
လူတွေက သူတို့ကြောင့်တစ်ခြားလူတွေ ပြောင်းလဲသွားအောင် ဆွဲဆောင်နိုင်တာမျိုးနှစ်သက်ကြပါတယ်။ သို့ပေမယ့် လူတွေက အမှန်တကယ်ရော ပြောင်းလဲကြရဲ့လား?
သေချာတာတစ်ခုက အရွယ်ရောက်ပြီးသားလူတစ်ယောက်က သူ့ရဲ့ စွဲမြဲလာတဲ့အမူအကျင့်တွေကို ပြောင်းလဲဖို့ ခက်ခဲလွန်းတယ်ဆိုတာပါပဲ။ ကျွန်မတို့အားလုံးမှာ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးတွေ၊ သီးခြားအပြုအမူစရိုက်များ၊ အလေ့အထတွေနှင့် သဘောထားတွေကလည်း ရှိနေကြပါတယ်။
တစ်စုံတစ်ယောက်က သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ပြောင်းလဲနိုင်လား?

လူတွေက ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေကြပါတယ်။ ဒီတော့ လူတွေဟာလည်း အတွေ့အကြုံအရ၊ အသက်အရွယ်အရ သူတို့ရဲ့ အမူအကျင့်တစ်ချို့ဟာလည်း ပြောင်းလဲလာနိုင်ပါတယ်။ ကလေးတစ်ယောက်က အရွယ်ရောက်တဲ့လူတစ်ယောက်ဖြစ်လာတဲ့အခါ ကလေးတစ်ယောက်လိုမျိုး နေထိုင်လို့မှ မဖြစ်နိုင်တာကိုး။
ဆက်ဆံရေးတစ်ခုမှာ လူတွေက အမှန်တကယ်ပြောင်းလဲနိုင်သလား?
ဒီအချက်ကိုပဲ အဓိကပြောရအောင်ပါ။ လူတွေက အမူအကျင့်ကောင်းလေးတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ မည်သူမဆို သူတို့ရဲ့ ဆိုးရွားတဲ့အမူအကျင့်တွေကို ပြောင်းလဲချင်ကြပါတယ်။ အကြောင်းရင်းကတော့ မကောင်းတဲ့အမူအကျင့်တွေက သူတို့ကို ထိခိုက်စေတာကြောင့်ပါ။ ဆက်ဆံရေးအတွင်းမှာ လူတစ်ယောက်ပြောင်းလဲနိုင်တယ်ဆိုရင် ပြောင်းလဲမယ့်လူက ပြောင်းလဲချင်မှ ဖြစ်ပါလိမ့်မယ်။ အကယ်၍ တစ်ဖက်လူက အမှန်တကယ်ပြောင်းလဲချင်တယ်ဆိုရင် သင်က အကူအညီသေးသေးလေးပေးဖို့ပဲ လိုအပ်ပါတယ်။
အကြမ်းဖက်ခြင်း၊ လိမ်ညာခြင်း (သို့) ကြိုးကိုင်ခြယ်လှယ်တတ်သောလူတွေက ကလေးဘဝစိတ်ဒဏ်ရာ၊ အဆိပ်အတေောက်ဖြစ်စေသော မိဘတွေကြောင့် ဒီလိုအမူအကျင့်တွေစွဲလမ်းလာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီတော့ တစ်ယောက်ယောက်ရဲ့ အမူအကျင့်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို ပြောင်းလဲချင်တယ်ဆိုရင် ဒီအချက်လေးကို ကြည့်ရမယ်ထင်ပါတယ်။
၁။ ဆင်ခြေတွေးတောပါ

ကိုယ့်အကြောင်းကိုယ် ပြန်လည်သုံးသပ်တာမျိုး၊ ဘဝလမ်းစဉ်တစ်ခုလုံးကို ခြုံငုံပြီး ဘဝဆုံးဖြတ်ချက်တွေကို ဆင်ခြင်တွေးတောပါ။ ပိုမိုကောင်းမွန်သော လူသားတစ်ယောက်ဖြစ်လာစေဖို့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး (သို့) ဘဝနေထိုင်မှုပုံစံတစ်ချို့ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ထင်တယ်ဆိုရင် လိုအပ်တဲ့အပြောင်းအလဲတွေကို အတိအကျလုပ်ပါ။
၂။ စနစ်တကျ ဗျူဟာကျကျလုပ်ပါ
သင့်ဘဝမှာ သင်အမှန်တကယ်လုပ်ဆောင်ရမယ့်အပြောင်းအလဲတွေကို ရှင်းရှင်းလင်းလင်းနားလည်ပြီးတာနဲ့ နောက်တစ်ဆင့်မှာ သင့်ပန်းတိုင်ရောက်ဖို့ အထောက်အကူဖြစ်စေမယ့် ဗျူဟာတွေကို ရေးဆွဲဖို့လိုပါလိမ့်မယ်။ စောစောအိပ်ရာဝင်ဖို့အတွက် ညဉ့်နက်မှ လုပ်ရမယ့် ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို လျှော့ချပါ။ စောစောအိပ်ရာဝင်ပါ။
၃။ ကိုယ့်ကိုယ်ကိုယ် ပြန်ခိုင်းပါ

