
ဝေးကွာနေတဲ့ ဆက်ဆံရေးတစ်ခုက ဖောက်ပြန်ဖို့ အလွယ်ကူဆုံးပဲ ဖြစ်ပါတယ်။ ဒါကို လက်ခံနိုင်ဖို့က ခက်ခဲပေမယ့် လူတိုင်းသိတဲ့ အမှန်တရား တစ်ခုပါ။ တကယ်တော့ ဝေးကွာနေတဲ့ ဆက်ဆံရေးကို ဘယ်အချိန်မှာ စွန့်လွှတ်ရမလဲဆိုတာ သိဖို့က အရေးကြီးပါတယ်။ စိတ်ခံစားချက်တွေ ကွဲကွာပြီး တစ်ခုခု ပြောင်းလဲသွားသလို ခံစားနေရရင် အချစ်ရေးကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။

တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ရက်သတ္တပတ် တွေကြာပြီး ကွဲကွာသွားတာက ပုံမှန်ပါပဲ။ အခုလုပ်ရမှာက မင်းနှစ်ယောက်လုံး တကယ်ခံစားရတဲ့ ခံစားချက်ကို ပြောပြပြီး အတူတူနေဖို့ပဲဖြစ်ဖြစ် လမ်းခွဲဖို့ ဖြစ်ဖြစ် ဆုံးဖြတ်ဖို့ အချိန်ရောက်ပါပြီ။ တကယ်တော့ ဝေးကွာနေတဲ့ ဆက်ဆံရေးတွေက အထိခိုက်မခံတဲ့ နူးညံ့တဲ့ အပိုင်းအစလေးတစ်ခုပါ။ အချိန်အတော်ကြာ ဝေးကွာနေဖို့ပဲ လိုလားနေဦးမယ်ဆိုရင်တော့ သင်တို့ဆက်ဆံရေးက နောက်ဆုံးအဆင် တစ်ခုအထိရောက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

၁။ နှစ်ဦးသားဆက်ဆံရေးမှာ တစ်ခုခု ပိတ်ဆို့နေသလို ခံစားနေရခြင်း
လူတိုင်းမှာ မသိစိတ်လေးတစ်ခုစီတော့ ရှိကြပါတယ်။ အဲ့ဒီမသိစိတ်က တစ်ခုခု မမှန်ဘူးလို့ ခံစားနေရတာ၊ လက်တွဲဖော်က တစ်ခုခုကို ဖုံးကွယ်ထားတာ ဒါမှမဟုတ် သူတို့ စိတ်မဝင်စားတော့ဘူး ဆိုတာကို အလိုလို ခံစားမိတတ်ပါတယ်။ အလုပ်မအားတာထက် သင်တို့နှစ်ယောက်ရဲ့ conversation က ခြောက်သွေ့နေပြီဆိုရင် သင့်မသိစိတ်ရဲ့ ခံစားသိရှိမှုကို ယုံကြည်လိုက်ပါတော့။ ဒီလိုအချိန်မှာ သင့်လက်တွဲဖော်နဲ့ ဆွေးနွေးဖို့ လိုနေပါပြီ။

၂။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရေးမရှိခြင်း
ကျွန်တော်တို့က နီးစပ်ရာလူကို စွဲလန်းမိစေရန် လွယ်ကူပြီး ဝေးကွာနေတဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ထဲက လူကို မေ့ပစ်ရန် လွယ်ကူပါတယ်။ လူတိုင်းက သူတို့ရဲ့ လက်တွဲဖော် ဘာလုပ်နေလဲဆိုတာကို ဆိုရှယ်မီဒီယာပေါ်မှာ နာရီပေါင်းများစွာ လေ့လာတတ်ကြပါတယ်။ ရုပ်သဘော ထိတွေ့ဆက်ဆံခြင်း မရှိတဲ့ ဆက်ဆံရေးမှာ အလွယ်တကူ ဆက်သွယ်လို့ရတဲ့ လေလှိုင်းဆက်သွယ်ရေးမှာတောင် ပြောဆိုခြင်း မရှိတော့တာက အနီရောင်အဆင့် ဖြစ်နေပါပြီ။

၃။ နှစ်ဦးသား ချိန်းတွေ့တဲ့ အချိန်မှာတောင် ရင်းနှီးမှုမရှိတာ
လူတိုင်းက ကိုယ့်ရဲ့ အချစ်ဆုံးလူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားနေပြီး၊ အတူတူစားပြီး အချိန်ဖြုန်းတဲ့အခါ အံ့သြစရာကောင်းတဲ့ အရာတွေ ထွက်လာကြပါတယ်။ ရင်ခုန်ပြီး နွေးထွေးတဲ့ ခံစားချက်ကို အချစ်ကပေးစွမ်းပေမယ့် သင်တို့နှစ်ယောက်က ရင်းနှီးမှုမရှိဘူး ဆိုရင် ဒါကအချစ်မဟုတ်ပါဘူး။ ဒီလိုတွေ အေးစက်နေဦးမယ်ဆိုရင် မင်းတို့ရဲ့ ခရီးဝေးဆက်ဆံရေးဟာ အန္တရာယ်ရှိနေတယ်ဆိုတာ ထင်ရှားတဲ့ လက္ခဏာပါပဲ။

၄။ မဆက်ဆံရေးမှာ တိုက်ပွဲတွေကြား ပင်ပန်းသွားပြီ
အဆက်မပြတ်ရန်ပွဲများ၊ တစ်ဖက်သတ် ပြောဆိုမှုတွေကြောင့် သင့်ရဲ့ စွမ်းအင်အားလုံးကို ပေးလိုက်ရတဲ့အတွက် ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်။ တိုက်ပွဲတွေက ဆက်ဆံရေးတိုင်းရဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှောင်လွှဲလို့ မရတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်လုံး ရန်ဖြစ်နေတာ၊ ရန်ပွဲတွေက ဘယ်တော့မှ အဆုံးမသတ်တော့တာက ဝေးကွာနေတဲ့ ဆက်ဆံရေးအတွက် အဆိုးရွားဆုံးပါပဲ။

၅။ ယုံကြည်မှုမှာ ဆိုးဆိုးဝါးဝါး အဆိပ်သင့်နေတာ
ယုံကြည်မှုက ဆက်ဆံရေးတိုင်းရဲ့ အခြေခံအုတ်မြစ်၊ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းပေးတဲ့ ကော်လည်း ဖြစ်ပါတယ်။ အဲဒါမရှိရင် ရင်းနှီးမှု၊ အချစ်မရှိနိုင်သလို ပျော်ရွှင်မှုလည်း မရှိနိုင်ပါဘူး။ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု တည်ဆောက်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှု လိုအပ်သော်လည်း ဖျက်ဆီးရန် အချိန်အနည်းငယ်သာ လိုပါတယ်။
Lifestyle_Myanmar
Nadi
ref-herway