ကိုယ့်ထက်အသက်ကြီးတဲ့ သူနဲ့ ချိန်းတွေ့တဲ့အခါ ရရှိလာမယ့် အားသာချက် ၅ ခု
lifestylemyanmar.com
|
2022-02-24

ကိုယ့်ထက် အသက်ကြီးတဲ့အတွက် သူဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျောက်က သင်ခန်းစာတွေကြောင့် ရင့်ကျက်တဲ့ အနေအထားမှာ ရှိနေပါပြီ။ အသက်ကြီးတဲ့သူတွေက မင်းအတွက် ကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့အခါ သူတို့က သူငယ်ချင်းကောင်း တွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ကြင်နာတတ်ဖို့၊ ဘဝကို တန်ဖိုးရှိအောင် ရှုမြင်ဖို့ သတိပေးပြီး သင့်ကို ဂရုတစိုက် ချစ်ပေးကြပါတယ်။ သင်က အမှားတွေလုပ်မိတယ်ဆိုရင်တောင် သူမှာဖြေရှင်းဖို့ နည်းလမ်းက ရှိပြီးသားပါ။ သင့်ရဲ့အမှားအတွက် သူကနင်းခြေမှာ မဟုတ်ပဲ လမ်းညွှန်မှုတွေကို ပေးပါလိမ့်မယ်။


ကိုယ့်ထက် အသက်ကြီးတဲ့သူနဲ့ ချိန်းတွေ့ရင် သူက ဘဝအကြောင်း အများကြီး လမ်းညွှန် ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်အသက် ကြီးတဲ့သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အသက်ကွာဟချက်ကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ် တစ်ခုအရ သင့်အတွက် ကောင်းမွန်တာတွေ လမ်းညွှန်ပေး နိုင်ပါတယ်။


၁။ သူတို့ရဲ့ နားလည်နိုင်မှုက အံ့သြဖို့ကောင်းတယ်

သူတို့နဲ့ တွဲရတာက ကိုယ့်ကိုကိုယ်တောင် သတိမထားမိလိုက်ပဲ လိမ္မာတဲ့ သူတစ်ယောက်လို ဖြစ်သွားပါလိမ့်မယ်။ သူတို့က ကိုယ့်ကို ထူးခြားတဲ့ သူတွေဖြစ်အောင်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေက အဖိုးမဖြတ်နိုင်တဲ့ ဂရုစိုက်ခံရမှုနဲ့ ထိုက်တန်ကြောင်းကိုလည်း သတိပေးကြပါတယ်။ သူတို့ရဲ့ နားလည်နိုင်မှု၊ စိတ်အားထက်သန်မှု၊ တွန်းအားနဲ့ အသိပညာက သူ့ရဲ့ စကားလုံးတိုင်းမှာ ပျော်ဝင်နေပါတယ်။


၂။ အဆင်မပြေမှုတွေအတွက် သူ့ဘက်က အလျော့ပေးတယ်

ဆက်ဆံရေးတိုင်းမှာ အဆင်မပြေမှုတွေကတော့ ရှိနေမြဲပါပဲ။ တစ်ဦးနဲ့တစ်ဦး အလေးအနက်ထားတဲ့ ဆက်ဆံရေးတိုင်းတောင်မှ အလျော့အတင်းကတော့ ရှိမြဲပါ။ ဒါပေမယ့် ကိုယ့်ထက် အသက်ကြီးတဲ့ သူက ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ကြပါတယ်။ အဆင်မပြေမှုတွေ ရှိရင်တောင်မှ သူ့ဘက် အလျော့ပေးပြီး ပေလည်အောင် ဖြေရှင်းနိုင်ကြပါတယ်။ ကိုယ့်အတွက် အဆင်မပြေမှုတွေက သူ့အတွက်တော့ အသေးအမွှားလေးလိုပဲ အလွယ်တကူ ကိုင်တွယ်ဖြေရှင်း နိုင်ကြပါတယ်။


၃။ သူတို့ရဲ့ ရင်ကျက်မှုနဲ့အတူ တန်ဖိုးထားတတ်ကြတယ်

လူတိုင်းက အချိန်အတိုင်းအတာ တစ်ခုရောက်လာတာနဲ့အမျှ အရင်ကထက် ပိုပြီး ရင့်ကျက်လာကြပါတယ်။ ရင့်ကျက်လာတာနဲ့အမျှ အကြံဉာဏ်ကောင်းတွေနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေပါ ရှိလာပါတယ်။ သူတို့ရဲ့ မိန်းကလေး အပေါ်မှာလည်း တန်ဖိုးထားမှုနဲ့ အလိုလိုက် နိုင်စွမ်းကလည်း အလိုလိုမြှင့်တတ် လာပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်က တခြားသူတွေ အပေါ်မှာလည်း မျှတပြီး တန်းတူ တန်ဖိုးထားနိုင်ကြပါတယ်။


၄။ ဟန်ချက်ညီအောင် ဖန်တီးပေးတယ်

ကိုယ့်ထက် အသက်ကြီးတဲ့သူနဲ့ ချိန်းတွေ့တဲ့အခါ ရှောင်လွှဲမရနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အစပိုင်းမှာတော့ အသက်အရွယ်ကွာခြားမှုက မျှော်လင့်ထားသလို မဖြစ်ပဲ စိတ်ပျက်စရာဖြစ်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ရှင်းပြပေးနိုင်တဲ့ အတွက် အာသာချက်တစ်ခု ဖြစ်လာပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အကြောင်းအရင်း တွေကိုလည်း အလွယ်တကူ ကျော်လွှားဖို့ ကူညီပေးနိုင်ပါတယ်။


၅။ သူတို့က သိပျခစြျတတျကွတယျ

ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေက ကိုယ့်ကို မချစ်မှာ ပူစရာမလိုပါဘူး။ သူတို့က ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး အမျိုးသားတွေပါပဲ။ ကိုယ့်ကို ကလေးတစ်ယောက်လို အမြဲတမ်း ဂရုစိုက်ပေးပြီး အလိုလိုက်ပေးနိုင်တဲ့ အချစ်တတ်ဆုံးလူသားတွေပါပဲ။ ကိုယ့်ရဲ့ ဆိုးနွဲ့မှုတွေမှာလည်း မညည်းမညူ သည်းခံပေးပြီး ခွင့်လွှတ်ပေးနိုင်တဲ့ သူတွေပါ။

Lifestyle_myanmar

Nadi

ref-elitedaily


#သူငယ်ချင်း
#သင်ခန်းစာ
#အမှား
#အသက်
#ကြင်နာ

Some text some message..