ကိုယ့်ကို Crush နေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ဘယ်လိုသိနိုင်မလဲ
lifestylemyanmar.com
|
2022-05-09

ဒီကောင်လေး ကိုယ့်ကို Crush နေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ဘယ်လိုသိနိုင်မယ်ထင်ပါသလဲ။ ဒီကောင်လေး ကိုယ့်ကို Crush နေတယ်လို့ သံသယဝင်နေတယ်ဆိုရင်တော့ အောက်က ဖော်ပြပေးမယ့် အချက်ကလေးတွေနဲ့ ကိုက်ညီမှုရှိမရှိ တစ်ချက်ကြည့်ကြည့် လိုက်ဦးနော်။ ဒီအချက်တွေ အားလုံးနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ဒီကောင်လေး သင့်ကို Crush နေတာ ကျိန်းသေနေပါပြီ။

မျက်လုံးချင်း မကြာခဏ ဆုံတာ

မျက်လုံးချင်း မကြာခဏ ဆုံလာပြီဆိုရင် ဒီကောင်လေး သင့်ကို စိတ်ဝင်စားနေတာ သေချာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မျက်လုံးချင်း မကြာခဏဆုံဖို့ဆိုတာ တကူးတက လိုက်ကြည့်နေမှ ဆုံမှာပါ။ အမှတ်တမဲ့ကြည့်မိတဲ့ အကြည့်တွေက မကြာခဏ ဆုံဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အကြည့်တွေ မကြာခဏဆုံနေပြီဆိုရင် သူလေးဟာ သင့်ကို မကြာခဏ ခိုးခိုးကြည့်နေလို့ပါပဲ။


တွေ့ဆုံလိုက်တိုင်းမြင်ရတဲ့ မျက်လုံးတောက်တောက် ကလေးတွေ

တချို့ကောင်လေးတွေရဲ့ မျက်လုံးကတော့ နဂိုတောက်ကလေးတွေပါ။ ဒါပေမယ့် ပင်ကိုယ်အရ မျက်လုံးတောက်ပတာနဲ့ ကိုယ်ချစ်တဲ့သူကို မြင်တွေ့ရလို့ မျက်လုံးလေးတွေ တောက်လက်သွားတာနဲ့ မတူပါဘူး။ ကိုယ့်ကို မြင်တဲ့အခါမှာ ချစ်ရည်ရွှန်းလက်နေတဲ့ မျက်ဝန်းတောက်တောက်ကလေးတွေနဲ့ သွက်လက်မြူးကြွတယ်ဆိုရင်တော့ ကောင်လေးကသဘောကျနေတာ သေချာပါပြီ။


အကြောင်းမရှိအကြောင်းရှာ မက်ဆေ့ချ်ပို့တာ

မထူးခြားတဲ့ အရာကို ထူးခြားသယောင်ယောင် မက်ဆေ့ပို့တာ၊ သူရောက်နေတဲ့နေရာတွေကို ဓာတ်ပုံရိုက်ပြီးပို့တာ၊ ကိုယ်က မက်ဆေ့ချ်ပို့လိုက်တာနဲ့ သိပ်မကြာခင် မက်ဆေ့ချ်ပြန်ရောက်လာတာ ၊ ဟယ်လို ဟိုင်းလေးတွေ နေ့စဉ်ရက်ဆက် ပို့လာပြီဆိုရင်လည်း သူက သင့်ကို သဘောကျနေပြီဆိုတဲ့ အရိပ်အယောင်ပါပဲ။


သင်ပြောထားတဲ့ စကားတွေ ၊ သင့်အကြိုက်တွေကို တစ်ခုမကျန်မှတ်မိနေခြင်း

ရှုပ်ထွေးလွန်းလှတဲ့ လူ့လောကကြီးမှာ တစ်ယောက်ရဲ့ စကားကို တစ်ယောက်က မှတ်မိနေဖို့ဆိုတာ မလွယ်ကူပါဘူး။ အမှတ်တရနဲ့ သိနေတယ်ဆိုတာမျိုးကလည်း အလေးအနက်ထားမှ ဖြစ်မှာပါ။ ယောကျ်ားလေးတစ်ယောက်အဖို့ သင့်အကြိုက်တွေ ၊ သင့်စကားလုံးတွေကို မှတ်မိနေတယ်ဆိုတာက သင့်ကိုကြိုက်နေလို့ မဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ။


Lifestyle_Myanmar

ref-readunwritten


#သံသယ
#မျက်လုံး
#ညီမ
#ကောင်လေး
#မက်ဆေ့

Some text some message..