သင့်စိတ်ကို ငြိမ်းချမ်းစေတာကြောင့် ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ တရားထိုင်နည်း (၆)နည်း
lifestylemyanmar.com
|
2022-02-24

အမျိုးမျိုးသော တရားထိုင်နည်းတွေက ပင်ပန်းနွမ်းနယ်နေချိန်မှာ သင့်ဦးနှောက်ကို ပြေလျော့စေပြီး စိတ်တည်ငြိမ်အောင် ကူညီပေးနိုင််ပါတယ်။ သမိုင်းပညာရှင်တချို့က ဒီတရားထိုင်ခြင်းအလေ့အကျင့်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ယနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတွေက အကြောင်းအမျိုးမျိုးကြောင့် တရားထိုင်ခြင်းကို ကျင့်သုံးကြပါတယ်။ အချို့က ဉာဏ်အလင်းကို ရှာကြသော်လည်း အချို့က သူတို့ရဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ (သို့) ဦးနှောက်စွမ်းအားကို မြှင့်တင်လိုတာကြောင့် တရားထိုင်ကြပါတယ်။ တရားထိုင်ခြင်းက လူတိုင်းကို အကျိုးပြုနိုင်ပါတယ်။

၁။ Kriya Yoga

ဒီတရားထိုင်နည်းက ရှေးပဝေသဏီကတည်းက တည်ရှိခဲ့ပြီး ယခုခေတ် ၁၈၆၁ ခုနှစ်လောက်မှာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်၊ မဟာယောဂီ Mahavatar Babaji က ဒီယောဂီပညာရပ်ကို ဟိမဝန္တာတောင်တန်းရှိ သူ့တပည့်Lahiri Mahasaya အားသင်ကြားပေးခဲ့ပါတယ် ။ ထို့နောက် အနောက်တိုင်းရှိ ယောဂရဲ့ဖခင်လို့ ယူဆရတဲ့ Paramahansa Yogananda က ၁၉၂၀ ခုနှစ်မှာ အမေရိကသို့ ယူဆောင်လာခဲ့ပါတယ်။

တရားထိုင်ခြင်းနည်းစနစ်မှာ အသက်ပြင်းပြင်းရှု လေ့ကျင့်ခန်း၊ သင်ယုံကြည်တဲ့ပုံစံဖြင့် ဘုရားသခင်အား အာရုံပြုခြင်းနဲ့ စိတ်ငြိမ်သက်စေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့အသက်ရှုမှုက ကျွန်မတို့ရဲ့ ရုပ်ခန္ဓာနဲ့ ချိတ်ဆက်ထားတာကြောင့် Kriya Yogaက အသက်ရှုခြင်းကို ထိန်းချုပ်ခြင်းဖြင့် ဒီခန္ဓာကိုယ်တွယ်တာမှုကို ကျော်လွှားဖို့ ရည်ရွယ်ပါတယ်။ ဒီတရားထိုင်နည်းကို ကျင့်ကြံကြသူတွေဟာ အဆုံးစွန်သော ယောဂလို့ မှတ်ယူကြပြီး မိမိကိုယ်မိမိ သိမြင်နိုင်စေဖို့ အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ အလေ့အကျင့်ထဲကို နက်နက်နဲနဲ ဝင်လာတာနဲ့အမျှ စိတ်စွမ်းအားနဲ့အသက်ရှုနည်းစနစ်မှတဆင့် ကျောရိုးရှိ သင့် life-force စွမ်းအင်ကို ထိန်းချုပ်ဖို့ သင်ယူရပါလိမ့်မယ်။


၂။ မေတ္တာဘာဝနာ တရားထိုင်နည်း

ဒီတရားထိုင်နည်းက အခြားသတ္တဝါတွေအတွက် ကရုဏာပွားဖို့ အာရုံပြုပြီး ဗုဒ္ဓဘာသာ အဆုံးအမတွေကို လိုက်နာခြင်းဖြစ်ပါတယ်။ ပါဠိလို မေတ္တာလို့ခေါ်တဲ့ ချစ်ခင်ကြင်နာမှုဆိုတာ သတ္တဝါအားလုံးကို အကြွင်းမဲ့ချစ်ခင်ခြင်းကို ဆိုလိုပါတယ်။ တစ်စုံတစ်ယောက်က ချစ်ခြင်းမေတ္တာကို” ခံယူထိုက်သည်ဖြစ်စေ၊ ခံယူမထိုက်သည်ဖြစ်စေ” မခွဲခြားတာပါ။ သင့်စိတ်နှလုံးကို ချဲ့ထွင်ပြီး သင့်ရဲ့စိတ်အားထက်သန်မှုမှာ လူတိုင်းကို ထည့်သွင်းခြင်းဖြင့် ဘဝရဲ့ ချိတ်ဆက်မှုနဲ့ ပိုတန်ဖိုးထားမှုကို ခံစားရပါလိမ့်မယ်။

