
အရောင်ရွေးချယ်မှုပေါ် မူတည်ပြီး သင့်စိတ်ခံစားချက် ဘယ်လိုရှိနေသလဲဆိုတာကို ခန့်မှန်းလို့ရပါတယ်။ လူတွေက အများအားဖြင့် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်၊ အနက်ရောင် စသဖြင့် ရွေးချယ် ဝတ်ဆင်တတ်လေ့ရှိပါတယ်။ အဲဒီအရောင်တွေကိုကြည့်ပြီး သင့်စိတ်ခံစားချက် ဘယ်လိုရှိနေသလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
အနီရောင်
ရဲရင့်ခြင်း၊ အချစ်၊ နွေးထွေးမှု၊ သက်သောင့်သက်သာရှိမှု၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြနေတဲ့အရောင်ဖြစ်ပြီး မကောင်းတဲ့ ခံစားချက်အနေနဲ့ ပြောရရင်တော့ သင်ဟာ စိတ်ဆိုးဒေါသထွက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းရပါတယ်။
လိမ္မော်ရောင်
ရဲရင့်တယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ တစ်ခုခုကို လိုချင်တဲ့စိတ်ရှိတယ်၊ စွန့်စားလိုစိတ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ လိမ္မော်ရောင်ဟာ အစားစားချင်စိတ်ကို ပိုပြီးဖြစ်စေပါတယ်။

အဝါရောင်
စွမ်းအားရှိတဲ့ သူတစ်ယောက်ရဲ့ပုံကိုဆောင်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ပုံလည်း ပေါက်ပါတယ်။ ဒါပေမယ့် အဝါရောင်ဟာ သင့်ကို မာနကြီးသူတစ်ယောက်လို့လည်း အဓိပ္ပာယ်သက်ရောင်စေပါတယ်။
အစိမ်းရောင်
ကံကောင်းစေတဲ့အရောင်ပါ။ မျှော်လင့်ချက်တွေရှိပြီး ယုတ္တိဆန်တဲ့စိတ်ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်တွဲနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

အပြာရောင်
ယုံကြည်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ ပညာရှိမှုတွေကို ဖော်ပြနေတဲ့အရောင်ပါ။ ချစ်ခြင်းမေတ္တာကိုဖော်ပြရာမှာလည်း ဝတ်ဆင်ကြပါတယ်။ သင့်ကိုလည်း အပန်းပြေစေတဲ့အရောင်ဖြစ်ပါတယ်။
ခရမ်းရောင်
ခရမ်းရောင်ဟာ သင်အသဲကွဲနေတယ်၊ နာကျင်နေတယ်၊ သင့်မှာလျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။

အနက်ရောင်
လူတွေ စိတ်မပျော်ရွှင်တဲ့အခါမှာ ဝတ်ဆင်လေ့ရှိတဲ့အရောင်ဖြစ်ပေမယ့် သင့်ရဲ့ စွမ်းအားပြည့်ဝမှုကိုလည်း ဖော်ပြနေတဲ့အရောင်ဖြစ်ပါတယ်။ သင်ဟာလှပပြီး ဉာဏ်ရည်ထက်မြက်တယ်လို့လည်း အနက်ရောင်က ဖော်ပြနေပါတယ်နော်။
အဖြူရောင်
အဖြူရောင်ကတော့ ရိုးရှင်းတယ်၊ ရိုးသားတယ်၊ ပါရမီပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ သင့်စိတ်က ကြည်လင်နေတယ်လို့လည်းဆိုနိုင်ပါတယ်။
Lifestyle_Myanmar
ref-verywellmind