ဘာလို့ ခရီးသွားတာကို ကြိုက်ကြတာလဲ၊ ခရီးသွားခြင်းကနေရော ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ
lifestylemyanmar.com
|
2022-03-26

ဘာလို့ ခရီးသွားတာကို ကြိုက်ကြတာလဲ ဆိုရင်တော့ အချက်တွေ အများကြီးရှိပါလိမ့်မယ်။ ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အခုပြောပြမှာက ခရီးသွားခြင်းကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေထဲက တချို့အချက်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) စိတ်အပန်းပြေစေတယ်

မြို့ပြမှာနေတဲ့ လူတော်တော်များများဟာ နေ့စဉ်များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ၊ ပြဿနာတွေနဲ့ မြို့ပြရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် တဖြည်းဖြည်း စိတ်ဖိစီးတွေများတဲ့အခါ အကောင်းဆုံးကုထုံးကတော့ ခရီးသွားခြင်းပါပဲ။ နေရာအသစ်၊ ရှုခင်းအသစ်တွေနဲ့ တွေ့ရတဲ့အခါ သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေကို သတိပြုမိစေပြီး စိတ်ပင်ပန်းမှုတွေပြေပျောက်စေပါတယ်။


(၂) ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေတယ်

ခရီးသွားတဲ့ သင်အနေနဲ့ ယဉ်ကျေးမှုအသစ်တွေ၊ လူနေမှုဘဝပုံစံအသစ်တွေကို လေ့လာခွင့်ရတဲ့အပြင် မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့ပါ တွေ့ရနိုင်ပြီး သင့်ရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကို ပိုကျယ်လာစေပါတယ်။ ဝါသနာတူ မိတ်ဆွေချင်းသွားခဲ့ဖူးတဲ့ ခရီးစဉ်တွေအကြောင်းပြောရင်း ခရီးစဉ်အသစ်တွေကိုပါ စီစဉ်လို့ရနိုင်ပါသေးတယ်။


(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမြင့်စေတယ်

နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်ကို ခရီးထွက်တဲ့အခါ ဗဟုသုတအသစ်တွေရသလို စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ သင်မသိတဲ့နေရာကလူတွေကို လမ်းကြောင်းမသိလို့ အကူအညီတောင်းရတာ၊ သွားလာဖို့ အချိန်တွက်ချက်ရတာ၊ ရာသီဥတုအခြေအနေအပြင် သင့်ကိုယ်သင် ကျန်းမာရေးဂရုစိုက်ရတာ စသဖြင့် သင့်ရဲ့စီမံခန့်ခွဲနိုင်မှု အရည်အချင်းတွေကို တိုးစေတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမြင့်စေပါတယ်။


(၄) ကောင်းတဲ့ အမှတ်တရတွေဖန်တီးနိုင်တယ်

နောက်တချက်ကတော့ သင့်ဘဝရဲ့ကောင်းတဲ့ အမှတ်တရတော်တော်များများကို ခရီးသွားခြင်းကနေ ရနိုင်ပါတယ်။ သင့်ရဲ့ဓါတ်ပုံအယ်လ်ဘမ်ကို ပြန်ကြည့်တိုင်း သင့်မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူခရီးသွားခဲ့တဲ့ အမှတ်တရတွေက သင့်ကိုပြုံးမိစေမှာပါ။ ဒီ မြတ်နိုးစရာအမှတ်တရတွေကို သင့်ကလေးတွေလည်း ပြန်ပြောပြလို့ရပါတယ်။


(၅) ကျန်းမာရေးကောင်းစေတယ်

ခရီးသွားခြင်းက သင့်ကိုကျန်းမာရေးအတွက်လဲအထောက်အကူပြုပါတယ်။ ခရီးသွားတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့မှုများစေတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အတွက် ဗီတာမင်ဒီဓါတ် ရရှိစေတယ်။ လေကောင်းလေသန့် ရှုရှိုက်ရတဲ့အခါ စိတ်ခံစားချက်ကိုလည်း ကောင်းစေပါတယ်။ နောက်ဆုံးတခုကတော့ ရယ်မောခြင်းပါ ခရီးသွားခြင်းကရတဲ့ ရယ်မောခြင်းက လူတွေအတွက်အကောင်းဆုံးဆေးတခွက်ပါပဲ။

Lifestyle_Myanmar

ref-dumblittleman


#ကျန်းမာရေး
#ပေါင်းသင်းဆက်ဆံရေး
#စိန်
#ပေါင်းသင်းဆက်ဆံရေး
#ခရီးသွားခြင်း

Some text some message..