ဒီတရားကို ကျင့်ဖို့ သက်သောင့်သက်သာရှိတဲ့ နေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အရင်ဆုံး ကိုယ့်ကိုယ်ကို ချစ်ပါ။ “ငါလုံလောက်ပြီ၊ ငါပျော်ရွင်ပြီး ဒုက္ခတွေ ကင်းဝေးပါစေ” ဒါမှမဟုတ် ” ဒီလောကမှာ ပျော်ရွှင်စွာနဲ့ သက်တောင့်သက်သာ နေနိုင်ပါစေ”လို့ ကိုယ့်ကိုယ်ကို မေတ္တာပို့နိုင်ပါတယ်။ ဒါကိုလုပ်ရင်းနဲ့ ဖြည်းဖြည်းချင်း အသက်ရှုသွင်းပြီး နှလုံးဗဟိုကို အာရုံစိုက်ပါ။

ပြီးနောက် သင့်ဘဝရှိ အခြားသူတွေဆီ ဆက်သွားပါ၊ စကားစုတွေကို ထပ်ခါတလဲလဲပြောကာ သင့်အသိတရားပေါ် အာရုံစိုက်ပါ။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ မိသားစုအပေါ် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာကို ခံစားပြီး သင့်ဘဝမှာ ကြားနေသူ၊ ရန်သူတွေ အကြောင်းကိုတောင် စဉ်းစားပါ။ သူတို့ကို ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပြီး နှလုံးသားရဲ့ စိတ်အားထက်သန်မှုကို ချဲ့ထွင်ပါ။

ရက်သတ္တပတ်များစွာ (သို့) လပေါင်းများစွာ လေ့ကျင့်ပြီးနောက်မှာ သင်ကိုယ်တိုင်နဲ့ အခြားသတ္တဝါတွေအပေါ် ပိုမိုချစ်ခင်ကြင်နာမှုကို ခံစားရပါလိမ့်မယ်။ ခုနှစ်ပတ်ကြာပြီးနောက်မှာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်များ ပိုခံစားရကြောင်းတွေ့ရှိရတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။


၃။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်တဲ့ တရားထိုင်နည်း

ဒီတရားထိုင်နည်းက အတ္တအလွှာများစွာရဲ့ အောက်ရှိ အတ္တအစစ်အမှန်ကို ရှာဖွေတွေ့ဖို့ မိမိကိုယ်ကို စူးစမ်းမှုပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ အတွေးအမြင်တွေန၊ ခံစားချက်တွေ၊ အလေ့အကျင့်တွေနဲ့ အကန့်အသတ်ရှိတဲ့ ယုံကြည်ချက်တွေက ကျွန်မတို့အား ပျော်ရွှင်ငြိမ်းချမ်းသော စိတ်ဝိညဉ်ကို မခံစားနိုင်စေပါဘူး။ သို့သော် သင်ဟာ ဒီခန္ဓာကိုယ် သတိရှိနေတဲ့ အခြေအနေတွေထက် ကျော်လွန်ပြီး သတိရှိနေကြောင်း မှတ်သားဖို့ အရေးကြီးပါတယ်။

ဒီနည်းလမ်းကို လေ့ကျင့်ဖို့အတွက် ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပြီး စိတ်အေးလက်အေး တရားထိုင်ပါ။ ပြီးနောက် ” ငါဘယ်သူလဲ” ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို မေးပါ၊ ဒီလိုလုပ်တဲ့အခါ ပေါ်လာတဲ့ အတွေးတွေ၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ အဲဒါက သင့်ရဲ့အသိဉာဏ် (သို့) သူတို့ကို စစ်ဆေးဖို့ အသိတရားပဲဆိုတာ သတိပြုပါ။ ဆိုလိုတာက သင်ဟာ သူတို့မဟုတ်ပါဘူး။ ဒါကို ပုံမှန်လုပ်ပြီးရင် စိတ်က အေးချမ်းပြီး ပိုလေးနက်တဲ့ အသိစိတ်အဆင့်ကို ခံစားရစေမှာဖြစ်ပါတယ်။


၄။ ခန္ဓာကိုယ်စကင်န်ဖတ် တရားထိုင်နည်း

ဒီတရားထိုင်ခြင်းက တင်းမာမှု (သို့) မသက်မသာဖြစ်စေတဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ဖို့ သင့်ခန္ဓာကိုယ်ကို စကင်န်ဖတ်ခြင်းပါဝင်ပါတယ်။ လဲလျောင်းပြီးဖြစ်စေ(သို့) ထိုင်ပြီးဖြစ်စေ ဒီတရားထိုင်နည်းကို ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို အာရုံစိုက်ခြင်းဖြင့် စတင်ပါ။ ပြီးတော့ ခေါင်းပေါ်ရောက်အောင် ဖြည်းဖြည်းချင်း လုပ်ဆောင်ပါ။ ဒီလိုလုပ်တဲ့အခါ မသက်မသာဖြစ်တာတွေကို လျှော့ပစ်ဖို့အတွက် ကြွက်သားတွေကို ဖြေလျှော့ထားပါ။ သင့်ခန္ဓာကိုယ်ပေါ်မှာ ရွေ့လျားနေတဲ့ ကုသရေးအလင်းလှိုင်းတစ်ခုကိုလည်း မြင်ယောင်နိုင်ပြီး ၎င်းဖြတ်သန်းသွားတဲ့အတိုင်း ဧရိယာတစ်ခုစီကို ကုသပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အထူးသဖြင့် အိပ်ရာမဝင်ခင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ပြင်ဆင်ပေးပါတယ်။

၅။ မန္တန်တရားထိုင်နည်း

ဒီတရားထိုင်နည်းမှာ စိတ်ဖိစီးမှု သက်သာစေဖို့ ဂါထာတွေ ရွက်ဆိုခြင်းနဲ့ စိတ်ကို ငြိမ်းချမ်းစေခြင်းတို့ ပါဝင်ပါတယ်။ သင်ယူဖို့ အရိုးရှင်းဆုံး တရားထိုင်နည်းတွေထဲမှ တစ်ခုဖြစ်တာကြောင့် စတင်လေ့လာသူတွေအတွက် ပြီးပြည်စုံပါတယ်။ သက်တောင့်သက်သာ ထိုင်နေရင်း မျက်လုံးကို မှိတ်ပြီး ထပ်ခါထပ်ခါ ဂါထာတစ်ခုကိုရွေးပါ။ “သဗုဒ္ဓေ” ကဲ့သို့သော ဂါထာတော်ကိုရွတ်ပါ။ ရွတ်နေတဲ့ ဂါထာမှလွဲလို့ အခြားအရာတွေကို မတွေးပါနဲ့။ ၁၀မိနစ်မှ မိနစ် ၃၀ အထိ ထိုင်နိုင်ပါတယ်။


၆။ ဝိပဿနာ တရားထိုင်နည်း

လူကြိုက်များတဲ့ တရားထိုင်နည်းတွေထဲမှ တစ်ခုက သင့်အတွေးတွေကို အဆုံးအဖြတ်မပေးဘဲ သတိပြုခြင်း ပါဝင်ပါတယ်။ ပါဠိဘာသာမှာ ဝိပဿနာက ” အရာအားလုံးကို သိမြင်ခြင်း”လို့ဆိုပါတယ်။ ဒီလိုလုပ်ဖို့ တရားထိုင်တဲ့ပုံစံထိုင်ပါ။ ဝင်သက်ထွက်သက်ကို အာရုံစိုက်ပါ။ အတွေးတွေ၊ ခံစားချက်တွေ ပေါ်ပေါက်လာတာနှင့်အမျှ သူတို့အား ပြင်ပလေ့လာသူအဖြစ် ရှုမြင်ပါ၊ သူတို့အပေါ်မှာ တွေးတာမျိုး ရှောင်ပါ။

ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ (သို့) ခြေထောက်နာတာကို ခံစားရပါက အာရုံပျံ့လွင့်မှုကို သတိပြုမိသော်လည်း ခန္ဓာကိုယ်ကို မလှုပ်ပါနဲ့။ မသက်မသာဖြစ်မှုတွေကတဆင့် ထိုင်ဖို့ သင်ယူခြင်းက ဘဝရဲ့ အတတတ်အကျတွေမှတဆင့် တည်ငြိမ်အေးချမ်းမှုကို မွေးမြူဖို့ ကူညီပေးပါလိမ့်မယ်။

တရားထိုင်နည်းပေါင်း ထောင်နဲ့ချီရှိတာကြောင့် ကိုယ်နဲ့ ထပ်တူကျမယ့်တရားထိုင်နည်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ တစနေ့လျှင် အနည်းဆုံး မိနစ် ၃၀လောက် တရားထိုင်ပါ။ သင့်စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွေမှာ ငြိမ်သက်စွာ ခံစားနေချိန်မှာ သင်ဟာ ဘဝကို ပိုပြည့်စုံစွာ တွေ့ကြုံခံစားနိုင်မှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-powerofpositivity.


#ခန္ဓာကိုယ်
#ခံစားချက်
#အလေ့အကျင့်
#ခံစားရ
#အာရုံ

Some text some message..