သင့်ပါတနာက သင့်ကို တကယ်ချစ်လားဆိုတာ သိနိုင်စေဖို့ စိတ်ပိုင်းဆိုင်ရာ အကြံပြုချက် (၁၀)ချက်
lifestylemyanmar.com
|
2022-03-01

အမေရိကန် စစ်တမ်းတစ်ခုအရ ခန့်မှန်းခြေအားဖြင့် လူ ၃၄ ရာခိုင်နှုန်းဟာ မြင်မြင်ချင်းချစ်တာကို ခံစားဖူးကြတယ်လို့ ဆိုပါတယ်။ အချစ်ဆိုတာက ဂရုဏာနဲ့ ချစ်ခင်မှုနှစ်ခုစလုံး လိုအပ်တဲ့ အနက်ရှိုင်းဆုံး စိတ်ခံစားမှု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ရလဒ်အနေနဲ့ အချိန်ရင်းနှီးမြှုပ်နှံထားတဲ့ ကျွန်တော်တို့ ပါတနာတွေက ကျွန်တော်တို့ကို ချစ်လား/မချစ်လားဆိုတာသိဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီတော့ ကိုယ့်ပါတနာက ကိုယ့်ကို တကယ်ချစ်လား/မချစ်လားဆိုတာ သိနိုင်စေဖို့အတွက် ဒီစိတ်ပိုင်းဆိုင်ရာ အကြံပြုချက်တွေကို မျှဝေဖို့ ဆုံးဖြတ်ထားပါတယ်။

၁။ သူတို့ရဲ့ ကြွက်သားတွေကို သင့်ပတ်ဝန်းကျင်မှာ ပြသတတ်တာ

အနီးအနားမှာ ရှိနေစဉ် သူတို့ရဲ့ကြွက်သားတွေကို ဆန့်တန်းတာမျိုး၊ ကွေးဆန့်တာမျိုး မသိမသာလေး လုပ်ပြနေတယ်ဆိုရင် သူတို့ သင့်ကိုကြိုက်နေတယ် ဒါမှမဟုတ် ချစ်နေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ခွန်အားနဲ့ အရပ်ကို ပိုပြချင်ကြတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က သင့်အား ကာကွယ်ပေးဖို့ လုံလောက်တဲ့ အစွမ်းရှိကြောင်း သက်သေပြနေတာပါ။


၂။ သင့်မျက်လုံးတွေကို ကြည့်တတ်တာ

မျက်လုံးချင်း အကြာကြီးဆုံတာမျိုးက နှစ်ဖက်စလုံး စိတ်ဝင်စားတယ်၊ အချင်းချင်း နှိုးဆော်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ယေဘုယျအားဖြင့် ယောကျ်ားလေးက မိန်းကလေးတစ်ဦးကို စိတ်ဝင်စားတဲ့အခါ (သို့) လေ့လာလိုတဲ့အခါမှာ သူ့အနေနဲ့ နက်နက်ရှိုင်းရှိုင်း မျက်လုံးချင်းဆုံစေပါတယ်။ တစ်ဖက်ကကြည့်ရင် အမျိုးသမီးတွေက တစ်ခါတစ်ရံ သူတို့ပါတနာတွေ မျက်လုံးဖြင့် ချဉ်းကပ်နေချိန်မှာ ရှက်ကိုးရှက်ကန်းနဲ့ မျက်လွှာချတတ်ကြပါတယ်။


၃။ conversations တွေအကြား ၄၈နာရီ ကွာဟမှု

သင်စကားပြောပြီးကတည်းက ၄၈နာရီထက် ပိုကြာရင် ၎င်းက သတိပေးလက္ခဏာဖြစ်ပါတယ်။ မကြာခဏ စကားလုံးဖလှယ်ခြင်းက သင့်ပါတနာ သင့်ကို ချစ်ကြောင်း ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီအချိန်အတွင်း စကားပြောမပြီးရင် ရလဒ်က သင်မကြားချင်ဆုံး ဖြစ်နိုင်ပါတယ်။ သူက သင့်ကို ဖုန်းမဆက်ရင် ဒါမှမဟုတ် စာမပို့ရင် သင့်ကို မကြိုက်ပါဘူး။


၅။ သူငယ်အိမ် ကျယ်လာရင်

သင့်အနေနဲ့ သူတို့ရဲ့ မျက်လုံးတွေကို အဆက်မပြတ် စိုက်ကြည့်နေရင် သူတို့ရဲ့ သူငယ်အိမ်တွေ ကျယ်လာတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုဖြစ်လာတဲ့အခါ သင်ဟာ safe mode မှာရှိနေပါတယ်။ ဘာလို့လဲဆိုတော့ သင့်ပါတနာက သင့်ကို ချစ်လို့ပါပဲ။ Oxytocin နဲ့ dopamine ချစ်ခြင်းမေတ္တာဟော်မုန်း ၂ခုက သူငယ်အိမ်တွေရဲ့အရွယ်အစားကို လွှမ်းမိုးပါတယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ဦးကို ဆွဲဆောင်တဲ့အခါတိုင်း ကျွန်တော်တို့ ဦးနှောက်ထဲမှာ ဒီဓါတုဗေဒပစ္စည်းတွေကို ပိုထုတ်လုပ်ပါတယ် ။ သိသာထင်ရှားတာက ကျွန်တော်တို့ရဲ့ သူငယ်အိမ်တွေ ကျယ်လာတာပဲဖြစ်ပါတယ်။

