ကိုယ့်လက်တွဲဖော်ကို လက်ထပ်ဖို့ထိ စဉ်းစားတဲ့အခါ ထည့်စဉ်းစားရမယ့် အချက် ၄ ခု
lifestylemyanmar.com
|
2022-02-28

ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တဲ့အတွက် ရွေးချယ်မှု အမှားတွေကို လုပ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ်ကချစ်ပေမယ့် ဘဝရဲ့ နေရာတစ်ခုထိကို ရည်ရွယ်ဖို့ထိ သူ့ဘက်က မရေရာတာမျိုးတွေ ရှိတတ်ပါတယ်။ အချစ်ရေးမှာ ကောင်းမွန်တဲ့ အပိုဆုတစ်ခု ရနိုင်ပေမယ့် လက်ထပ်ဖို့ထိကတော့ သေချာစဉ်းစားဖို့လိုပါတယ်၊၊ ဒါက တစ်ခုတည်းသော အရေးကြီးတဲ့ အရာမို့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးအတွက် လူရွေးမှန်ဖို့ လိုပါတယ်။ ဒီအတွက်ကြောင် ဘာတွေသိထားဖို့ လိုလဲဆိုတာ မျှဝေပေးပါရစေ။


၁။ အချစ်က အိမ်ထောင်ရေးကို မတည်မြဲနိုင်ပါ

ခြွင်းချက်မရှိ အချစ်ဆိုတာ ဆက်ဆံရေးမှာ အဖုအထစ် မရှိတဲ့ ကျောက်တုံးကြီးလို့ ဆက်ဆံရေးမျိုးကို မဆိုလိုပါဘူး။ တစ်စုံတစ်ယောက်ကို ချစ်နေပေမယ့် သူနဲ့ အိမ်ထောင်ပြုဖို့ထိ အဆင်မပြေတဲ့ အတွဲတွေရှိပါတယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ရန် တန်ဖိုး၊ ပန်းတိုင်နှင့် ကတိကဝတ်ပြုထားတဲ့ အခြေခံအုတ်မြစ်တစ်ခု လိုအပ်ပါတယ်။ အချစ်က သင့်ကို လူတစ်ဦးနဲ့ နီးစပ်စေတယ် ဆိုပေမယ့် အချိန်တွေ ကြမ်းတမ်းလာတဲ့အခါ သူတို့နဲ့ နီးကပ်နေမှာ မဟုတ်ပါဘူး။


၂။ အချစ်က သာတူညီမျှ ပျော်ရွှင်မှု မရှိပါ

မင်းလက်တွဲဖော်က မင်းချစ်သလောက် မင်းကို မချစ်နိုင်တဲ့အတွက် ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးတဲ့အခါ နာကျင်ရပါတယ်။ ကိုယ်ပေးလိုက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်းတူ အခြားသူတွေထက် ပိုပျော်ရွှင်ရမယ်လို့ သေချာမတွေးထားပါနဲ့။ ရူးရူးမူးမူး ချစ်နေတဲ့သူထက် ပျော်ရွှင်စေမယ့်သူနဲ့ လက်ထပ်ရတာ ပိုကောင်းပါတယ်။


၃။ အိမ်ထောင်ရေးက ရိုမန်တစ်ဆန်မှုမဟုတ်ပါ

အချစ်ဆိုတဲ့အတိုင်း အချစ်က တည်တံ့မှု နည်းပါးပါတယ်။ အချစ်ဆိုတာ အထီးကျန်မှာ ဖြစ်ပျက်ပြီး လက်တွေ့ကမ္ဘာက အနားကို တွန်းချလာတာနဲ့အမျှ ကွဲထွက်သွားတဲ့ အရာတစ်ခုပါ။ ဆန့်ကျင်ဘက်အားဖြင့် အိမ်ထောင်တစ်ခု တည်ထောင်ရတာက လက်တွေ့ကမ္ဘာကို တည်ဆောက်ရတာပါ။ ချစ်သူမဟုတ်ဘဲ အိမ်ထောင်တစ်ခုအတွက် လက်တွဲဖော်အဖြစ် ရှိနေပေးကိုက အရေးကြီးတာပါ။


၄။ အခက်ခဲဆုံး ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခု

တကယ်တော့ လေ့လာမှုတစ်ခုအရ အိမ်ထောင်သက် ပထမနှစ်မှာ ဇနီးမောင်နှံတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဆယ့်သုံးနှစ်အကြာ ကွာရှင်းပြတ်စဲတာကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ အချစ်ကို နေ့စဉ်ဘဝက လွှမ်းမိုးထားတာကြောင့် အချို့သော အိမ်ထောင်ဖက် တွေက ချစ်ခင်တွယ်တာမှုကို ထိန်းသိမ်းရန် ရုန်းကန် နေကြရပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ကတိကဝတ်နဲ့ လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေကသာ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ပါတယ်။


၅။ တစ်စုံတစ်ဦးကို ချစ်တာက အပေါင်းအဖော်ကောင်း ဖြစ်မည်ဟု မဆိုလိုပါ

လက်တွေ့ကျတဲ့ ထည့်သွင်း စဉ်းစားမှုတွေနဲ့ သင့်ရဲ့ အနာဂတ်အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ လိုပါတယ်။ ပိုက်ဆံလား နဲ့တာဝန်ယူမှုနဲ့ တာဝန်ခံမှုလား ဆိုတာ သိနိုင်ဖို့ဆိုတာက သ်င့အတွဥ် ခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတွေကိုပြီး တူညီတဲ့ တန်ဖိုးတွေကို မျှဝေနိုင်ဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် မင်းဘယ်လောက် ပဲချစ်နေပါစေ၊ သူက သင့်အတွက် အိမ်ထောင်ဖက် ဖြစ်လာမှာ မဟုတ်ပါဘူး။


၆။ နှစ်ယောက်လုံးရဲ့ ပန်းတိုင်တွေကို ချိန်ညှိဖို့ လိုပါတယ်

သင့်ဘဝရဲ့ ချစ်ခြင်းမေတ္တာက သင့်မျှော်လင့်ထားတဲ့ မျှော်လင့်ချက်များနှင့် လုံးဝခြားနားနေ နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းကွဲလွဲမှုတွေ မရှိဖို့ အနာဂတ်အတွက် မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးမည့်သူနှင့် လက်ထပ်ရန် လိုအပ်ပါတယ်။ မတူညီတာကို လိုချင်နေတယ်ဆိုရင်၊ မြတ်နိုးခြင်း တိမ်တိုက်တွေ ပျောက်ကွယ်သွားတဲ့အခါ နှစ်ယောက်လုံးအတွက် မကောင်းနိုင်ပါဘူး။

Lifestyle_Myanmar

Nadi

ref-bolde


#လက်တွဲဖော်
#အရေးကြီး
#အိမ်ထောင်ရေး
#လက်ထပ်
#အနာ

Some text some message..