Introvert တွေက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနှင့် နက်နက်ရှိုင်းရှိုင်းဆက်သွယ်ရတဲ့ အကြောင်းရင်းများ
lifestylemyanmar.com
|
2022-03-15

အိမ်မွေးတိရစ္ဆာန်တွေဆိုတာ introvert တွေရဲ့ ဘဝမှာ အရေးကြီးသော သတ္တဝါလေးတွေဖြစ်ပါတယ်။ အကယ်၍ သင်က introvert တစ်ဦးဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်ရှိနေမယ်ဆိုရင် ဒီအရာက ဘယ်လောက်အထိ မှန်ကန်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်။ သင့်အတွက် အိမ်မွေးတိရစ္ဆာန်တွေက လူသားတွေနဲ့ပြောရတာထက် ပိုနာလည်မှုရှိတယ်လို့ ခံစားရပါလိမ့်မယ်။ တစ်နေကုန် ပင်ပန်းနွမ်းနယ်လာပြီး အိမ်ပြန်ရောက်တာနဲ့ သင့်ကို အမြီးလေးနှံ့ပြီး ကြိုဆိုနေမယ့် ပွေ့ဖက်စရာအကောင်တစ်မျိုးအပေါ် သင်မတွယ်တာဘဲ နေထိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့မှာ သင့်အပေါ် ဘယ်လိုဆွဲဆောင်မှုမျိုးတွေ ရှိနိုင်ဦးမလဲ?

၁။ သင့်ကို နှစ်သိမ့်ပေးဖို့ သူတို့အမြဲရှိနေပါလိမ့်မယ်


သင့်ရဲ့တစ်နေ့တာက ဘယ်လိုပဲဆိုးရွားနေပါစေ တံခါးတစ်ဖက်မှာ ချစ်စရာမျက်နှာလေးကို မြင်လိုက်ရတဲ့အခါ သင့်ကို ပျော်ရွှင်မှုတွေနဲ့ ချည်နှောင်လာတဲ့အခါ အရာအားလုံးကို တစ်နည်းနည်းနဲ့ မေ့သွားပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက သင်နဲ့ ၁၅ မိနစ်ပဲ အတူနေရမယ်ဆိုရင်တောင် သင့်ကို နှုတ်ဆက်ပါလိမ့်မယ်။ သူတို့နဲ့ အတူရှိနေတဲ့အခါ ပင်ပန်းနွမ်းနယ်မှု၊ ဝမ်းနည်းနာကျင်မှုတွေအားလုံးဟာ အရည်ပျော်သွားပါလိမ့်မယ်။

ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးမှုနှင့် စေးကပ်သော အနမ်းများစွာ လိုအပ်လာတဲ့အခါ သူတို့က သင့်ကို ကောင်းကောင်းနားလည်နိုင်တာကြောင့် သင့်ကို အကောင်းဆုံးနှစ်သိမ့်ပေးမယ့်လူတွေဖြစ်ပါတယ်။ သင့်အနေနဲ့ အားပေးမှုတစ်ခုခုလိုအပ်တဲ့အခါတိုင်း သူတို့ဟာ သင့်ခံစားချက်ကို ပိုကောင်းလာစေဖို့အတွက် သူတို့ရှိနေကြပြီး ပျော်ပျော်ရွှင်ရွှင်ဝန်ဆောင်မှုပေးပါလိမ့်မယ်။

၂။ အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်ကို စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးပါတယ်


လေ့လာမှုတွေအရ သင့်ခွေးနှင့် ပွေ့ဖက်တွယ်တာခြင်းက ချစ်ခြင်းမေတ္တာဟော်မုန်း၊ အောက်စီတိုစင် (oxytocin) ကို ထုတ်လွှတ်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေတဲ့ cortisol အဆင့်ကိုလည်း မြှင့်တင်ပေးကြောင်း လေ့လာမှုတွေက ဖော်ပြကြပါတယ်။ သူတို့က သင့်ကို အေးဆေးတည်ငြိမ်စေပြီး အကောင်းမြင်စိတ်တွေနဲ့ ပျော်ရွှင်စေပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူအများအပြားကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးတဲ့ ခွေးတွေနဲ့ ကုထုံးခွေးတွေတောင် ရှိကြပါတယ်။ အိမ်မွေတိရစ္ဆာန်တွေဟာ သင့်စိတ်ကျန်းမာရေးအတွက် သိသိသာသာကုသပေးနိုင်သူတွေဖြစ်ပါတယ်။ introvert တစ်ယောက်အနေနဲ့ သင်ဟာ စိတ်တည်ငြိမ်မှုကို အမြဲလိုလားတာကြောင့် အိမ်မွေးတိရစ္ဆာန်က သင့်အတွက်အကောင်းဆုံးပါပဲ။

