အလိုလိုသိစိတ်ကို ဘယ်လိုဖွံ့ဖြိုးအောင်လုပ်မလဲ? အဆင့်မြှင့်တင်နည်း (၅) နည်း
lifestylemyanmar.com
|
2022-03-09

အလိုလိုသိစိတ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရပေမယ့် အလွန်မှန်ကန်သော ရလဒ်တွေကို ခံစားရနိုင်ပါတယ်။ ကျွန်မတို့ရဲ့ တစ်ခုတည်းသော ပြဿနာက ကျွန်မတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို ဘယ်လိုနာခံရမယ်ဆိုတာ မသိခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်မတို့တစ်ဦးချင်းစီက လက်ဆောင်တွေပါလာကြပြီး အသိစိတ်နှင့် မသိစိတ်တွေးတွေကို အသုံးပြုနိုင်စွမ်းရှိကြပါတယ်။ ကျွန်မတို့ရဲ့ ပင်ကိုယ်သိစိတ်ဆိုတာ အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်ပြီး တစ်ခါတရံမှာ သင်ဒွိဟဖြစ်ရတဲ့ အကြောင်းအရင်းမျိုးကို သင့်မသိစိတ်က ဖြေရှင်းပေးပါလိမ့်မယ်။ ဒီတော့ သင့်ရဲ့ ပင်ကိုယ်သိစိတ်(သို့) မသိစိတ်ကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်မလဲ?

၁။ သင့်ယုံကြည်မှုတွေကို သတိထားကြည့်ပါ


သင့်ရဲ့ ယုံကြည်မှုတွေက ကုသခြင်းအတွက် အဆင့်သတ်မှတ်ပါတယ်။ အပြုသဘောဆောင်တဲ့ သဘောထားတွေက ကြီးထွားမှုတွေကို လှုံ့ဆော်ပေးပါတယ်။ သင့်မှာ ရှိနေမှန်းတောင် မသိနိုင်တဲ့ဆန့်ကျင်ဘက်သဘောထားတွေကို ဖယ်ရှားဖို့ အရေးကြီးပါတယ်။ ကိုယ်တွင်းအင်္ဂါစနစ်တွေက သင့်ရဲ့ အတွေးတွေနဲ့ လွဲနေတာတော့ မဟုတ်ပါဘူး။ သင့်ရဲ့ ယုံကြည်မှုတွေက သင့်ရဲ့ အာရုံကြောဓာတုပစ္စည်းတွေကို စီစဉ်ပါတယ်။

၂။ သင့်ခန္ဓာကိုယ်က အသံကို နားထောင်ပါ

သင့်ခန္ဓာကိုယ်ဟာ ရှုတ်ထွေးပြီး ထိလွယ်ရှလွယ်အလိုလိုသိနိုင်သော လက်ခံသူတစ်ဦးဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းက လူအများစုက လည်ပင်းကလွဲပြီး ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျစ်လျူရှုပြီး အသက်ရှင်နေထိုင်ကြပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုကို သိမြင်က သင့်ရဲ့ အလိုလိုသိစိတ်ကို ပွင့်စေပါတယ်။ အဲ့ဒီ့အခါ သင့်ခန္ဓာကိုယ်က ပေးပို့တဲ့ ကြိုတင်သတိပေးလက္ခဏာတွေကို ပိုပြီး လိုက်လျောညီထွေဂရုစိုက်လာပါလိမ့်မယ်။

၃။ သင့်ခန္ဓာကိုယ်ရဲ့ သိမ်မွေ့သော စွမ်းအင်ကို ခံစားပါ


ကျွန်မတို့မှာ အသွေးအသားနဲ့ ဖွဲ့စည်းထားသော ခန္ဓာကိုယ်တစ်ခုရှိပြီး အဲ့ဒီ့ခန္ဓာကိုယ်မှာ သိမ်မွေ့သော စွမ်းအင်တွေရှိပါတယ်။ တရုတ်ဆေးပညာရှင်တွေက ဒီအရာကို Chi လို့ခေါ်ကြပြီး အဲ့ဒီ့အရာတွေက ခန္ဓာကိုယ်အတွင်းပိုင်အထိ ထိုးဖောက်ဝင်ရောက်ကြတာဖြစ်ပါတယ်။ အလိုလိုသိမြင်သော ရှုထောင့်ကနေ chatras ဟုခေါ်သော အလယ်ဗဟိုက ကျွန်မတို့ရဲ့ ကျန်းမာရေးကို သိသာထင်ရှားစွာ အကျိုးရှိစေပါတယ်။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွင်းက ဒီစွမ်းအင်ကို နားလည်နိုင်ဖို့ သင်ယူသင့်ပြီး စွမ်းအင်တွေကို ပိတ်ထားတဲ့အခါ အသိအမှတ်ပြုဖို့နှင့် မညီမျှမှုတွေကို သင်ယူဖို့ အရေးကြီးပါတယ်။ ခံစားမှုစွမ်းအင်က ကာမဂုဏ်၊ ချစ်ခြင်းမေတ္တာရဲ့ တိုးချဲ့မှုတစ်ခုဖစ်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အသုံးချဖို့ သင်ယူခြင်းက သက်သာရာတစ်ခုရစေပါလိမ့်မယ်။

