
လူငယ်တော်တော်များများမှာ ဖြစ်လေ့ရှိတာက ကိုယ်တိုင် ဘာကိုဝါသနာပါနေမှန်း မသိတာပါပဲ။ ကိုယ်ဝါသနာပါတာကိုသိမှလည်း Target တစ်ခုထားပြီး ကိုယ့်ဘဝရည်မှန်းချက်ကိုရောက်အောင် ကြိုးစားလို့ရမှာပါ။ ဒါကြောင့် ဘာဝါသနာပါလဲဆိုတာကို မသိတဲ့သူတွေနဲ့ ဘာဖြစ်ချင်လဲဆိုတာကို မသိတဲ့သူတွေအတွက် ကိုယ်ဝါသနာပါပြီး ဖြစ်ချင်တဲ့ ရည်မှန်းချက် ကို ရှာဖွေနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။
စိတ်ဝင်စားမှုရှိပြီး ပျော်ရွှင်စေမယ့်အရာကို အရင်ရှာပါ။
အရင်ဆုံးစဉ်းစားရမှာက သင်ဘယ်လိုအရာမျိုးကိုလုပ်နေရရင် ပျော်လဲဆိုတာကို သိအောင်စဉ်းစားရပါမယ်။ ကိုယ်ပျော်တဲ့အရာကိုသိမှ ကိုယ်ဝါသနာပါတာကိုလည်း သိလာမှာပါ။ ဒါကြောင့် ဘာကိုဝါသနာပါလဲမသိသေးရင် တစ်ခုပြီးတစ်ခုလုပ်ကြည့်ပြီး ဘာကိုလုပ်နေရရင် ပျော်ရွှင်ရလဲ၊ ဘယ်အရာကိုလေ့လာနေရရင် စိတ်ချမ်းသာပြီး စိတ်ဝင်စားမှုရှိလဲဆိုတာကို အရင်ကြည့်လိုက်ပါ။

သင်ယူနေရင်းနဲ့ ဝါသနာပါတာကို ရှာဖွေပါ။
ကိုယ်ပျော်ရွှင်နေတဲ့အလုပ်မှာ၊ တစ်ခုခုကို ပျော်ရွှင်စွာသင်ယူနေရတဲ့အချိန်မှာ ဝါသနာပါတာကို ဆက်ပြီးရှာဖွေပါ။ ကိုယ်ဝါသနာပါတဲ့အရာကို ရှာတွေ့သွားပါလိမ့်မယ်။ ကိုယ့်စိတ်ကိုအရင်ဆန်းစစ်ပြီး ဝါသနာပါတဲ့အရာကိုတွေ့ရင် ဘယ်လိုတွေကောင်းအောင်လုပ်ရမလဲ၊ ဘယ်လိုကြိုးစားရမလဲဆိုတာကိုပဲ စဉ်းစားပါ။

ရည်မှန်းချက်ကို တည်ဆောက်ပါ။
ရည်မှန်းချက်တစ်ခုကို တည်ဆောက်ဖို့တော့ လိုပါတယ်။ ရည်မှန်းချက်ရှိနေမှလည်း အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။ ဝါသနာပါတဲ့အရာကိုတွေ့ပြီဆိုကတည်းက ဒါကို ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲ၊ ဘယ်လိုရည်မှန်းချက်တွေထားပြီး ကြိုးစားရမလဲဆိုတာကို သိလာပါလိမ့်မယ်။ ဒါကြောင့် တစ်ဆင့်ချင်းစီပဲသွားပါ။

ရည်မှန်းချက်အတိုင်းဖြစ်အောင် လုပ်ပါ။
ရည်မှန်းချက်ရှိလာပြီဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်း ဖြစ်လာအောင် ကြိုးစားပါ။ ရည်မှန်းချက်ကြီးထားပြီး ဖြစ်လာအောင်မကြိုးစားရင်တော့ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်အတိုင်းဖြစ်လာအောင် အမြဲတမ်းကြိုးစားပြီး လေ့လာရပါမယ်။ ဒီလိုဆိုရင်တော့ ကိုယ်ဝါသနာပါတာကိုလည်း ရှာတွေ့ပြီး ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာကိုပါ သိသွားပါလိမ့်မယ်။ ကိုယ်ထားတဲ့ရည်မှန်းချက်အတိုင်းဖြစ်အောင် လုပ်ချင်စိတ်ရှိရင်တော့ အောင်မြင်တဲ့သူတစ်ယောက် သေချာပေါက်ဖြစ်လာမှာပါ။
Lifestyle_Myanmar
ref-bustle