
ကျွန်မတို့ ခန္ဓာကိုယ်အတွင်းရှိအရာတိုင်းက ကျွန်မတို့ရဲ့ ဆဲလ်တွေကနေ ကိုယ်တွင်းအင်္ဂါအထိ ကျွန်မတို့ရဲ့ လိင်အရ လွှမ်းမိုးထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မတူညီတဲ့ ဟော်မုန်းတွေရှိခြင်းကြောင့်သာမက ကျွန်မတို့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေက DNA ကိုထူးထူးခြားခြားအဓိပ္ပာယ်ဖွင့်ဆိုကြပြီး နောက်ဆုံးမှာ ကျွန်မတို့ရဲ့Gender က ကျွန်မတို့အတွက် ဆုံးဖြတ်ပေးတာကြောင့်ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ကွဲပြားတဲ့အရာတွေအကြောင်းကို မျှဝေပေးလိုပါတယ်။
၁။ မှတ်ဉာဏ်က ဂျန်ဒါနဲ့ ချိတ်ဆက်ထားပါတယ်
အမျိုးသမီးတွေရဲ့ မှတ်ဉာဏ်က ငယ်စဉ်ကတည်းက အမျိုးသားတွေထက် သာလွန်ပါတယ်။ အပျိုဖော်ဝင်ပြီးနောက် ဒီခြားနားချက်က ပိုထင်ရှားလာပြီး အရွယ်ရောက်ပြီးချိန်အထိ ဆက်ဖြစ်ပေါ်နေပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် နှုတ်မှတ်ဉာဏ် ပိုမြန်ပြီး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြပါတယ်။ အမျိုးသမီးတွေက အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြတဲ့အခါ စိတ်ခံစားမှု ပိုပြတာမျိုး၊ အနာဂတ်ဖြစ်ရပ်တွေနဲ့ ပတ်သတ်လာတဲ့အခါ အသေးစိတ် မှတ်မိနေတာမျိုး ရှိပါတယ်။ သင့်ကောင်မလေးက သင်တစ်ခုခုပြောခဲ့တဲ့ ရက်စွဲကို အမြဲသတိရနေတာ ဒီအကြောင်းရင်းကြောင့်ပါ။
၂။ အနံ့ခံအာရုံက အမျိုးသမီးတွေမှာ ပိုအားကောင်းပါတယ်
လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အနံ့ကို ဘာသာပြန်ပေးတဲ့ ဦးနှောက်ကိရိယာဖြစ်တဲ့ “အနံ့ခံစင်တာတွေ” မှာ အာရုံကြော ၅၀% ပိုရှိပါတယ်။ အရင်တုန်းကတော့ ဒီပိုကောင်းတဲ့အနံ့အာရုံက မျိုးပွားဖို့ ရှာဖွေနေချိန်မှာ သူတို့ရဲ့ပါတနာကို ရွေးချယ်ဖို့ အမျိုးသမီးတွေအား ကူညီပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာ သုတေသီတွေက တစ်စုံတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အနံ့ခံနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါတင်မကဘဲ သားဥကြွေချိန်မှာ အမျိုးသမီးတွေအတွက် အမျိုးသား ဟော်မုန်းအနံ့ဟာ ၁၀၀၀၀ ပိုများပါတယ်။ အမျိုးသမီးတွေဟာ အနံ့ပြင်းပြင်း သုတ်ဆေး (သို့) ရေမွှေးနံ့ရတဲ့အခါ နေမကောင်းနိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ပိုပြီး sensitive ဖြစ်တယ်ဆိုတာ အံ့သြစရာမရှိပါဘူး။
၃။ သူတို့ရဲ့နှလုံးအရွယ်အစားက မတူပါဘူး
အမျိုးသားတွေက အမျိုးသမီးတွေထက် ကိုယ်ကာယပိုင်းဆိုင်ရာ ပိုကြီးကြောင်း အားလုံးသိကြပါတယ်။ သို့သော် အဲဒီထဲမှာ သူတို့ရဲ့နှလုံးလည်း ပါဝင်ပါတယ်။ အမျိုးသားတွေက နှလုံးပိုကြီးပါတယ်။ ဒီအတွက်ကြောင့် သူတို့ရဲ့ နှလုံးခုန်နှုန်းက နှေးကွေးပါတယ်။ အမျိုးသားတစ်ဦးရဲ့ ပျမ်းမျှနှလုံးခုန်နှုန်းက တစ်မိနစ်လျှင် ၇၀ မှ ၇၂ ကြိမ်ကြားရှိပြီး အမျိုးသမီးတစ်ဦးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်လျှင် ၇၈ မှ ၈၂ ကြိမ်ကြားရှိပါတယ်။
၄။ အရည်အချင်းတွေမှာ ကွာခြားချက်များ
