
အမျိုးသမီးတွေက အလှအပနဲ့ ပတ်သတ်လာရင် ကိုယ့်ကိုကိုယ် စိတ်တိုင်းကျတယ် ဆိုတာ မရှိပါဘူး။ ဒီလိုပါပဲ အချစ်ကို ရှာဖွေတဲ့ အခါမှာလည်း တခြားသူထက် အရာရာမှာ ပြီးပြည့်စုံရမယ် လို့ပဲ ခံယူထား ကြပါတယ်။ ဒါပေမယ့် ဒါကပဲ အမျိုးသမီးတွေကို အချစ်ရှာလို့ မရနိုင်အောင်တားဆီးထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံမှ အချစ်ခံရမှာ မဟုတ်ပဲ ကိုယ့်ရဲ့ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု ပုံစံတွေကလည်း အချစ်ခံရနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး နေထိုင်က ရေရှည်အတွက်ဆို ထိခိုက်နိုင်ပါတယ်။

၁။ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အသွင်အပြင် ကိုသာဂရုစိုက်တယ်
အမျိုးသားအားလုံးက ချောမောလှပတဲ့ အမျိုးသမီးတွေကို ကြိုက်ကြပေမယ့် သူ့ရဲ့လက်တွဲဖော်ကို ရွေးချယ်တဲ့ အခါမှာတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသား အများစုက မင်းထင်သလို မင်းရဲ့အသွင်အပြင်ကို အဲ့လောက်ထိ ဂရုစိုက်နေတဲ့ သူတွေမဟုတ်ပါဘူး။ သူတို့က ချစ်ပြီဆိုရင် သူတို့ရဲ့ အမျိုးသမီးလေး သူများတွေဘယ်လိုမြင်မြင် သူ့အတွက် ဘုရင်မ တစ်ပါးပါပဲ။ ယောက်ျားကောင်း တစ်ယောက်က အသွင်အပြင်ကို သိပ်ပြီး အလေးထား ဂရုစိုက်တတ်ကြပါဘူး။

၂။ ယောက်ျားတစ်ယောက်ရဖို့ မင်းဟာ ပြီးပြည့်စုံနေရမယ်
အရာရာမှာ ဦးဆောင်နိုင်ပြီး ယုံကြည်ချက်အပြည့် နဲ့ ခွန်အားအပြည့်နဲ့ မိန်းမတစ်ယောက်က လူတိုင်းလေးစား အားကျရတဲ့ ပုံစံပါ။ ဒါပေမယ့် ယောက်ျား အများစုကတော့ ထက်မြတ်လွန်းတဲ့ အမျိုးသမီးတစ်ဦးကို တန်ဖိုးထား အားကျပေမယ့် လက်တွဲဖော်အဖြစ်တော့ ရွေးချယ်မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ယုံကြည်မှုနဲ့ ပွင့်လင်းမှုက ဘယ်လောက်ပဲ အရေးကြီးတယ် ပြောပြော အားနွဲ့တဲ့မိန်းကလေး ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါကြောင့် မင်းဟာမင်းပဲ ဖြစ်ရပါမယ်၊ ဒီအတွက်ကြောင့်နဲ့တော့ မင်းကိုယ်မင်း တွန်းအားတွေ မပေးသင့်ပါဘူး။

၃။ ပိန်ပါးပြီး သွယ်လျတဲ့ မိန်းကလေးကိုသာ လိုချင်ကြတယ်
ဒီအချက်က အမျိုးသမီး အများစုအတွက် အတော် sensitive ဖြစ်စေတဲ့ အချက်ပါ။ ခန္ဓာကိုယ် ထွားတဲ့ အမျိုးသမီးတွေ အတော်အများ ခံစားနေရတဲ့ အကေြာင်းအရာလည်း ဖြစ်ပါတယ်။ ကိုယ်အလေးချိန်က အမျိုးသားတွေရဲ့ စိတ်ကိုထိန်းထားနိုင်မယ်ဆိုရင် နာမည်ကြီး အမျိုးသမီးတွေက ဘယ်တော့မှ အသည်းကွဲရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အရှိအရှိတိုင်းက ဆွဲဆောင်မှု တစ်ခုလို့ လက်ခံပြီး ကိုယ့်ကိုကိုယ် အပင်ပန်းခံနေတာကို ရပ်ပြီး ကိုယ်စိတ်ပျော်သလို နေလိုက်ပါ။

၄။ အချစ်ကိုရှာဖို့ မင်းကမထိုက်တန်ဘူး
တစ်ချို့က စစ်မှန်တဲ့ အချစ်နဲ့ ကိုယ့်ကိုကိုယ် မထိုက်တန်ဖူးလို့ သတ်မှတ်ထားကြပါတယ်။ အချစ်က မည်သူနဲ့မဆို ထိုက်တန်တဲ့ လှပတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ပေးပြီး ယုံကြည်မှုအပြည့်နဲ့ အချစ်ကို ခံစားဖို့ လိုပါတယ်။ အမျိုးသား အများစုက မည်မျှပင် ရုပ်ရည်ချောမော သည်ဖြစ်စေ အယုံအကြည်မရှိတဲ့ မိန်းမထက် ယုံကြည်မှုရှိတဲ့ မိန်းမကို ရွေးချယ်ကြပါတယ်။ မိန်းမတစ်ယောက်မှာ ယုံကြည်မှုထက် ပိုလှတဲ့အရာ မရှိပါဘူး။
Lifestyle_Myanmar
Nadi
ref-yourtango