ခိုင်မြဲတဲ့အချစ်တို့နဲ့ တည်ဆောက်ထားတဲ့ Relationship ပိုင်ရှင်ဖြစ်ချင်သူတိုင်း စောင့်ထိန်းရမယ့် စည်းမျဥ်းများ
lifestylemyanmar.com
|
2022-03-22

စုံတွဲတိုင်းက နှစ်တွေအကြာကြီးတွဲပြီး အချစ်မလျော့တဲ့ Relationship ကို ပိုင်ဆိုင်ချင်ကြတဲ့သူတွေချည်းပါနော်။ ဒီလိုမျိုး နှစ်ရှည်လများ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေပေးပြီး လက်တွဲဖို့ဆိုတာကလည်း ထင်သလောက် မလွယ်ကူပါဘူး။ ကျန်းမာပျော်ရွှင်တဲ့ဘဝရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တဲ့ Relationship နဲ့ ပတ်သက်ပြီး သုတေသနပြုချက်များအရ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အလွန်အရေးပါလှတယ် ဆိုပြီးတော့လည်း ခဏခဏ ဖော်ပြခဲ့ဖူးပါတယ်။ အဆိုးအကောင်းတွေကို အတူတူဖြတ်ကျော်ပြီး တစ်ယောက်လိုအပ်တဲ့အချိန် တစ်ယောက်အနားမှာ ရှိပေးနိုင်တာကလည်း Healthy Relationship တစ်ခုရဲ့ Key Point ဆိုလည်း မမှားပါဘူးနော်။

ဒီဆောင်းပါးလေးထဲမှာတော့ Healthy Relationship ရဲ့ အချက်တွေက ဘာတွေလဲ၊ ရေရှည်မှာ အနှောင့်အယှက်ဖြစ်လာမယ့် လက္ခဏာတွေကိုရော ကြိုတင် ဘယ်လို သတိထားမိနိုင်မလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကို ပြန်ပြီးမေးရမယ့် မေးခွန်းများ

“အစကတည်းက အရာရာ ပြီးပြည့်စုံပြီးသားဆိုတာ ဒီကမ္ဘာကြီးမှာ မရှိသေးဘူး” ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ Relationship လည်း ထိုနည်း၎င်းပါပဲ။ Relationship တိုင်းမှာ ပျော်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ချမ်းမြေ့စရာ၊ စိတ်ညစ်စရာတွေက အမြဲတစေလို ပူးတွဲရှိနေကြပါတယ်။ အရေးကြီးတာက ဘာလဲဆိုရင် Relationship တစ်ခုအတွင်းရှိ ကာယကံရှင်နှစ်ဦးလုံးက ဒီလိုမျိုးဒွန်တွဲနေမှုတွေကို တည့်မတ်ဖို့အတွက် အချိန်ယူရတယ်ဆိုတာနဲ့ ပြဿနာတွေရှိလာခဲ့ရင် ဖြေရှင်းချက်တွေကို အတူတူကြိုးပမ်းရှာဖွေရမယ်ဆိုတာကို သဘောပေါက်နားလည်ဖို့ပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးကြည့်ရင်း ဆန်းစစ်သုံးသပ်နိုင်မယ့် မေးခွန်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

ကိုယ့်လက်တွဲဖော်အပေါ်မှာ ယုံကြည်မှုရှိရဲ့လား?

တစ်ဦးနဲ့တစ်ဦး လေးစားရဲ့လား?

တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို သင်အားပေးသလား?

တစ်ဦးနဲ့တစ်ဦး ပွင့်လင်းရိုးသားမှုရှိကြရဲ့လား?

ကိုယ့်ခံစားချက်တွေ၊ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ၊ ကြောက်ရွံ့မှုတွေနဲ့ အနာဂတ်အိပ်မက်တွေအကြောင်း သူ့ကို ပြောပြဖူးလား?

ကိုယ့်အချစ်တွေကို သူသိအောင် ဖော်ပြပြောပြဖူးသလား?

သင်တို့နှစ်ယောက်ရဲ့ Relationship ထဲမှာ တန်းတူညီမျှမှုတွေရှိရဲ့လား?