အမျိုးသားတွေက အမျိုးသမီးတွေထက် (အပြန်အလှန်အားဖြင့်) အချို့သောအလုပ်တွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြပါတယ်။ သို့သော်လည်း သူတို့က ပိုထက်မြက်တာကြောင့် မဟုတ်ဘဲ ဦးနှောက်ရဲ့ ကွဲပြားသော hemispheres တွေကို အသုံးပြုခြင်းနဲ့ ပိုသက်ဆိုင်ပါတယ်။
ဥပမာအားဖြင့် အမျိုးသားတွေက အာရုံစူးစိုက်ရတဲ့ အလုပ်တွေ၊ စိန်ခေါ်မှုတွေကို ပြီးမြောက်အောင်မြင်စေခြင်းမှာ အမျိုးသမီးတွေထက် လက်-မျက်လုံး ညှိနှိုင်းမှု ပိုကောင်းဖို့ လိုအပ်သော်လည်း အမျိုးသမီးတွေဟာ ခွဲခြမ်းစိတ်ဖြာခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ အလုပ်များစွာ လုပ်ဆောင်ခြင်းမှာ ပိုကောင်းမွန်ပြီး အာရုံစူးစိုက်မှုအပိုင်းနဲ့ လူမှုရေးဆိုင်ရာ စွမ်းဆောင်ရည်တွေမှာ ပိုကောင်းမွန်ပါတယ်။ ဒါက အသက် ၁၂- ၁၄ နှစ်ရှိ ကလေးတွေမှာ အထင်ရှားဆုံးဖြစ်ပြီး အသက်ကြီးလာတာနှုင့်အမျှ ကွဲပြားမှုတွေ သေးငယ်လာပါတယ်။
၅။ supertaster ဖြစ်ခြင်းက သင့်ရဲ့ ဂျန်ဒါနဲ့ ဆက်စပ်နေပါတယ်
အမျိုးသမီးတွေက ယေဘုယျအားဖြင့် အမျိုးသားတွေထက် အရသာခံဖုလေး(taste buds)တွေ ပိုများပါတယ်။ ဆိုလိုတာက သူတို့ဟာ အမျိုးသားတွေထက် အချဉ်၊ အခါးအပါအဝင် မတူညီတဲ့ အရသာအမျိုးမျိုးကို အရသာခံနိုင်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်မှာပါ)
ဒီပိုပြင်းတဲ့ အရသာခံစားမှုက “supertasters” အတွက် ဖြစ်တတ်ပြီး ၃၅ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ဒါကို ခွဲခြားသိမြင်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သားဖွားတဲ့ အမျိုးသမီးတွေဟာ အသက်ငယ် (သို့) အသက်ကြီးတဲ့ အမျိုးသမီးတွေထက် အရသာခံနိုင်စွမ်း ပိုအားကောင်းကြပါတယ်။
၆။ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်တွင်း အဆီစုပုံလာတာ ပိုမြန်ပါတယ်
အမျိုးသားတွေမှာ တက်စတိုစတုန်း ပိုများတာကြောင့် ကိုယ်အလေးချိန် မြန်မြန်ကျဖို့ အလားအလာပိုများပါတယ်။ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အဆီပိုတွေက ၆%- 11% ခန့်ရှိပြီး လိုက်လျောညီထွေရှိခြင်း (ကိုယ်ဝန်) ကြောင့် ဖြစ်ပါတယ်။ သင်ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တစ်နေ့တာလုံး ကယ်လိုရီနည်းနည်းစားရင်တောင် အမျိုးသားတစ်ယောက်ထက် ခန္ဓာကိုယ်အဆီပိုရှိနေနိုင်ပါတယ်။
၇။ အကြားအာရုံက မျိုးရိုးဗီဇနဲ့ များစွာ သက်ဆိုင်ပါတယ်
အမျိုးသားတွေက အမျိုးသမီးတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၅ဆခွဲ ပိုများကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ သို့သော် မွေးကင်းစကလေးတွေမှာ ဒီအချက်က ထင်ရှားခြင်းမရှိပါဘူး။ သုတေသီတွေက ဒီအချက်ဟာ ဆူညံသံတွေနဲ့ ပိုမိုထိတွေ့ခံရခြင်းနှင့် (အမျိုးသားတွေ ပိုထိခိုက်နိုင်သော) နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ကဲ့သို့သော အမျိုးသားတွေရဲ့ နေထိုင်မှုပုံစံကြောင့်ဖြစ်ကြောင်း အကြံပြုထားပါတယ်။ သို့သော်လည်း အမျိူသမီးတွေက အထူးသဖြင့် လူလတ်ပိုင်းအရွယ်မှာ အကြားအာရုံပိုကောင်းကြတယ် ဆိုကြပေမယ့် အသက်ကြီးလာတာနှင့်အမျှ လျော့နည်းသွားကြတယ်လို့ ဆိုပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside.