သင့်တစ်သက်တာအတွက် စိတ်အေးချမ်းတည်ငြိမ်စေနိုင်ဖို့ Spiritual ကုသနည်း (၉) မျိုး
lifestylemyanmar.com
|
2022-03-01

spiritual ဆိုတာ နေ့စဉ်ပုံမှန်လည်ပတ်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်အတွင်းပိုင်းနှင့် အပြင်ဘက်စိတ်ပင်ပန်းမှုတွေကို ကုသဖို့ စိတ်ရှည်ခြင်းနှင့် ကျေးဇူးတင်ခြင်းလိုမျိုး အရာတွေရဲ့ တန်ဖိုးကို လမ်းညွှန်ပေးတဲ့ အယူအဆတွေဖြစ်ပါတယ်။ ဒီတော့ spiritual ကျေးဇူးတွေမှာ သင့်ဘဝကို မြှပ်နှံထားလိုက်ပါ။

၁။ လက်သင့်ခံခြင်း


လက်သင့်ခံခြင်းဆိုတာ ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုရဲ့ အဖြစ်မှန်ကို အသိအမှတ်ပြုခြင်းနှင့် လိုက်နာခြင်းဖြစ်ပါတယ်။ သို့ပေမယ့် တစ်စုံတစ်ခုကို လက်သင့်ခံလိုက်ခြင်းက ဒီအရာကို သဘောတူတယ်ဆိုတာမျိုး (သို့) ပျော်ရွှင်နေတယ်လို့ ဆိုလိုခြင်းမဟုတ်ကြောင်း သဘောပေါက်ထားဖို့လည်း လိုအပ်ပါသေးတယ်။ ဒီအခြေအနေတွေကို သင်မကြိုက်ဘူးဆိုရင်တောင် လက်ခံရပါမယ်။ အဖြစ်မှန်တွေကို ပြောင်းလဲဖို့ ကြိုးစားပြီး ဆန့်ကျင်တော်လှန်နေတာက သဘောထားကွဲလွဲစရာတွေ၊ စိတ်မသက်သာစရာတွေနှင့်အတူ နာကျင်မှုတွေကိုပါ ကြုံတွေ့လာရပါလိမ့်မယ်။ သင်မထိန်းချုပ်နိုင်တဲ့အရာတွေရဲ့ အဖြစ်မှန်တွေကို လက်သင့်ခံဖို့ပဲ နည်းလမ်းရှာသင့်ပါတယ်။

ဒီအရာက သင့်ကို လွတ်လပ်ခွင့်ပေးပါလိမ့်မယ်။

၂။ ပွင့်လင်မြင်သာရှိခြင်း


ပွင့်လင်းမြင်သာရှိခြင်းဆိုတာက အသစ်အသစ်သော ကိစ္စရပ်တွေနဲ့ မတူကွဲပြားတဲ့ ဖြစ်နိုင်ခြေတွေကို လေးစားစွာလက်ခံခြင်းကို ဆိုလိုပါတယ်။ ကျွန်မတို့တစ်ခါမှ မကြားဖူး၊ မစဉ်းစားဖူးတဲ့ အကြံပြုချက်တွေနဲ့ အကြံဉာဏ်တွေမှာ ကျွန်မတို့လက်ခံထားဖူးတဲ့အရာတွေနဲ့ သိသိသာသာကွဲပြားနိုင်တာကြောင့်ပါ။

၃။ ကျေးဇူးတရားကို သိတတ်ခြင်း


ကျေးဇူးသိတတ်ခြင်းခြင်းက ကျွန်မတို့မှာရှိသမျှ အရာရာတိုင်းကို တန်ဖိုးထားတတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်မတို့မှာရှိသမျှအရာတွေကို တွယ်တာစွဲလမ်းနေခြင်းမဟုတ်သလို မကျေမနပ်ဖြစ်နေခြင်းလည်း မဟုတ်ပါဘူး။ အမှန်တကယ်တော့ ကျေးဇူးတရားဆိုတာ မရောင့်ရဲမတင်းတိမ်နိုင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