၆။ သူတို့ရဲ့ ပွေ့ဖက်မှုက နာကျင်မှုကို သက်သာစေတယ်

တစ်ခါတစ်ရံမှာ ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ ဖြစ်တတ်ပါတယ်။ သင်ချစ်ရတဲ့သူတွေကို ပွေ့ဖက်ခြင်းဖြင့် ၎င်းတို့ကို ဖယ်ရှားနိုင်ပါတယ်။ နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ လက်ကို ဆုပ်ကိုင်ထားခြင်းက လှပတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးကြောင်း သိပ္ပံပညာက သက်သေပြထားပါတယ်။ ပွေ့ဖက်ခြင်းက သင့်အား ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးပေါင်ကျစေခြင်း၊ ဖျားနာခြင်းကို တိုက်ဖျက်ခြင်းနဲ့ အခြားအရာတွေကိုတောင် ကူညီပေးနိုင်ပါတယ်။


၆။ ၅လအတွင်း လမ်းခွဲတာမျိုး မရှိရင်

သင့်မှာ relationship ပြန်မစခင် ၂လ (သို့) ၃လအတွင်း အရာရာကို ဖြတ်တောက်ပစ်တဲ့ အချိန်တွေရှိမှာပါ။ ဒါက သာမာန်ဖြစ်သလို ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီလိုမကြာခဏ ဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အကောင်းဘက်က ကြည့်ရင်တော့ ၅လအတွင်း လမ်းခွဲခြင်း မရှိသေးရင် သင်တို့ကြားထဲမှာ တစ်ခုခုထူးခြားနေပါလိမ့်မယ်။

၇။ ဒေါသက ၃ရက်ထက် မပိုရင်

အချစ်ရေးမှာ စိတ်ခံစားမှုအမျိုးမျိုး ပါဝင်တာကြောင့် သင့်လက်တွဲဖော် ရံဖန်ရံခါ ဒေါသထွက်တာက ပုံမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဒေါသဟာ ၃ရက်ထက်ပိုပြီး ဆက်ရှိနေရင် သင့်ရဲ့အချစ်ရေး ပျက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေါသမှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအပြင် လက်တွဲဖော်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ toxic chemicals တွေကို ထုတ်လွှတ်ပါတယ်။

၈။ သင့်ရဲ့ body language ကိုရောင်ပြန်ဟပ်ခြင်း

သင်ချစ်တဲ့သူက သင့်လိုပဲ ပြုမှုပါလိမ့်မယ်။ တစ်နည်းဆိုရသော် သူတို့က သင့်လုပ်ရပ်တွေကို ချီးကျူးပြီး လက်ခံကြပါလိမ့်မယ်။ ကျွန်တော်တို့ ဦးနှေတာက်က ကျွန်တော်တို့ စာနာတဲ့ (သို့) ချစ်မြတ်နိုးရတဲ့ သူတွေအတွက် mirror neurons တွေကို ထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။ mirror neurons က နှစ်သိမ့်မှုနဲ့ ယုံကြည်မှုကို ဖော်ပြပါတယ်။


၉။ သူတို့ရဲ့ ခန္ဓာကိုယ်က သင့်ကို မျက်နှာမူထားတယ်

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဘာသာစကားက ကျယ်လောင်စွာ ပြောတတ်တာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ သင့်လက်တွဲဖော်နဲ့ စကားပြောနေစဉ်မှာ သူတို့က သင့်ဖက်ကို လုံးလုံးလျားလျား ဦးတည်နေတယ်ဆိုရင် သူတို့ သင့်ကိုချစ်နေပြီလို့ ပြောလို့ရပါတယ်။

၁၀။ သူတို့ရဲ့ အသားအရေက အရောင်ထွက်နေရင်

သူတို့ရဲ့ တောက်ပတဲ့မျက်နှာက သင့်ကိုချစ်တဲ့ အရိပ်အယောင်ပါပဲ။ သူတို့ရဲ့ အမူအယာနဲ့ အပြုအမှုတွေကို အနီးကပ် စောင့်ကြည့်ပါ။ သူတို့အမြဲတမ်းပျော်ရွှင်ပြီး ပြုံးနေတယ်ဆိုတာ သတိပြုမိပါလိမ့်မယ် ။


Lifestyle_Myanmar

LM_Nandar

Source-brightside


#လက္ခဏာ
#မျက်လုံး
#ပါတနာ
#အချိန်
#ကြွက်သား

Some text some message..