မနက်အိပ်ရာထဖို့ နှိုးစက်ဘယ်လောက်ပဲ ပေးထားပေးထား ကိုယ်တိုင်ထချင်မှ ဖြစ်မှာပါ။ အမှန်တကယ်လုပ်ပါ။ ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ခိုင်းဖို့ အားမနာပါနဲ့။
၄။ စိတ်ရှည်သည်းခံပါ
ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် သွားနေတဲ့ခါ သင့်အကျင့်ဟောင်းတွေကို ပြန်ပြောင်းမိဖို့ မကြာခဏသွေးဆောင်ခံရနိုင်ပါတယ်။ ဇွဲရှိပါစေ။ စိတ်ရှည်ပါ။ လွယ်ကူမှာမဟုတ်ပေမယ့် မကြာခင်မှာ ထွက်ရှိလာမယ့် ကိုယ့်ရဲ့ ဗားရှင်းအသစ်နှင့် ပိုမိုကောင်းမွန်သောဗားရှင်းကို တန်ဖိုးထားရမှာဖြစ်ပါတယ်။
၅။ ကိုယျ့ကိုယျကိုယျ ကူညီပါ
သင့်ရဲ့ အသွင်ကူးပြောင်းရေး ခရီးစဉ်မှာ အဆိပ်သင့်စရိုက်တွေကို အောင်မြင်စွာကျော်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဗားရှင်းဖြစ်လာစေဖို့ တစ်ခြားလူတွေအကြောင်းလေ့လာရင်း စိတ်အားထက်သန်နေပါစေ။ ပြောင်းလဲဖို့ သင့်ကတိကဝတ်ကို ခိုင်ခံ့စေဖို့အတွက် စိတ်ကူးပုံဖော်ခြင်းနည်းပညာတွေနှင့် နေ့စဉ်အတည်ပြုချက်တွေကို လေ့ကျင့်နိုင်ပါတယ်။
၆။ ထောက်ပံ့မှုရှာဖွေပါ

သင်ဖြစ်နေတဲ့အရာတွေ၊ သင့်ရဲ့ အပြောင်းအလဲတွေအကြောင်းကို သင့်စကားကို ယုံယုံကြည်ကြည်နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ကို ရှာဖွေပါ။ သူငယ်ချင်းတစ်ဦးကို ရင်ဖွင့်ပြီး သင်လုံခြုံတယ်လို့ ခံစားရနိုင်တဲ့ ဒေသတွင်း ပံ့ပိုးကူညီမှုတွေလည်း ရှာဖွေနိုင်ပါတယ်။
ခိုင်မာသောသန္နိဋ္ဌာန်နှင့် အားထုတ်မှုတွေက လူတစ်ယောက်ကို အမှန်တကယ်သူတို့ဖြစ်ချင်သော လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေ၊ အပြုအမူတွေကို အောင်မြင်စွာပြောင်းလဲနိုင်ပါတယ်။ အပြောင်းအလဲဆိုတာက စိတ်ဆန္ဒရှိရှိ အမှန်တကယ်လုပ်ဆောင်ဖို့၊ ကတိကဝတ်တွေကို လိုက်နာဖို့ စတဲ့ရွေးချယ်မှုကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ သင့်ပါတနာက သင့်ရဲ့ အချိန်တွေပေးပြီး ပြောင်းလဲပေးရလောက်အောင် ထိုက်တန်သူလား? ဘယ်သူက ဆုံးရှုံးသွားရတာလဲဆိုတာကို ခွဲခြားသတ်မှတ်ဖို့ လိုပါတယ်။
လူတွေက သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကျော်လွန်ပြီး ပိုကောင်းတဲ့လူသားတွေဖြစ်လာချင်သူတွေက ပြောင်းလဲဖို့ ရွေးချယ်ကြပါတယ်။ အဆိပ်အတောက်လွှမ်းမိုးမှုတွေမရှိသရွေ့ (သို့) အဲ့ဒီ့အရာတွေကို တောင့်ခံနိုင်သရွေ့ အကျင့်ဟောင်းတွေဆီကို ပြန်ရောက်မှာမဟုတ်ပါဘူး။
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal