တစ်ယောက်ကိုတစ်ယောက် ချစ်ပေမယ့် အတူတူနေလို့မရဘူး – ဘာလုပ်ရမလဲ?
lifestylemyanmar.com
|
2022-03-10

မင်းရဲ့နှလုံးသားက တစ်စုံတစ်ယောက်အတွက် ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေချိန်ဖြစ်ပေမယ့်လည်း တစ်ချိန်တည်းမှာပဲ မင်းဟာ အနာကျင်ရဆုံးသော ရင်ကွဲနာကျခြင်းကို ဖြတ်သန်းနေရပါတယ်။ မင်း သူတို့ကို ချစ်ပေမယ့် မဖြစ်သင့်ဘူး၊ လက်တွဲလို့မရဘူးဆိုတာ မင်းသိပါတယ်။ မင်းရဲ့အချစ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သလို မင်းနှလုံးသားထဲက တစ်စုံတစ်ယောက်ကို ဖျက်ပစ်နိုင်တဲ့ စွမ်းအားလည်း မရှိပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စစ်မှန်တဲ့အချစ်က အမြဲတမ်း တိုက်ပွဲဝင်ရကျိုးနပ်တယ်ဆိုတာ သိထားသင့်ပါတယ်။

အချစ်ရေးမှာ လူနှစ်ယောက် အတူမနေနိုင်ရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဖြစ်အများဆုံးတွေကို ရွေးပြီး ထိရောက်တဲ့ relationship အကြံဉာဏ်အချို့ကို ဖော်ပြပေးထားပါတယ်။ အချိန်ဆွဲခြင်းက ဆုံးရှုံးမှုကို ယူဆောင်တတ်တယ်ဆိုတဲ့ စကားကို မင်းသိပါတယ်။ ဒီတော့ မင်းနဲ့ မင်းချစ်သူကြားမှာ တံတားတစ်စင်းကို တည်ဆောက်ဖို့ နည်းလမ်းရှာကြည့်ရအောင်။

၁။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပေမယ့် ဝေးကွာနေတာကြောင့် အတူမနေနိုင်ပါဘူး

ဝေးကွာနေတဲ့ ဆက်ဆံရေးက အဆင်မပြေပါဘူး။ ကျွန်မတို့ ချိန်းတွေ့တုန်းက ကျွန်မချစ်သူက သူ့အလုပ်ကြောင့် အဝေးကို ထွက်သွားခဲ့ရပါတယ်။ ကျွန်မဘဝမှာ အခက်ခဲဆုံးနှစ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းခွဲခြင်းကို ရွေးချယ်ခွင့်အဖြစ် ကျွန်မတို့ ဘယ်သောအခါမှ မစဉ်းစားခဲ့ပါဘူး၊ ဘယ်အကွာအဝေးကမှ ငါတို့ကိုခွဲနိုင်မှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် အတူရှိနေမယ်လို့ အချင်းချင်း ကတိပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ အရာအားလုံးကို သည်းခံခဲ့ပြီး လေးနှစ်အကြာမှာတော့ ပျော်ရွှင်စွာ လက်ထပ်ခဲ့ကြပါတယ်။ မင်းရဲ့အချစ်ဇာတ်လမ်းမှာ တူညီတဲ့ အဆုံးသတ်တွေ ရှိနိုင်ပေမယ့် မင်းရဲ့ long-distance relationship ကို အဆင်ပြေအောင် ကြိုးစားမှသာ ဖြစ်ပါတယ်။

နားလည်မှုနဲ့ ပုံမှန်ပြောဆိုဆက်ဆံမှုက အကွာအဝေးကို ဆန့်ကျင်ဖို့ အစွမ်းထက်ဆုံးလက်နက်ဖြစ်ပါတယ် “ပုံမှန်” အချစ်ရေးမှာ ရှိနေသလို ရိုးရိုးရှင်းရှင်း ပြုမှုသင့်ပါတယ်၊ နေ့တိုင်းပုံမှန်အဆက်အသွယ်လုပ်ပါ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောပါ။ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ပြောပါ၊ အားလပ်ရက်တွေမှာ တွေ့ဖို့ကြိုးစားပြီး ဘာပဲဖြစ်ဖြစ် ရင်းနှီးမှုရှိအောင် နည်းလမ်းရှာပါ။

