
ယောက်ျားလေးတွေ ဘာလိုချင်လဲဆိုတာ ပြောရခက်ပေမယ့် သူတို့တိတ်တိတ်လေး စွဲလမ်းနေတတ်တဲ့ အမျိုးသမီးတွေက သိမ်မွေ့တဲ့ အပြုအမူလေး တွေရှိပါတယ်။ မိန်းကလေးကိုယ်တိုင်က သတိမထားမိတဲ့ အလေ့အကျင့် အပါအဝင် ယောက်ျားလေးတွေကို ဆွဲဆောင်နိုင်တဲ့ ထူးဆန်းတဲ့အရာတွေ အများကြီးရှိပါတယ်။ အပြုအမူ သေးလေးတွေကလည်း သူတို့အတွက် စွဲမက်စရာကောင်းတဲ့ အမူအရာလေးတွေ ဖြစ်နေတတ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာ မဟုတ်ရင်တောင် တန်ဖိုးထားပြီး ရူးသွပ်တတ်ကြတာလည်း ယောက်ျားလေးတွေပါပဲ။

၁။ သူမအပေါ်မှာ မှီထားရတာ
ယောက်ျားလေးတွေကလည်း လူသားပဲဖြစ်တဲ့အတွက် ဝမ်းနည်းတဲ့ အချိန် ပင်ပန်းတဲ့အချိန်ဆိုတာ ရှိတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ သူတို့အတွက်လိုအပ်တာက သူမရဲ့ ရင်ခွင်ထဲမှာ နေရတာ၊ သူမရဲ့ လက်မောင်းပေါ်မှာ မှီထားရတာ၊ သူမရဲ့ပေါင်ပေါ်မှာ အနားယူရတာက အကောင်းဆုံးဆေးပါပဲ။ သူမက သူအတွက် အင်အားဖြစ်စေတဲ့ အပြုအမူလည်းဖြစ်လို့ အမျိုးသမီးတွေက အလိုက်တသိနဲ့ ဖြည့်ဆည်းပေးသင့်ပါတယ်။ လုံခြုံမှုဆိုတဲ့ အကောင်းဆုံး ခံစားချက်ကလည်း သူတို့နဲ့ ထိုက်တန်ပါတယ်။

၂။ ပထမဆုံး လှုပ်ရှားမှုကို မိမိဘက်က စလုပ်ပါ
အရာအားလုံးက ပုံသေဆိုပြီး တွက်ထားလို့မရပါဘူး။ ယောက်ျားလေးတွေကပဲ အမြဲတမ်း အစပြုရတဲ့ ဖိအားတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ရှက်တတ်တဲ့ ယောက်ျားလေး အများစုက မင်းရဲ့ လက်ကလေးကို ကိုင်ဖို့တောင် ဖိအားတွေ ရှိနေတတ်ပါတယ်။ ဒါက မချစ်လို့မဟုတ်ပဲ ပင်ကိုယ်ဗီဇကြောင့်ပါ။ ကိုယ်ချစ်တဲ့သူကို ဂရုစိုက်ပေး၊ ကြင်နာပေးရတာကလည်း ကျား/မ ခွဲနေရမယ့် အရာ မဟုတ်တဲ့အတွက် တတ်နိုင်သမျှ ကိုယ့်ဘက်က စပြီး လှုပ်ရှားပေးခြင်းက သူတို့အတွက် သင့်ရဲ့ဆွဲဆောင်မှုရှိခြင်းပဲ ဖြစ်ပါတယ်။

၃။ သူ့ကိုဦးစှာစာပို့ပါ
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူကိုယ့်ကို ပိုပြီးနှစ်သက်စေမယ့် အပြုအမူကိုရှာနေမယ်ဆိုရင်တော့ သူကိုအရင်ဆုံး စာပို့လိုက်ပါ။ သူ့အား စာတိုတစ်ကြောင်းပေးပို့ခြင်းက သူ့ရဲ့ နေ့စဉ်လုပ်ငန်းစဉ်ကို တောက်ပစေပါတယ်။ ယုံကြည်မှု ရှိပြီး ကောင်းမွန်တဲ့ ဆက်သွယ်ရေး ဖြစ်စဉ်တွေကိုလည်း ရရှိစေပါတယ်။ ယောက်ျားလေးကပဲ ဦးစွာစာပို့ရတဲ့ ခေတ်က ကုန်သွားဖြစ်ပြီး ချစ်တဲ့သူကို စာအရင်ပို့ကတာက ရှက်စရာမဟုတ်ပါဘူး။

၄။ မျက်လုံးခြင်းစုံပြီး စကားပြောပါ
သူကသင့်ရဲ့ အရေးကြီးဆုံး လူဖြစ်ကြောင်း ပြောပြချင်တဲ့အခါ စကားလုံးတွေထက် မျက်ဝန်းက စကားလုံးတွေက ပိုတန်ဖိုးရှိပါတယ်။ အကြောင်းအရာတစ်ခုကို ဆွေးနွေးတိုင်ပင်တဲ့ အခါမင်းရဲ့ တောက်ပမှုတွေကို မျက်လုံးကနေ တစ်ဆင့်ပေးပို့ပါ။ ဒါက သူ့ကိုရင်ခုန်စေပြီး မင်းရဲ့ ဆွဲဆောင်မှုရှိပုံကို မမေ့နိုင်တဲ့ အခိုက်အတန့်တွေကို ဖြစ်စေပါတယ်။

၅။ အမှန်တကယ်နားထောင်ပေးပါ
တစ်ခါတစ်ရံ ယောက်ျားလေးတွေက သူ့ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခုအတွက် သို့မဟုတ် စိတ်ဖိစီးမှု လေးတွေကို ရင်ဖွင့်လို့ရတဲ့ သူတစ်ယောက်ကို မျှော်လင့်တတ်ကြပါတယ်။ သူ့ဘက်ကချည်း နားထောင်ပေးရတာမျိုးကို အမျိုးသမီးတွေက လိုလားတတ်ကြပေမယ့် သူရဲ့ စကားလုံးတွေကို နားထောင်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ရင်ဘက်ခြင်းတူတဲ့ အပြန်အလှန် လက်တွဲဖော်မျိုးကို ယောက်ျားလေးတွေက အရမ်းသဘောကျ တတ်ကြပါတယ်။

၆။ သူမထင်မှတ်ထားတဲ့ အပြုအမူသေးသေးလေးတွေကို လုပ်ပါ
ဟာသလေးတွေ ပြောတတ်တဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေအတွက် သက်တောင့်သက်သာ ဖြစ်စေပြီး သူတို့တန်ဖိုးထား စွဲလမ်းကြတဲ့ သူမျိုးလေးတွေပါ။ နမ်းနေရင်း ကိုက်တတ်တာကလည်း မိန်းကလေးတိုင်း လုပ်တတ်တဲ့ ဆွဲဆောင်မှု တစ်ခုပါ။ ဆံပင်လေးတွေကို လေထဲမှာ ကစားတာ၊ ရုတ်တရပ် နမ်းလိုက်တာ၊ သူ့ရဲ့အကျီကို ဝတ်တာ၊ လက်ကိုင်ပြီး လမ်းလျောက်တာ၊ သူနဲ့အတူရှိရတာ ဂုဏ်ယူကြောင်း သိစေတာမျိုး သေးငယ်တဲ့ အရာလေးတွေက သူ့ရဲ့နှလုံးသားကို ရိုက်ခတ်စေပါတယ်။
Lifestyle_Myanmar
Nadi
ref-youaretango