို့နှစ်ယောက်ကြားက မတူညီမှုတွေကို လက်ခံပြီး လေးစားကြရမှာဖြစ်ပါတယ်။
၄။ တစ်ယောက်နဲ့တစ်ယောက် အမှန်အတိုင်း ပြောပါ
ခိုင်မာတဲ့ခင်မင်ရင်းနှီးမှုမျိုးတွေက ရိုးသားမှုနဲ့ ယုံကြည်မှုပေါ် အခြေခံပါတယ်။ ဒီလိုမှမဟုတ်ရင် ဒါကို စစ်မှန်တဲ့ friendship လို့ မခေါ်နိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိမ်ညာဖို့ မလိုအပ်ဘူးလို့ ခံစားရတဲ့အခါ သင့်မှာ မပြိုကွဲနိုင်တဲ့ friendship ရှိတယ်ဆိုတာ သိလာပါမယ်။ ကိုယ့်စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ် သင်ဟာ သူတို့ကြိမ်းမောင်းပြစ်တင်မှာကို မကြောက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလို့ရနိုင်ပါတယ်။ အမှန်အတိုင်းပြောတယ်ဆိုရာမှာ အခွင့်အရေးရတိုင်း အချင်းချင်း ဒေါက်ဖြုတ်ပြီး စော်ကားရမယ်လို့ မဆိုလိုပါဘူး။ သတင်းဆိုးတစ်ခုရှိရင် ရိုးသားမှုအပြည့်နဲ့ ပြောပြဖို့ သူငယ်ချင်းကောင်းကို အားကိုးနိုင်တယ်လို့ ဆိုလိုပါတယ်။ အမှားလုပ်မိခါနီးရင် သင့်အားအမှန်အတိုင်းပြောပြဖို့နဲ့ သင်လုပ်မယ့်အရာကို ဘာကြောင့် မလုပ်သင့်ကြောင်းပြောဖို့ သူတို့ပေါ်မှာ အားကိုးနိုင်ပါတယ်။

၅။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် အမြဲကာကွယ်ပေးပါ
မပြိုကွဲနိုင်တဲ့ ခင်မင်ရင်းနှီးမှုရှိခြင်းရဲ့ အကောင်းဆုံးအချက်တွေထဲမှ တစ်ခုက ပံ့ပိုးမှုအတွက် သူတို့အပေါ်အမြဲအားကိုးနေနိုင်ခြင်းပါ။ သူတို့က သင့်နောက်ကျောမှာ အမြဲတမ်းရှိနေပါလိမ့်မယ်။ ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာပါစေ။ သူတို့က သင့်ကို ကာကွယ်ဖို့ အမြဲရှိနေမှာပါ။ သူတို့က သင့်အား ဘယ်သူမှ ဆိုးဆိုးရွားရွားဆက်ဆံခွင့်ပေးမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက် သင့်ကိုနာကျင်အောင် လုပ်ဖို့ကြိုးစားခဲ့ရင် သင့်ကိုကာကွယ်ဖို့ သူတို့ရှိနေမှာပါ။ အချင်းချင်း သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် အချိန်တန်လာရင်တော့ သူတို့က သင့်ကို အမြဲတမ်း ပံ့ပိုးပေးပြီး အန္တရာယ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။
၆။ တစ်ယောက်နဲ့တစ်ယောက် အတွင်းသိအစင်းသိတွေ ဖြစ်ကြပါတယ်
ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိတာက သဘာဝကျပါတယ်။ သူငယ်ချင်းက ရှင်းရှင်းလင်းလင်း မပြောပြရင်တောင်မှ သင့်သူငယ်ချင်း ဘာတွေလိုအပ်တယ်ဆိုတာကို သင်အမြဲသိပါတယ်။ သူတို့ရဲ့ မျက်နှာအမူအရာ၊ ကိုယ်ဟန်အမူအယာနဲ့ အပြုအမှုတွေကို လေ့လာကြည့်ရုံနဲ့ သူတို့ ဘယ်လိုခံစားချက်တွေရှိတယ်၊ သူတို့ဘာလိုအပ်တယ်ဆိုတာကို သင်နားလည်နိုင်ပါတယ်။
သူတို့ဝမ်းနည်းတဲ့အခါ ဘယ်လိုအားပေးရမယ်ဆိုတာ အတိအကျသိပါတယ်။ ဒေါသဖြစ်တဲ့အခါ သူတို့ကို စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိပါတယ်။ တစ်ဖက်လူကို ပိုပျော်ရွှင်စေဖို့အတွက် ဘာလုပ်ရမယ်ဆိုတာ နှစ်ယောက်စလုံးသိပြီး ဒါက မပြိုကွဲနိုင်တဲ့ ခင်မင်ရင်းနှီးမှုကို သင်တည်ဆောက်နေတဲ့ပုံပါပဲ။

၇။ အတူတူ အချိန်အများကြီး ကုန်ဆုံးဖို့ အမြဲတမ်း မပျက်မကွက်လုပ်ပါ
မပြိုကွဲနိုင်တဲ့ ခင်မင်ရင်းနှီးမှုရရှိဖို့ အရေးကြီးဆုံး စည်းမျဉ်းတွေထဲမှ တစ်ခုက တစ်ဦးနဲ့တစ်ဦး အချိန်များစွာ ကုန်ဆုံးခြင်းပဲ ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် ညစာအတူတူ စားတာမျိုး (သို့) pajama party လုပ်တာမျိုးက ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းရာမှာ ခရီးရောက်နိုင်ပါတယ်။
အနေဝေးတဲ့ ခင်မင်ရင်းနှီးမှုမျိုး ရှိပါက တစ်ယောက်နဲ့တစ်ယောက် ဗီဒီယိုကော မကြာခဏ ခေါ်ပြီး တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် တွေ့တာမျိုးက ကောင်းမွန်တဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရည်အသွေးကောင်းမွန်တဲ့ အချိန်တွေကို ဖြုန်းခြင်းက ခိုင်မာတဲ့ ခင်မင်မှုရရှိဖို့ သင်လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအချက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-themindsjournal