၃။ တိတ်ဆိတ်ခြင်းနဲ့အတူ သက်တောင့်သက်သာဖြစ်ပါလိမ့်မယ်


introverts အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိခြင်းရဲ့ အကောင်းဆုံးအရာတွေထဲက အတူရှိနေချိန်မှာလည်း တိတ်ဆိတ်နေခြင်းဖြစ်ပါတယ်။ တီဗီကြည့်နေချိန်မှာ သင့်ခေါင်းပေါ်မှာ (သို့) ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပါလိမ့်မယ်။ စကားတွေပြောချင်တဲ့အခါ သူက နားထောင်ပေးမှာဖြစ်ပြီး သင့်ရဲ့ အမွှေးထူသူငယ်ချင်းနဲ့ အေးအေးဆေးဆေးအချိန်ဖြုန်းပါပဲ။ introvert တစ်ယောက်အနေနဲ့ သင့်အတွက် အထီးကျန်ခြင်းက အရေးကြီးပြီး သင့်အနားမှာ သစ္စာရှိတဲ့ အဖော်တစ်ယောက်ရှိနေပြီဆိုရင် သင်ဘာတွေထပ်လိုဦးမလဲ?

၄။ သူတို့က သင့်စိတ်ဝိညာဉ်ကို သက်သာစေပါလိမ့်မယ်


တိရစ္ဆာန်တွေက သင့်စိတ်ဝိညာဉ်ကို သက်သာစေဖို့ နည်းလမ်းများစွာရှိပါတယ်။ အထူးသဖြင့် သင့်အတွက် ခက်ခဲသောအချိန်ကို ဖြတ်သန်းရချိန်ဖြစ်ပါတယ်။ သူတို့က ဝမ်းနည်းသော၊ စိတ်ဓာတ်ကျသော ၊ မပျော်ရွှင်သော (သို့) စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ အာရုံခံနိုင်တဲ့ နည်းလမ်းတွေရှိပြီး ဒါကို သူတို့သိလိုက်တဲ့အခါ သင့်စိတ်ခံစားချက်ကို ပိုကောင်းလာအောင် ကုသပေးမှာပါ။ သင့်အိမ်မွေးတိရစ္ဆာန်က သင့်အနားမှာ မားမားမတ်မတ်ရပ်ပြီး သင့်အရိပ်လိုမျိုးဖြစ်စေပါလိမ့်မယ်။

သင့်ရဲ့ ခံစားချက်တွေကို ပြောပြချင်တယ်ဆိုရင် သူတို့နားထောင်ပါလိမ့်မယ်။ ပွေ့ဖက်ပြီး ငိုဖို့ တစ်ယောက်ယောက်ကို လိုအပ်ရင် အဲဒါကို ကူညီပေးဖို့ သူတို့ရှိနေပါလိမ့်မယ်။ သင့်ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့အရာတွေကို ကြုံလာတိုင်း သူတို့ရဲ့ နူးညံ့တဲ့ မျက်လုံးတွေကို ကြည့်ပြီး သင့်အနားကို ကပ်ထားလိုက်ခြင်းက သင့်ကို ခွန်အားပေးနိုင်ဖို့ လုံလောက်ပါတယ်။

၅။ သူတို့မှာ rountine တွေရှိလာစေဖို့ ကူညီပေးပါလိမ့်မယ်


introvert တွေက သူတို့ရဲ့ ဘဝတည်ဆောက်ပုံကို နှစ်သက်ကြပြီး စိတ်အားထက်သန်မှုတွေထက် အရာအားလုံးကို အစီအစဉ်ဆွဲဖို့ နှစ်သက်ကြပါတယ်။ သင့်ဘဝမှာ rountine တစ်ခုရှိခြင်းက စိတ်ပူပန်မှု လွှမ်းခြုံခြင်းနှင့် စိတ်တည်ငြိမ်မှုဆုံးရှုံးခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိခြင်းက သင့်ဘဝမှာ လုပ်ရိုးလုပ်စဉ်တစ်ခုကို တည်ဆောက်ပြီး ပျော်ရွှင်မှုကို အလျော့မပေးဘဲ လိုက်နာဖို့ ကူညီပေးပါတယ်။

သူတို့ကို အချိန်မှန် အစာကျွေးခြင်း၊ နေ့တိုင်း လမ်းလျှောက်ထွက်ခြင်း၊ သူတို့နဲ့ ကစားခြင်းက သင့်ဘဝကို အဓိပ္ပာယ်ရှိစေပြီး သင့်နေ့ရက်တွေအတွက် လိုအပ်နေသော ကြိုတင်ခန့်မှန်းနိုင်မှုကို ယူဆောင်ပေးပါတယ်။ သင်က အစီအစဉ်ဆွဲရတာကို သဘောကျပြီး တစ်ချိန်တည်းမှာ အပြစ်ကင်းတဲ့ တိရစ္ဆာန်တစ်ကောင်ကို ပြုစုစောင့်ရှောက်နိုင်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-themindsjournal


#ခံစားချက်
#တိရစ္ဆာန်
#အရာ
#အချိန်
#အနာ

Some text some message..