အခြားအရာအားလုံးထက် စိတ်ရှည်သည်းခံပြီး နားလည်ပေးပါ၊ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသားချစ်ပြီး ဘာပဲဖြစ်ဖြစ် အတူနေချင်တဲ့အခါ ဝေးကွာခြင်းက ဘာမှမဖြစ်ဘူးဆိုတာ သတိရပါ။


၂။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပေမယ့် မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကြောင့် အတူနေလို့မရပါဘူး

ကျွန်မတို့ society မှာ ဒီယုံကြည်မှုဆိုင်ရာ ပြဿနာတွေကို ကျော်လွှားခဲ့ပြီးပြီလို့ ကိုယ့်ကိုယ်ကို အမြဲနှစ်သိမ့်ဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာပဲ အဲဒါက မမှန်ပါဘူး။ ဒီအရာတွေက တည်ရှိဆဲဖြစ်ပြီး စုံတွဲအများအပြားဟာ သူတို့ရဲ့ မတူညီတဲ့ ဘာသာတရားကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစုံတွဲတွေထဲမှ တစ်ယောက်မဖြစ်ပါစေနဲ့။ ဘုရားသခင်က ကျွန်မတို့အားလုံးကို ချစ်ပါတယ်။ သူတို့အမြင်မှာ ကျွန်မတို့အားလုံးက အတူတူပဲဖြစ်ပါတယ်။

လေးစားမှု၊ လက်ခံမှုနှင့်အတူ အားလုံးစတင်ပြီး ပြီးဆုံးပါ

အချို့အရာတွေနှင့်ပတ်သတ်ပြီး သဘောမတူဖို့ agree လုပ်နိုင်ပါတယ်။ သို့သော်လည်း မင်းလက်တွဲဖော်ရဲ့ တန်ဖိုးထားမှုနဲ့ ယုံကြည်ချက်တွေကို အလေးမထားတာမျိုး (သို့) လုံးဝငြင်းဆန်တာမျိုး မပြုသင့်ပါဘူး။

မတူညီတဲ့ အားလပ်ရက်တွေက မတူညီတဲ့ အယူဝါဒတွေဖြင့် လာပါတယ်။ ဆိုလိုတာက မင်းမှာ အခမ်းအနားပွဲတွေအတွက် အကြောင်းပြချက် ပိုများပြီး မင်းချစ်ရသူနဲ့ ပျော်ရွှင်ဖို့ အကြောင်းပြချက်တွေ ပိုရရှိလာမှာ ဖြစ်ပါတယ်။


၃။ တစ်ယောက်ကို တစ်ယောက် ချစ်ပေမဘ့် တခြားသူအပေါ် ကတိပေးထားတာကြောင့် အတူနေလို့မရဘူး

တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်နေကြပေမယ့် နှစ်ယောက်စလုံးက အိမ်ထောင်သည်တွေလား? အမှန်တော့ ဒီအရာတွေက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး ကွာရှင်းပြတ်စဲရခြင်းရဲ့အကြောင်းရင်းဖြစ်ပါတယ်။

သို့သော် မင်းအိမ်ထောင်ရေး မပြီးဆုံးသေးချိန်မှာ ဘယ် relationship မျိုးမှာမဆို မပါဝင်ပါနဲ့။ အိမ်ထောင်သည် ယောကျ်ား/မိန်းမတွေနဲ့ ဆက်ဆံရေးရှိခြင်းက အရမ်းခက်ခဲပြီး ကောင်းတဲ့နည်းလမ်းဖြင့် ဘယ်တော့မှ အဆုံးမသတ်ပါဘူး။

နှစ်ယောက်စလုံးက တစ်ဖက်ကို ရွေးရပါမယ်

အဲဒီဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ ကိုယ့်ကိုယ်ကို တစ်ချက်မေးပြီး အဖြေကို ရက်စက်စွာ ရိုးသားပါ။၊ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်တာလား ဒါမှမဟုတ် ဝါသနာသက်သက်လို့ထင်လား? ဒါမှမဟုတ် အရူးအမူးလား?

