လေးစားအားကျရလောက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေရှိသင့်လဲ
lifestylemyanmar.com
|
2022-04-19

အလုပ်ခွင်မှာသာမက သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ဦးစီးဦးဆောင်ရတဲ့ ခေါင်းဆောင် တစ်ယောက်ဆိုတာတော့ ရှိကြစမြဲပါ။ ဒါပေမယ့် ဦးစီးဦးဆောင်လုပ်ရတဲ့ ခေါင်းဆောင်တိုင်းဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တယ်လို့တော့ အတိအကျမပြောနိုင်ပါဘူး။ ဒါဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေရှိသင့်လဲ ဆိုတာ လေ့လာကြည့်ရအောင်။

(၁) သမာသမတ်ကျခြင်း

ခေါင်းဆောင်ကောင်းတို့မည်သည် မိမိရဲ့ လက်အောင်ငယ် သားတွေအပေါ် ဘယ်တော့မှ ခေါင်းပုံဖြတ်တဲ့လုပ်ရပ်မျိုး ၊အမြတ်ကြီးစားတဲ့လုပ်ရပ်မျိုးတွေ ပြုလုပ်လေ့မရှိကြပါဘူး။ အောင်မြင်မှုဆုတံဆိပ်တွေ ၊ ငွေကြေးတွေထက် ရိုးသားမှုကိုပိုပြီး တန်ဖိုးထားကြတာဖြစ်ပါတယ်။

ကိစ္စတိုင်းကို ရိုးသားဖြောင့်မတ်စွာ ၊ သမာသမတ်ကျစွာပဲ လုပ်ကိုင်ဆောင်ရွက်လေ့ရှိကြကြောင့် ခေါင်းဆောင်းကောင်းတွေအတွက်တော့ ရိုးသားခြင်း ၊ သမာသမတ်ကျခြင်းဟာ ယုံကြည်ကိုးကွယ်ရာ နတ်ဘုရားတစ်ဆူလိုပဲ ဖြစ်ပါတယ်။


(၂) အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း

အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တတ်သူတွေဟာ ဘဝမှာပိုပြီးအောင်မြင်မှု ရရှိကြတာပဲဖြစ်ပါတယ်။ တော်တော်များများက ကိုယ်ရာထူးတက်ဖို့ ၊ နာမည်ကောင်းရဖို့အတွက်ပဲ ရှေးရှု့ပြီး တစ်ကိုယ်တော်စွမ်းဆောင်မှုတွေကိုသာ ပြုလုပ်ကြတာများပါတယ်။

ခေါင်းဆောင်ကောင်းဆိုသူတွေကတော့ အောင်မြင်မှုအသီးအပွင့်ကို တစ်ကိုယ်တည်းဘယ်တော့မှ မခံစားချင်ကြပါဘူး။ အတတ်နိုင်ဆုံး Team Work ကောင်းကောင်းနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်တက်ကြပြီး အောင်မြင်မှုကိုလည်း အတူတူမျှဝေခံစားချင်ကြတာဖြစ်ပါတယ်။


(၃) တာဝန်ယူတတ်ခြင်း

ခေါင်းဆောင်ရာထူးရထားသူတော်တော်များများက အာဏာပါဝါတွေကို အသုံးပြုပြီး တာဝန်မဲ့စွာနေတတ်ကြပါတယ်။ နာမည်ကောင်းရဖို့တစ်ခုအတွက်ပဲ အလေးထားကြပြီး လက်အောက်ငယ်သားတွေကို အပြစ်ပုံချတာ ၊ အမှားတွေပေါ်လာတဲ့အခါ တာဝန်ယူခြင်းမရှိတာမျိုးတွေပဲ ပြုလုပ်တတ်ကြတာဖြစ်ပါတယ်။

ခေါင်းဆောင်းကောင်းတစ်ယောက်ကတော့ အမှားတစ်ခု ဖြစ်ပေါ်လာရင်တောင် တာဝန်ယူစိတ်အပြည့်ရှိပြီး ကိုယ့်လက်အောင်ငယ်သားတွေ အရှေ့ ကနေ မားမားမတ်မတ်ရပ်တည်မှု ပေးလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ကြိမ် ထပ်မမှားအောင်လည်း သွန်သင်ဆုံးမပေးတတ်ကြတာဖြစ်ပါတယ်။


(၄) စံနမူနာထားရခြင်း

ခေါင်းဆောင်းကောင်းဆိုတာ လက်အောင်ငယ်သားတွေအတွက်တော့ စံနမူနာထားရလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ခေါင်းဆောင်ကိုယ်တိုင်က လေးစားစရာမကောင်းသူတစ်ယောက် ကြိုးစားမှုမရှိသူတစ်ယောက်ဆိုရင် နောက်လိုက်ကောင်းဆိုတာလည်း ရှိမလာနိုင်ပါဘူး။ ဒါကြောင့်ကိုယ်တိုင်က တခြားသူတွေ စံနမူနာထားရလောက်တဲ့အထိ အရည်အချင်း စိတ်ဓာတ် ကြိုးစားမှုစသည်ဖြင့် အဘက်ဘက်မှာ ပြည့်စုံနေဖို့လိုပါတယ်။

ကိုယ်တိုင်က မခိုမကပ်ကြိုးစားတက်သူ၊ မှန်ကန်တဲ့အရာအတွက် သတ္တိရှိရှိရပ်တည်ရဲသူ၊ တိကျသေချာမှုရှိသူတစ်ယောက်ဆိုရင် နောက်လိုက်ကောင်းတွေအတွက် စံနမူနာထားရမယ့် ခေါင်းဆောင်တစ်ယောက်ဖြစ်မှာသေချာပါတယ်။


(၅) အနစ်နာခံတတ်ခြင်း

လူတိုင်းကတော့ ဘဝမှာ အကောင်းဆုံးအရာတွေကိုသာ ပိုင်ဆိုင်ချင်ကြတာဖြစ်ပါတယ်။ ငါဆိုတဲ့ အတ္တကို ရှေ့တန်းတင်ကြတာဖြစ်လို့ အနစ်နာခံဖို့နေနေသာသာ မျှဝေခံစားဖို့တောင် မတွေးမိတတ်ကြပါဘူး။ ခေါင်းဆောင်ကောင်းတွေကတော့ လက်အောက်ငယ်သားတွေနဲ့ အတူတူ မျှဝေခံစားဖို့ ဝန်မလေးသလို ၊ တစ်ခါတစ်လေမှာ အနစ်နာခံစရာကိစ္စတွေပေါ်လာခဲ့ရင်လည်း အနစ်နာခံဖို့ တွန့်ဆုတ်မနေကြပါဘူး။

ခေါင်းဆောင်ကောင်းတွေဟာ လူသားဆန်တဲ့အတွေးအခေါ်တွေ လူသားချင်းစာနာထောက်ထားတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပိုင်ဆိုင်ထားပြီး လိုအပ်ရင်လိုအပ်သလို လက်အောက်ငယ်သားတွေအတွက် အနစ်နာခံရဲသူတွေဖြစ်ပါတယ်။


Lifestyle_Myanmar

ref-center of creative leadership


#နမူနာ
#အရည်
#အောင်မြင်မှု
#ခေါင်းဆောင်
#ဆောင်း

Some text some message..