အလုပ်များတဲ့သူကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင် သိသင့်တဲ့ နည်းလမ်း ၄ ခု
lifestylemyanmar.com
|
2022-03-10

အလုပ်ရှုပ်တဲ့သူနဲ့ အလုပ်များတဲ့သူဆိုတာက တကယ်မတူပါဘူး။ တစ်ချို့က လုပ်စရာအလုပ်တွေ တကယ်ကို များပြားပြီး အမြဲမအားဖြစ်နေတတ်ပါတယ်။ ဒီလိုလူမျိုးက သင့်လက်တွဲဖော် ဆိုရင် သေချာပါတယ် သင်ကိုမချစ်ဘူးလို့ ထင်ကောင်းထင်နေမှာပါ။ အချိန်တိုင်းက သူ့အတွက် တန်ဖိုးရှိနေပြီး အချိန်တိုင်းကို အလုပ်လုပ်နေတတ်တဲ့ သူတွေက တကယ်သနားဖို့ကောင်းပါတယ်။ သင်ကသူတို့ကို လက်တွဲဖော် အဖြစ် သတ်မှတ်ထား ပြီးပြီဆိုရင်တော့ နားလည်မှု၊ မေတ္တာအပြည့်နဲ့ ချစ်ပေးဖို့လိုပါတယ်။ သူတို့က အထီးကျန်ခြင်း ကမ္ဘာထဲမှာ လမ်းပျောက်နေတဲ့ သူမလို့ သင်ကသူတို့ အတွက်တော့ နေမင်းကြီး လိုပဲ ဖြစ်နေမှာပါ။


၁။ သူ့ဘဝမှာ ဖြစ်ပျက်နေတာကို ရှင်းပြဖို့ကြိုးစားတယ်

ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက အလုပ်လို့ သတ်မှတ်ထားတဲ့ ယောက်ျားတွေက တကယ်ရှိပါတယ်။ သူက မင်းကိုတကယ်ချစ်ပြီး သူ့ဘဝထဲမှာ မင်းကိုလိုချင်ရင် သူ့အလုပ်၊ သူ့အချိန်၊ သူဘာလုပ်နေတယ် စသဖြင့် အသေးစိတ် ပြောပြတတ်ပါတယ်။ သူအလုပ်မအားလို့ ချက်ချင်းမတွေ့နိုင်ရင်တောင် သူ့ကမ္ဘာမှာ မင်းကိုထည့်သွင်းဖို့ ကြိုးပမ်းနေတာကို မင်းမြင်နိုင်ပါလိမ့်မယ်။


၂။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သင့်ကိုရအောင်အချိန်ပေးတယ်

ဘဝက အလုပ်များပြီး လူတိုင်းမှာ အမိုက်စား အချိန်ဇယားတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အလုပ်ကြိုးစားတဲ့ သူအတွက်ကတော့ အချိန်တိုင်းက တန်ဖိုး ရှိနေပြီး အချိန်တိုင်းကို အလုပ်လုပ်နေတတ်ပါတယ်။ ဒါပေမယ့် မင်းကိုတကယ်ကြိုက်နေတဲ့ သူက သူ့ရဲ့ဦးစားပေးအဖြစ် သင့်ကို အချိန်ပေးပါလိမ့်မယ်။


၃။ သူ့ကစာပြန်ဖို့ ကြာပေမယ့် သူအမြဲတမ်းတော့ စာပို့နေတတ်ပါတယ်

မင်းကို စိတ်မဝင်စားတဲ့ ယောက်ျားတစ်ယောက်က မင်းရဲ့ မက်ဆေ့ချ် တွေပြန်ကြားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အလုပ်များပြီး သင့်ကိုချစ်တဲ့သူကတော့ အချိန်ယူရပေမယ့် သင့်မက်ဆေ့ချ်တွေကို အမြဲပြန်ကြား ပေးတတ်ကြပါတယ်။ သူများတွေလို ရိုမက်တစ် ဆန်ဆန် မပြောတတ်ပေမယ့် သင်လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲရှိနေပေးမယ့် သူတွေမလို့ လက်လွှတ်မခံသင့်ပါဘူး။


၄။ အချိန်တွေကို ဖန်တီးဖို့ ကွပ်ကဲနိုင်တယ်

မင်းတကယ်ပဲ အံ့သြစရာကောင်းတဲ့ ဘဝကို ဦးဆောင်ဖို့ လိုအပ်တယ်ဆိုရင် အလုပ်ရှုပ်နေတဲ့ သူက အရမ်းထူးခြားတဲ့ ဦးဆောင်မှုကို ပေးနိုင်မှာပါ။ သူက ရှုပ်နေတဲ့ အချိန်ဇယားအတိုင်း အချိန်မပေး နိုင်ရင်တောင် သင်လုပ်နေတာတွေ ပိုကောင်းလာဖို့တော့ သူက ဖန်တီးပေးနိုင်ပါတယ်။ ဟာကွက်မရှိတဲ့ အချိန် ဗျူဟာတွေကို ခင်းကျင်းပြသနိုင်တဲ့ သူမို့ အံ့သြစရာတွေကို ယူဆောင်ပေးနိုင်ပါတယ်။

Lifestyle_Myanmar

Nadi

ref-bolde


#နားလည်မှု
#လက်တွဲဖော်
#ကြိုးစား
#အချိန်
#ကမ္ဘာ

Some text some message..