
တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးကြောင်းပြောဖို့ ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ လူတိုင်းက ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို နှစ်သက်ကြပြီး စိတ်ခံစားမှုဆိုင်ရာ ညွှန်းကိန်းတွေကို လိုလားကြတာကြောင့် လူတိုင်းက ချစ်ခင်မှုနှစ်သက်မှုကို မတူကွဲပြားစွာ ပြလေ့ရှိပါတယ်။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့နည်းလမ်းတွေက လွဲချော်နေမယ်ဆိုရင် သင့်ဘဝမှာ အရေးကြီးသော တစ်စုံတစ်ဦးကို ဆုံးရှုံးရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်စုံတစ်ဦးသဘောကျနေမယ်ဆိုရင် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုဖွင့်ထုတ်ပြသရမလဲဆိုတာကို လေ့လာသင့်ပါတယ်။
၁။ အကြောင်းပြချက်မရှိဘဲ လက်ဆောင်သေးသေးလေးတွေ ဝယ်ပေးပါ

တစ်စုံတစ်ယောက်က အကြောင်းပြချက်မရှိဘဲ လက်ဆောင်လေးတွေဝယ်ပေးတဲ့အခါ တစ်ဖက်လူက သင့်အကြောင့်ကို မကြာခဏစဉ်းစာလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ချစ်ခင်တွယ်တာမှုရဲ့ ဒီလက္ခဏာက အမှတ်တမဲ့အရာတွေက သင့်ကို သတိရစေပါလိမ့်မယ်။ သင့်အနေနဲ့ သင်အနှစ်သက်ဆုံးအချိုရည်ဗူးလေးတွေကို ပေးတတ်တဲ့ သတိမရဘဲ နေမလားဆိုတာ စဉ်းစားကြည့်ပါ။ ဒီအရာက နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာလက္ခဏာတစ်ခုပါပဲ။
၂။ လက်ကို ဆုပ်ကိုင်ခြင်းက ချစ်ခြင်းမေတ္တာရဲ့ ပထမဆုံးလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်

စုံတွဲတစ်တွဲက အကြင်နာတွေအပြည့်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး လက်တွဲလမ်းလျှောက်လေ့ရှိတယ်ဆိုရင် အမှန်တကယ်ချစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးက လူမြင်ကွင်းမှာ လက်တွဲထားပြီး အိမ်မှာလည်း လက်ကိုင်ထားပြီး ရုပ်ရှင်ကြည့်ကြတယ်။ ဒီလိုဆိုရင် ဘာပဲဖြစ်ဖြစ် ဒါဟာ လျစ်လျူမရှုသင့်တဲ့ ရုပ်ပိုင်းဆိုင်ရာ ချစ်ခြင်းမေတ္တာရဲ့ သေချာတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ လက်တွဲထားခြင်းမှာ သင်ထင်ထားတာထက် ပိုအဓိပ္ပာယ်ရှိပါတယ်။ ဒီလိုလက်တွဲခြင်းက သူနဲ့အတူတူ ရှိရတာ ဂုဏ်ယူကြောင်းပြသခြင်းဖြစ်ပြီး သူ့ကို ထိရတာက နှစ်သိမ့်မှုကို ဖြစ်စေကြောင်း သိလာပါလိမ့်မယ်။
၃။ နမ်းခြင်း
တစ်စုံတစ်ယောက်ကို နှုတ်ခမ်းပေါ် နမ်းတာပဲဖြစ်ဖြစ်၊ မျက်နှာပေါ်က တစ်ခြားနေရာကို နမ်းတာပဲဖြစ်ဖြစ် ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နဖူးကို နမ်းခြင်းကလည်း ချစ်ခြင်းမေတ္တာရဲ့ နူးညံ့သိမ်မွေ့သော လက္ခဏာဖြစ်တာကြောင့် ချစ်ခြင်းမေတ္တာကို ဖော်ပြေသော နည်းလမ်းဖြစ်ပါတယ်။
၄။ အကြောင်းပြချက်မရှိဘဲ ထိခြင်း

တစ်စုံတစ်ယောက်က တစ်ခြားလူတစ်ဦးရဲ့ လက်၊ ပုခုံး (သို့) တစ်ခြားနေရာတစ်ခုကို ပုံမှန်ထိပေးတဲ့အခါ ၎င်းက ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်သဘောကျတဲ့လူ၊ ဂရုစိုက်ရတဲ့လူကို ထိဖို့ အကြောင်းပြချက်တစ်ခုခု ရှာသင့်ပါတယ်။ စကားပြောတဲ့အခါ လက်မောင်းကို ပွတ်သပ်နေခြင်းက ပရောပရည်ပြုခြင်းလက္ခဏာဆိုတာ မမေ့ပါနဲ့။
၅။ စိုးရိမ်ပူပန်ခြင်း
သင်သဘောကျတဲ့လူက သင်နဲ့အတူတူရှိမနေတဲ့အခါ စိတ်ပူတာက ပုံမှန်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို လိုတာထက်ပိုပြီး စိတ်ပူနေတယ်ဆိုရင် လေးနက်တဲ့ခံစားချက်တစ်မျိုးမျိုးရှိနေနိုင်ပါတယ်။
၆။ သူတို့ရဲ့ ဆံပင်တွေနဲ့ ကစားခြင်း

တစ်စုံတစ်ယောက်က သင့်ဆံပင်တွေကို လာကစားနေတယ်ဆိုရင် ဒီအရာက ရုပ်ပိုင်းဆိုင်ရာ ချစ်ခင်မှုရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီလူက သင့်ကို ကြည့်တဲ့အခါ သူတို့က တစ်နည်းနည်းနဲ့ ဆက်သွယ်ချင်ကြပါတယ်။ ဆံပင်ကို ထိခြင်းက လူတော်တော်များများအတွက် သူတို့ချစ်ရသူတွေနဲ့ ပိုရင်းနှီးစေပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-powerofpositivity