လူတော်တော်များများအတွက် ကျေးဇူးတရားဆိုတာက ခက်ခဲစေတဲ့အရာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဘဝဆိုတာက ခက်ခဲကြမ်းတမ်းတာကြောင့်ပါ။ တစ်ချို့လူတွေက တစ်ခြားလူတွေထက် ကျေနပ်ရောင့်ရဲနိုင်စွမ်းပိုများကြပါတယ်။ သို့ပေမယ့် ဆုံးရှုံးခြင်း၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့မှု နောက်ဆုံးရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကတစ်ဆင့် ကျေးဇူးတင် ရောင့်ရဲနိုင်စွမ်းတွေ လှုံ့ဆော်နိုင်ပါတယ်။ တစ်ခါတရံမှာ ဘဝရဲ့ ကံကောင်းခြင်းကို မြင်နိုင်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။ သို့ပေမယ့် ဒီလိုအခြေအနေဖြစ်နေမယ်ဆိုရင်တောင် စိတ်ပျက်စရာတွေပြည့်နှက်နေနိုင်ပေမယ့် ကျေးဇူးတင်စရာတစ်ခုခုတော့ အမြဲရှိနေပါလိမ့်မယ်။

၄။ နှိမ့်ချစွာ ရှင်သန်ခြင်း


နှိမ့်ချမှုဆိုတာ လက်တွေ့ဆန်သောကိုယ့်ကိုယ်ကိုယ်လက်ခံခြင်းအပေါ်မူတည်ပြီး တစ်ခြားလူတွေရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေနှင့် ပိုင်ဆိုင်မှုတွေကို အသိအမှတ်ပြုလက်ခံခြင်းအကြောင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်နှိမ်ချခြင်းကို လေ့ကျင့်ခြင်းက တစ်ခြားလူတွေရဲ့ အကူအညီဖြင့် ကျွန်မတို့ရဲ့ ကျန်းမာရေးနှင့် သုခချမ်းသာကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ နှိမ့်ချခြင်းကို တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချစွာ တွေးတောဆင်ခြင်ခြင်းအဖြစ်လည်း ဖော်ပြကြပါတယ်။

၅။ စိတ်ရှည်သည်းခံပါ

စိတ်ရှည်သည်းခံခြင်းက စိုးရိမ်ပူပန်ခြင်း (သို့) ငြီးငြူခြင်းမရှိဘဲ စောင့်ဆိုင်းနိုင်စွမ်းကို ဆိုလိုပါတယ်။ စိတ်ပျက်အားငယ်မှုကို ခံနိုင်ရည်ရှိခြင်း စိတ်ပျော်ရွှင်မှုကို ဆွဲဆန့်ထားနိုင်ခြင်းဖြစ်ပါတယ်။ စိတ်မသက်မသာဖြစ်စေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တုံ့ပြန်ခြင်း၊ ဆုံးဖြတ်ချက်လွယ်လွယ်မချခင်မှာ မှန်ကန်တဲ့အချိန်တစ်ခုကို စောင့်ဆိုင်းစိတ်ရှည်သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။

၆။ သမာဓိအားကောင်းခြင်း

သမာဓိမှာ အဆင့်နှစ်ဆင့်ရှိပါတယ်။ သင်ပြောတဲ့အရာနှင့် သင့်အပြုအမူတွေ၊ လုပ်ရပ်တွေက ကိုက်ညီဖို့က ပထမတစ်ဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ သင့်ရဲ့ အတွင်းစိတ်မှာ ခံစားနေရတာတွေနဲ့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေက ကိုက်ညီနေခြင်းဖြစ်ပါတယ်။ သင့်ရဲ့ အဓိကတန်ဖိုးတွေနဲ့ သင့်အမူအကျင့်တွေက လိုက်လျောညီထွေရှိလာတဲ့အခါမှာ သမာဓိရဲ့ အလေ့အကျင့်တွေက သိသိသာသာထင်ရှားလာပါလိမ့်မယ်။