၄။ အတွင်းပိုင်းလမ်းညွှန်မှုကို တောင်းဆိုပါ


ကျွန်မတို့တစ်ဦးချင်းစီမှာ ကုသခြင်းနဲ့ပတ်သက်သော အတွင်းပိုင်းအလိုလိုသိသောအသံတစ်ခုကို ပိုင်ဆိုင်ကြပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မကြာခဏကျယ်လောင်တတ်တာကြောင့် ဒီအသံက တိမ်မြှပ်နေပါလိမ့်မယ်။ ကျွန်မတို့က တရားထိုင်ခြင်း၊ ငြိမ်သက်စွာ ဆင်ခြင်ခြင်း၊ သဘာဝနှင့် ဆက်စပ်ခြင်း၊ ဆုတောင်းခြင်းစတဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်သော အဖြေတွေရရှိဖို့ စိတ်ကို အေးငြိမ်းစွာဖြတ်သန်းတတ်ဖို့ သင်ယူသင့်ပါတယ်။

အတွင်းပိုင်းအလိုလိုသော အသံကို နားထောင်ဖို့ နေ့စဉ်မိနစ်အနည်းငယ်ခန့် အချိန်ပေးပါ။ မီးသီးရုတ်တရက် ပွင့်သွားသလိုမျိုး၊ ခံစားချက်၊ ရုပ်ပုံ၊ အသံ၊ မှတ်ချက်၊ အာရုံခံစားမှုတစ်ခုအဖြစ် ပေါ်လာနိုင်ပါတယ်။ သင့်ရဲ့ အတွင်းစိတ်ပညာက ပေးတဲ့ အချက်ပြမှုတွေကို ယုံကြည်ဖို့လည်း သင်ယူသင့်ပါတယ်။

၅။ အိပ်မက်တွေရဲ့ အသံကို နားထောင်ပါ


အလိုလိုသိစိတ်ဆိုတာ အိပ်မက်ရဲ့ ဘာသာစကားဖြစ်ပါတယ်။ အိပ်စက်ခြင်းရဲ့ REM အဆင့်မှာ ညတိုင်းမိနစ်ကိုးဆယ်တိုင်း ကျွန်မတို့ အိပ်မက်တွေမက်ကြပါတယ်။ အိပ်မက်တွေက ကျန်းမာရေး၊ အချစ်ရေး၊ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုများ ဘယ်လိုဦးတည်ချက်အသစ်အတွက်မဆို ပတ်သက်သောအဖြေတွေကို ပေးပါတယ်။ လျှို့ဝှက်ချက်တော့ အဲဒီ့အရာတွေကို သင်မှတ်မိနေဖို့ပါပဲ။ ဒါ့ကြောင့် အိပ်မက်တွေကို ချရေးဖို့ ဂျာနာစာအုပ်တစ်အုပ်ထားသင့်ပါတယ်။ အိပ်ရာမဝင်ခင် အိပ်မက်မေးခွန်းတစ်ခုကို မေးပါ။

ဥပမာ – ဒီဆက်ဆံရေးက ငါ့အတွက် တကယ်အဆင်ပြေနိုင်ရဲ့လား ၊ ငါဆက်လျှောက်သင့်လားဆိုတဲ့ မေးခွန်းမေးပါ။ အဖြေမလာမချင်း ညတိုင်းမေးခွန်းကို ထပ်ခါထပ်ခါကြိုးစားပါ။ အိပ်မက်တွေကို မှတ်မိတဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်လာတာနဲ့အမျှ ဒီကုစားမှုပုံစံကနေ အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindjournal


#ကျန်းမာရေး
#ခန္ဓာကိုယ်
#ယုံကြည်မှု
#အရေးကြီး
#အာရုံ

Some text some message..