မင်းအချစ်ရဲ့ခွန်အားနဲ့ ပတ်သတ်ပြီး သံသယတွေရှိနေရင် မင်းလက်တွဲဖော်ကို ထားခဲ့ခြင်းအားဖြင့် အမှားကြီးတစ်ခု လုပ်မိသွားနိုင်ပါတယ်။ မင်းတစ်သက်လုံး ခြောက်ခြားသွားစေမယ့် အမှားတစ်ခုပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားရတာ သေချာတယ်ဆိုရင်တော့ မင်းဘဝလက်တွဲဖော်ကို လိမ်ညာတာဟာ မတရားပါဘူး။ တစ်လောကလုံးက မင်းကို ဆန့်ကျင်နေရင်တောင် မင်းအိမ်ထောင်ရေးကို စွန့်ခွာပြီး တစ်ယောက်နဲ့တစ်ယောက် အနားမှာရပ်တည်ဖို့ ခွန်အားတွေရှာရန် လိုအပ်ပါတယ်။


၄။ အချင်းချင်းက ချစ်နေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နာကျင်အောင်လုပ်နေတာကြောင့် အတူနေလို့မရပါဘူး

Emotional abuse , လေးစားမှုနဲ့ နားလည်မှု မရှိခြင်း၊ ခြယ်လှယ်ခြင်း၊ မနာလိုမှု… ဒါတွေအားလုံးက သင့်အချစ်ရေးရဲ့ ပုံစံတွေလား?…

အချစ်ကြောင့် စုံလုံးကန်းရမယ်လို့ မဆိုလိုပါဘူး၊ မင်းတို့နှစ်ယောက်လုံးရဲ့ မကျန်းမာတဲ့ ဆက်ဆံရေးကို ကောင်းကောင်းသိပေမယ့် မင်းအချစ်ရေးကို စွန့်လွှတ်ဖို့ စဉ်းစားနေတာက မကောင်းပါဘူး။တကယ်လို့ လူတစ်ယောက်ဟာ တစ်ဖက်သားကို ဆက်နာကျင်စေပါက မျှတမှုမရှိသော အချစ်ဖြစ်ပြီး ထိုဆက်ဆံရေးမျိုးအတွက် အမှန်တကယ် တိုက်ပွဲဝင်ဖို့ အကြောင်းမရှိပါဘူး။ သို့သော မင်းတို့နှစ်ယောက်စလုံး ထိုအမှားတွေမှာ ညီတူညီမျှ အပြစ်ရှိရင် အပြန်အလှန်အားထုတ်လိုစိတ်ရှိရင် မင်းတို့ဆက်ဆံရေး ပြန်ကောင်းမွန်လာနိုင်ပါတယ်။

အရှုံးမပေးဘဲ မင်းအချစ်ရေးကို ရှေ့ဆက်ပါ

ခက်ခဲကြမ်းတမ်းလာတဲ့အခါ သူရဲဘောကြောင်သူတွေသာ စွန့်ခွာသွားကြပါတယ်, အဓိကကတော့ ဆက်ပြီး တိုက်ပွဲဝင်နေဖို့ပါပဲ။ မင်းရဲ့ဆက်ဆံရေးကို ပြုပြင်ဖို့ ခြေလှမ်းတစ်ခုကို မင်းလုပ်ထားပြီးသား .. toxic ဖြစ်တယ်လို့ မင်းဝန်ခံတယ်။ အခု ဒီအဆိပ်အတောက်တွေကို ညှစ်ထုတ်ပြီး ပြန်ကျန်းမာလာစေဖို့ နည်းလမ်းရှာဖို့ပဲ လိုပါတယ်။ မင်းသွားရာလမ်းမှာ အတားအဆီးအနည်းငယ်ရှိတာကြောင့် မင်းတို့ အတူမနေနိုင်တော့ဘူးလို့ မဆိုလိုပါဘူး၊ မင်းရဲ့ချစ်ခြင်းမေတ္တာအတွက် မင်းလုပ်နိုင်ရပါမယ်။


