အရွယ်ရောက်ပြီးသူတွေဖြစ်လေ့ရှိသော Autism နှင့် အဖြစ်များသော Autism လက္ခဏာများ
lifestylemyanmar.com
|
2022-02-23

အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်လေ့ရှိသော (Autistic) လက္ခဏာများက ဘာတွေဖြစ်မလဲဆိုတာ မသိသေးခင်မှာ အော်တစ်ဇင်ဆိုတာ ဘာလဲဆိုတာကို အရင်သိဖို့လိုပါတယ်။ Autism ဆိုတာ Autism spectrum disorder ဖြစ်ပြီ လူမှုပေါင်းသင်းဆက်ဆံရေး၊ စကားပြောဆိုဆက်သွယ်မှုပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေသော ရှုတ်ထွေးတဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေး ချို့တဲ့မှုနှင့် ကန့်သတ်ထားသာ အကျိုးစီးပွား၊ အပြုအမူတွေကို ထပ်တလဲလဲပြုလုပ်ခြင်း လို့ ၂၀၂၀ ခုနှစ်ရဲ့ လေ့လာမှုတစ်ခုက ရှင်းပြပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ Autism လက္ခဏာတွေက ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေနဲ့ လူမှုရေးအရ လုပ်ဆောင်နိုင်စွမ်းကို ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်။ ထပ်ခါတလဲလဲ အပြုအမူများ၊ အရာတွေအပေါ် အစွဲလမ်းကြီးခြင်းနှင့် လူအချင်းချင်းစိန်ခေါ်မှု ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို တွေ့ကြုံရနိုင်ပါတယ်။ အော်တစ်ဇင်စိတ်လက္ခဏာတွေကို အစောပိုင်းကတည်းက ရှာဖွေတွေ့ရှိခြင်းက ထိရောက်သောကုသနည်းတွေကို စောစောလုပ်နိုင်ပါလိမ့်မယ်။ အရွယ်ရောက်ပြီးသူတွေမှာဖြစ်လေ့ရှိသော အော်တစ်ဇင်လက္ခဏာတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။


၁။ အာရုံခံလှုံ့ဆော်မှုတွေက ပုံမှန်မဟုတ်သော တုံ့ပြန်မှုတွေကို ထုတ်လွှင့်ပါလိမ့်မယ်

လူတွေက အထိအတွေ့၊ မြင်ကွင်းတွေ၊ အသံတွေ၊ အရသာတွေနဲ့ အနံ့တွေအပေါ်မှာ လွန်လွန်ကြူးကြူးတုံ့ပြန်မျိုး (သို့) လုံးဝမတုံ့ပြန်တာမျိုးဖြစ်တတ်ပါတယ်။ ASD ဖြစ်နေတဲ့ အရွယ်ရောက်ပြီးသူတွေမှာ အာရုံခံပစ္စည်းတွေအပေါ်မှာ hypo- (သို့) hypersensitivity ဆိုတဲ့ အခြေအနေတစ်ခုရှိနိုင်ပါတယ်။

၂။ အပြောင်းအလဲတွေအပေါ် လက်ခံနိုင်စွမ်းမရှိခြင်း

ASD ရှိတဲ့ အရွယ်ရောက်ပြီးသူတွေက သူတို့ရဲ့ ပတ်ဝန်းကျင်၊ အချစ်ရေး (သို့) ဘဝမှာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒေါသအလွန်ကြီးခြင်း (သို့) ဝမ်းနည်းခြင်းတွေဖြစ်လာပါတယ်။

၃။ ပုံမှန်မဟုတ်သော စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာခြင်း


အရွယ်ရောက်ပြီးသူတွေဖြစ်လေ့ရှိသော အော်တစ်ဇင်လက္ခဏာတွေထဲက အထင်ရှားဆုံးအရာက အလုပ်နဲ့ မသက်ဆိုင်ဘဲ တစ်ခြားလုပ်ငန်းဆောင်တာတွေမှာ ထူးထူးခြားခြားထူးချွန်လာတာမျိုးတွေဖြစ်တတ်ပါတယ်။

၄။ အထင်ကြီးလောက်စရာ အမြင်ပိုင်းဆိုင်ရာ အလုပ်လုပ်နိုင်စွမ်း စွမ်းရည်

အရွယ်ရောက်ပြီးသူတွေမှာ အော်တစ်ဇင်လက္ခဏာရှိသူတွေက အကြားအာရုံလုပ်ဆောင်နိုင်စွမ်းနည်းပါးခြင်းကြောင့် အမြင်အာရုံမှာ အားကောင်းသူတွေဖြစ်လာကြပါတယ်။

အရွယ်ရောက်ပြီး အော်တစ်ဇင်ဖြစ်နေသူတွေမှာ တွေ့ရလေ့ရှိသော လက္ခဏာတွေကို စာရင်းပြုစုထားပါတယ်။


စကားဝိုင်းတွေမှာ ပြောပြီးသားစကားကို အကြိမ်ကြိမ်ပြောခြင်းနှင့် စကားလုံးတွေကို မထိန်းချုပ်နိုင်ခြင်း

မျက်လုံးချင်း ဆုံခြင်း (သို့) မျက်လုံးချင်းဆက်သွယ်ရာမှာ အခက်အခဲရှိခြင်း

နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေနဲ့ အလေ့အထတွေအပေါ် ခိုင်ခိုင်မာမာ မှီခိုခြင်း

ပေါင်းသင်းဆက်ဆံရေးနှင့် ခင်မင်ရင်းနှီးမှုတစ်ခု တစ်ခုတည်ဆောက်ဖို့ ခက်ခဲခြင်း ၊ ဆက်ဆံရေးတစ်ခုကို ရေရှည်မထိန်းထားနိုင်ခြင်း

ဟာသတွေ၊ အသုံးအနှုန်းတွေ (သို့) စောင်းမြောင်းပြောဆိုသော စကားလုံးများကို နားမလည်ခြင်း

အပြောင်းအလဲကို လက်မခံနိုင်ခြင်း(သို့) လက်ခံရန် အခက်အခဲရှိခြင်း

သင်္ချာလိုမျိုး သီးခြားနယ်ပယ်မှာ ကျွမ်းကျင်ခြင်း။

အော်တစ်ဇင်လူကြီးတွေ ဘယ်လိုပြုမူနေထိုင်ကြသလဲ?

ပတ်ဝန်းကျင်အမြင်အရ သူတို့ဟာ တစ်ခြားလူတွေကို စိတ်မဝင်စား၊ လူအများကြားမှာ မပါးနပ်ဘဲ စကားကို တုံးတိတိပြောတတ်သူတွေ၊ ရိုင်းစိုင်းသလိုမျိုးဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အတွင်းအကျဆုံးအတွေးနှင့် ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲတာကြောင့် တစ်ယောက်တည်းနေရတာကို နှစ်သက်ကြပါတယ်။ တစ်ခြားလူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ဖို့ ခက်ခဲသူတွေဖြစ်ပါတယ်။

Lifestyle_Myaamar

Nyein_Thu

ref-themindjournal


#ပေါင်းသင်းဆက်ဆံရေး
#လက္ခဏာ
#ပေါင်းသင်းဆက်ဆံရေး
#အရာ
#အာရုံ

Some text some message..