၇။ ယုံကြည်ခြင်း


ယုံကြည်ခြင်းက အမှန်တကယ်တော့ သက်သေ/အထောက်အထားတွေအပေါ်မှာ အခြေခံထားခြင်းမဟုတ်ပါဘူး။ ဒါ့အပြင် ယုံကြည်ခြင်းက ဘုရားသခင်ရဲ့ လူကြိုက်များသော အယူဝါဒ(သို့) မနုဿဝါဒအယူအဆတွေနဲ့လည်း ဆက်စပ်မနေပါဘူး။ သတ္တိရှိခြင်းအပြင် သင်ကြောက်ရွံ့တဲ့အရာတွေကို ဖြတ်ကျော်ရန် ယုံကြည်ခြင်းလိုအပ်ပြီး အမြင့်မားဆုံးသော ယုံကြည်ခြင်းတွေက အကြောက်ဆုံးအချိန်ကာလတွေကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

ယုံကြည်ခြင်းအလေ့အထကို လေ့ကျင့်ဖို့ဆိုရင် လူတွေနှင့် အခြေအနေတွေအပေါ် ထိန်းချုပ်ဖို့ ကြိုးစားနေတာတွေကို စွန့်လွှတ်သင့်ပါတယ်။ သင်မတတ်နိုင်တဲ့အရာတွေအပေါ် စိတ်သောကရောက်နေခြင်းက သင့်ရဲ့ ယုံကြည်ခြင်းတွေကို လျော့နည်းစေပါတယ်။

၈။ ခွင့်လွှတ်ခြင်း


ခွင့်လွှတ်ခြင်းဆိုတာ မတရားလုပ်နေတဲ့ တစ်ခြားလူတွေ၊ အုပ်စုတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေ (လက်တွေ့(သို့) စိတ်ကူးယဉ်လည်းဖြစ်နိုင်)အပေါ် မှာ ဖြစ်ပေါ်လာတဲ့ သင့်ရဲ့ နာကျင်စေသော စိတ်ဆန္ဒတွေကို စွန့်လွှတ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ့အရာတွေကို ခွင့်လွှတ်ဖို့ ပြောခြင်းမဟုတ်ပါဘူး။ John Friel, Ph.D မှာ ခွင့်လွှတ်ခြင်းက ပိုမိုကောင်းမွန်သောအတိတ်အတွက် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုစိတ်အဖြစ် ညွှန်းပြပါတယ်။ မကောင်းတဲ့ ဆန္ဒနဲ့ နာကြည်းမှုတွေကို ဆုပ်ကိုင်ထားခြင်းက တစ်ခြားလူတွေထက် ကိုယ့်ကိုယ်ကိုယ်ပိုနာကျင်စေနိုင်ပါတယ်။

ဗုဒ္ဓဘာသာအဆုံးအမတွေက ဒေါသတွေကို ဆုပ်ကိုင်ထားပြီး တစ်ခြားလူတွေကို စိတ်ဆင်းရဲစေလိုသော ဆန္ဒက မီးတောက်နေတဲ့ မီးသွေးခဲတစ်ခုကို ကိုင်ပြီးပစ်ပေါက်ခြင်းနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားပါတယ်။ ဘာပဲဖြစ်ဖြစ် ပူလောင်တာတော့ အမှန်ပါပဲ။

၉။ ပေးကမ်းစွန့်ကြဲခြင်း၊ ရက်ရောခြင်း

ပေးကမ်းစွန့်ကြဲခြင်း၊ တစ်ခြားလူတွေကို ကူညီခြင်းက လူတစ်ယောက်အနေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အရည်အသွေးကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ချက်ရှိရှိ ပံ့ပိုးကူညီမှုတွေပြုလုပ်ခြင်းအကြောင်းဖြစ်ပါတယ်။ အချိန်တွေ၊ စွမ်းအင်တွေနဲ့ ဆက်စပ်နေပါတယ်။ အခြေအနေအချိန်အခါအလိုက် ပုံမှန်လုပ်ဆောင်နိုင်မယ့် ကတိကဝတ်တစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindsjournal


#ဒေါသ
#တစ်ခြားလူ
#အရာ
#ကြိုးစား
#အချိန်

Some text some message..