Healthy Relationship ရဲ့ သွင်ပြင်လက္ခဏာရပ်များ

ယုံကြည်ပါ

ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာ ယုံကြည်မှုရှိခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် Healthy Relationship တွေတိုင်းရဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်အဝရှိနေတဲ့ Relationship က စိတ်ချမ်းသာစရာကောင်းပါတယ်။ သံသယတွေ၊ စွပ်စွဲတာတွေလည်းမရှိပဲ ပြဿနာတွေလည်း နည်းလာပါမယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ပိုချစ်လာပြီး ရေရှည်မြဲဖို့ ရာခိုင်နှုန်းပိုများပါတယ်။

ချစ်သူနှစ်ဦးရဲ့ တစ်ယောက်အပေါ်တစ်ယောက် ပြုမူပြောဆို ဆက်ဆံပုံတွေပေါ် မူတည်ပြီးတော့လည်း ယုံကြည်မှုကို တည်ဆောက်ရတာဖြစ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ ယုံကြည်အားကိုးရတယ်၊ ကိုယ်လိုအပ်ချိန်တိုင်း အမြဲရှိနေပေးနိုင်တယ်ဆိုရင် ယုံကြည်အားကိုးကောင်း အားကိုးလာနိုင်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဝေမျှရင်းနဲ့ ယုံကြည်မှုကို တည်ဆောက်ရတာမို့ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်ပါတယ်။ တွဲခုတ်လာကြတဲ့ အချိန်ကြလာတာနဲ့အမျှ သူက ယုံကြည်ရရဲ့လားဆိုတာကို စမ်းသပ်အကဲဖြတ်နိုင်မယ့် အခွင့်အရေးတွေက ပေါ်လာပါလိမ့်မယ်။ ပိုပြီးယုံကြည်ရလာလေလေ နှစ်ဦးသားရဲ့ Relationship ကလည်း နှစ်သိမ့်မှုနဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်မယ့် အရာတစ်ခုဖြစ်လာလေလေပါပဲ။ သူ့အပေါ်မှာ အားလုံးဖြစ်ကြောင်းကုန်စင် ပွင့်လင်းစွာ မပြောနိုင်သေးဘူးဆိုရင်တော့ ဒီလိုမျိုး အရေးပါလှတဲ့ ယုံကြည်မှု အားနည်းနေသေးလို့ဖြစ်နိုင်ပါတယ်။


ရိုးသားပွင့်လင်းပါ

ပွင့်ပွင့်လင်းလင်းမရှိရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဝေးသွားတတ်ကြပါတယ်။ သူနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုခံစားနေရတာ မကျေနပ်တာတွေ ကြည့်မရတာတွေ ဖြစ်ချင်တာတွေကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဆွေးနွေးပါ။ စိတ်ထဲမြုံထားလိုက်ရင် နှစ်ဖက်စလုံးအတွက် အဆင်မပြေနိုင်သလို နောက်ပိုင်းတွေမှာ ဘာမဟုတ်တဲ့အရာလေးတွေက ပြဿနာလေးတွေ ဖြစ်လာတတ်ကြပါတယ်။ Healthy Relationship တစ်ခုမှာ ဘာဟန်ဆောင်ဖုံးကွယ်မှုမှမရှိဘဲ အရှိကိုအရှိအတိုင်း သင်ပြုမူနေထိုင်နိုင်လား ဆိုတာကို သင်ကိုယ်တိုင်ခံစားမိနိုင်မှာပါ။ စုံတွဲတွေအားလုံးမှာ တစ်တွဲနဲ့တစ်တွဲ လိုအပ်ချက်တွေ၊ ပွင့်လင်းမှုတွေက တူညီကြမှာမဟုတ်သလို ဘာအကြောင်းကြောင်းကြောင့်မှလည်း သင့်ကိုယ်သင်ပြောင်းလဲပစ်ဖို့ လိုအပ်တယ်ဆိုပြီး ဘယ်တော့မှ မခံစားနေသင့်ပါဘူး။

တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ဖွင့်ဟပြောဆိုခြင်းဟာ ချစ်သူစုံတွဲအနေနဲ့ ပိုပြီးနီးစပ်သလို ခံစားစေမိမှာသာမဟုတ်ဘဲ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက်လည်း ကူညီပေးမှာဖြစ်ပါတယ်။ စပြီးတွဲခါစအချိန်မှာတော့ အမှားပါသွားမလားဆိုပြီး စကားပြောဆိုရာမှာ ထိန်းထိန်းသိမ်းသိမ်း ရှိကောင်းရှိကြမှာပါ။ တွဲတာကြာလာပြီဆိုရင်တော့ နှစ်ဦးသားလည်း အနေပိုနီးလာတဲ့အပြင် သူတို့ရဲ့ အတွေးတွေ၊ ထင်မြင်ချက်တွေ၊ ယုံကြည်ချက်တွေ၊ စိတ်ဝင်စားမှုတွေ နဲ့ အမှတ်တရတွေအကြောင်းကို ပြောဆိုဝေမျှဖို့အတွက် ဝန်မလေးကြတော့ပါဘူး။

ဒါပေမယ့်လည်း ဘယ်လောက်ပဲချစ်ပါစေ လူတိုင်းမှာ ကိုယ့် Personal နဲ့ ကိုယ်ရှိပါတယ်။ ချစ်သူရည်းစားဖြစ်လိုက်ပြီဆိုတာနဲ့ သူရဲ့အရာအားလုံးကို ပိုင်ဆိုင်သွားတာမျိုးမဟုတ်လို့ ကိုယ့်လက်တွဲဖော်ကို အပ်ကျတာကအစ အကုန်လိုက်ပြောပြနေရမယ်လို့ မဆိုလိုပါဘူး။ တကယ်တမ်း အရေးကြီးတာက သူတို့ရဲ့ မျှော်လင့်ချက်၊ ကြောက်ရွံ့မှု နဲ့ ခံစားချက်တို့ကို သက်သောင့်သက်သာနဲ့ ပြောပြနိုင်ခြင်း ရှိမရှိပါပဲ။


လေးစားမှုရှိပါ

ကိုယ့်ချစ်သူက ကိုယ့်ထက်အသက်ပိုငယ်ရင်ပဲဖြစ်ဖြစ် အသက်ပိုကြီးရင်ပဲဖြစ်စဖြစ် တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ Relationship တစ်ခုမှာ လေးစားမှုရှိမှသာလျှင် အခန့်မသင့်လို့ ပြဿနာတစ်စုံတစ်ခု တက်လာရင်တောင် အခြေအနေက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြီးဆုံးသွားမှာပါ။ စုံတွဲတွေအနေနဲ့ တစ်ဦးပေါ်တစ်ဦး လေးစားမှုကို ပြသနိုင်မယ့် နည်းလမ်းလေးတွေကတော့…

စိတ်ရှည်ရှည်နဲ့ နားထောင်ပေးခြင်း

ချစ်သူက တစ်ခုခုလုပ်ခိုင်းရင် အချိန်ဆွဲတာ (သို့) ဝေ့လည်ကြောင်ပတ်တွေ မလုပ်ခြင်း

တစ်ယောက်က အမှားလုပ်မိချိန် နားလည်ခွင့်လွှတ်ပေးခြင်း

ကိုယ့်ချစ်သူ ဝါသနာပါတဲ့အရာလေးတွေအပေါ် ကိုယ်ပါ လိုက်စိတ်ဝင်စားခြင်း

ကိုယ့်ချစ်သူရဲ့ အိပ်မက်၊ ရည်မှန်းချက်တွေအတွက် အားပေးတိုက်တွန်းခြင်း

သူ့ကျေးဇူးကို တန်ဖိုးထားခြင်း

စာနာသနားတတ်ပြီး မျှဝေခံစားနိုင်ခြင်း

တို့ပဲဖွဈပါတယျ။


Lifestyle_Myanmar

ref: verywell mind


#ချစ်သူ
#စုံတွဲ
#Relationship
#အရာ
#အချိန်

Some text some message..