၅။ တစ်ယောက်ကို တစ်ယောက် ချစ်ပေမယ့် မိသားစုက သဘောမတူတာကြောင့် အတူနေလို့မရပါဘူး

မင်းရဲ့အချစ်က ရိုးသားတယ်ဆိုတာကို သက်သေပြဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ မင်းမိသားစုက မင်းဆက်ဆံရေးကို ပံ့ပိုးပေးမှာ မဟုတ်ပါဘူး။ သီးခြားလမ်းတွေ လျှောက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မှာပါ။ သူတို့က တစ်လောကလုံးက မင်းအချစ်ရဆုံးသူတွေဖြစ်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်တွေက မင်းအတွက် အရမ်းအရေးပါတယ်ဆိုတာ လုံးဝပုံမှန်ပါပဲ။ ဒါပေမယ့် မင်းပျော်ရွှင်မှုက သူတို့အတွက် အရေးကြီးဆုံးအရာ မဖြစ်သင့်ပါဘူး။

မင်းချစ်ရသူတွေရဲ့ ပံ့ပိုးကူညီမှုရရှိရေးက အရေးကြီးတယ်ဆိုပေမယ့် ဦးစားပေးရမယ့်အရာက ဘာလဲဆိုတာကို မင်းကိုယ်တိုင် ဆုံးဖြတ်ရပါမယ်

မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ မင်းမိသားစုကို ကျေနပ်စေဖို့အတွက် တစ်ယောက်ကို တစ်ယောက် လက်လွှတ်မှာလား? ဒါမှမဟုတ် သူတို့ကို ဆန့်ကျင်ပြီး အချစ်အတွက် တိုက်ပွဲဝင်မှာလား?ဒါက နှစ်ယောက်စလုံးအတွက် ခက်ခဲပါတယ်။ မိသားစုသဘောတူမယ့် နည်းလမ်းကို မင်းရှာဖွေနိုင်ပါတယ်။ ပထမရွေးချယ်မှုကို ရွေးမယ်ဆိုရင် မင်းတစ်သက်လုံး နောင်တရနိုင်ပါတယ်။


၆။ တစ်ယောက်ကိုတစ်ယောက် ချစ်ပေမယ့် ဘဝပန်းတိုင်က မညီတာကြောင့် အတူနေလို့မရပါဘူး’

ယနေ့ခေတ်မှာ အများအားဖြင့် ချစ်ခြင်းမေတ္တာဖြင့် ပေါင်းသင်းကြတဲ့ လူနှစ်ယောက်မှာ တူညီတဲ့ (သို့) အနည်းဆုံး အလားတူ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေနဲ့ အနာဂတ်အတွက် ရည်ရွယ်ချက်တွေရှိဖို့ လိုအပ်တယ်ဆိုတဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာပါတယ်။

ဆန့်ကျင်ဘက်ပြောရရင် ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အလုံးစုံသော အချက်မှာ မင်းရဲ့အမှီအခိုကင်းမှုကို ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ မင်းမှာ မတူညီတဲ့ ဘဝပန်းတိုင်တွေ ရှိနိုင်ပေမယ့် ၎င်းတို့အောင်မြင်ဖို့ အချင်းချင်း ပံ့ပိုးကူညီသင့်ပါတယ်။

အပေးအယူလုပ်ပါ ၊ အပိုင်းပိုင်း ကွဲသွားတာထက် နည်းနည်းလေးကွေးသွားတာက ပိုကောင်းပါတယ်

ပေါင်းသင်းဆက်ဆံရေးတစ်ခု အောင်မြင်ဖို့အတွက် ပန်းတိုင် တစ်ခုတည်းကို မျှဝေသင့်ပါတယ်။ အတူတူ ကြီးပြင်းဖို့ပါ။ အဲ့ဒါက သင်တို့နှစ်ယောက်ရဲ့ တူညီတဲ့ ပန်းတိုင်တစ်ခုဆိုရင် တခြားဘာမှ အရေးမကြီးပါဘူး။

မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွနေက မင်းတို့နှစ်ယောက်မှာရှိတဲ့အရာတွေကိုမပျက်စီးပါစေနဲ့ ။ ပန်းတိုင်နဲ့ အိပ်မက်တွေကို စွန့်လွှတ်သင့်တယ်လို့ ပြောတာမဟုတ်ပါဘူး။ လေးစားမှုနဲ့ လက်ခံမှုကို မွေးမြူခြင်းအားဖြင့် အနာဂတ်ကို အတူတူ တည်ဆောက်ဖို့ အခြေခံတူညီမှုကို ရှာဖွေနိုင်မှာပါ။


၇။ တစ်ယောက်ကို တစ်ယောက် ချစ်ပေမယ့် အသက်ကွာဟချက်ကြီးမားတာကြောင့် အတူမနေနိုင်ကြပါဘူး

မင်းတို့နှစ်ယောက် ချစ်နေကြပေမယ့် အသက်ကွာဟချက်ကြီးတာက မင်းကို တကယ့်ပြဿနာတွေဖြစ်စေပြီး အတူတူနေလို့မဖြစ်နိုင်ဘူးလို့ ထင်နေမှာပါ။ ဟုတ်ပါတယ်၊ ဒါက အသက်အရွယ်သာမကဘဲ ကွဲပြားမှုတွေနဲ့ မတူညီတဲ့ ဘဝအတွေ့အကြုံတွေ ပါဝင်လာပါတယ်။ အဲ့ဒါအပြင် မင်းမိသားစုက မင်းရဲ့အချစ်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမှာပါ။ တစ်ခုတော့ပြောပါရစေ၊ အဲဒါတွေ တစ်ခုမှ အရေးမကြီးပါဘူး။ ဘာလို့လဲဆိုတော့ မင်းဟာ တော်တော်များနေတဲ့ အမြင်နဲ့ ကြည့်နေတာမို့ပါ..

အဲ့ဒါကို အတားအဆီးတစ်ခုအနေနဲ့ မဟုတ်ဘဲ အခွင့်အရေးတစ်ခုအနေနဲ့ မြင်သင့်ပါတယ်

စုံတွဲအများစုက သူတို့အချစ်ရေးကို အနှေးနဲ့အမြန်ဆိုသလို ပျက်သွားလိမ့်မယ်လို့ ထင်တာကြောင့် ကွဲလွဲမှုတွေကို ကြောက်ကြပါတယ်။ ကွာခြားချက်တွေက လူနှစ်ယောက်ကို ပိုရင်းနှီးစေပါတယ်။ မတူကွဲပြားမှုတွေက တစ်ဦးဆီက အကြောင်းအရာတွေကို တစ်ဦးက ရှာဖွေသင်ယူနိုင်စေပြီး လက်တွဲဖော်တွေကြား နှောင်ကြိုးကို ခိုင်ခံ့စေရုံသာဖြစ်ပါတယ်။

တကယ်တော့ အချစ်ဆိုတာ အသက်အရွယ်၊ ယုံကြည်မှု၊မျိုးနွယ်နဲ့ ဒီလိုအရာတွေကို ဂရုမစိုက်ပါဘူး။ တကယ်တော့ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တဲ့အခါ အချစ်ကလွဲလို့ တခြားဘာမှ အရေးမကြီးတော့ပါဘူး။


Lifestyle_Myanmar

LM_Nandar

Source- herway


#အချစ်ရေး
#ပန်းတိုင်
#အရာ
#ကြိုးစား
#အနာ

Some text some message..