လူအများကြီးကြားထဲမှာ သတ္တိရှိရှိနဲ့ ရဲရဲဝံ့ဝံ့စကားပြောနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ
lifestylemyanmar.com
|
2022-05-10

လူတော်တော်များများဟာ လူတွေအများကြီးကြားထဲမှာ စကားပြောဖို့ကို မဝံ့မရဲဖြစ်တတ်ကြပါတယ်။ တခြားအရာကိုသာ သတ္တိရှိရှိ လုပ်ရဲကြလိမ့်မယ်။ လူရှေ့ထွက်စကားပြောဖို့ကိုတော့ သေမလောက်ကြောက်ရွံ့ကြပါတယ်။ ဒီတော့ လူတွေရှေ့မှာ ရဲရဲဝံ့ဝံ့စကားပြောနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ။

ကြောက်စိတ်တွေ ဘေးဖယ်ထားပါ

အမှန်တော့ လူတွေရှေ့ ထွက်ပြီး စကားမပြောရဲတာဟာ အဓိက ကြောက်စိတ်ခံနေလို့ပါ။ လူအုပ်ကို ကြောက်စိတ်၊ ကိုယ်မပြောရဲမှာစိုးတဲ့စိတ်၊ လူတွေအများကြီးရှေ့ စကားပြောချိန်မှာ အိုးနင်းခွက်နင်း ဖြစ်မှာ စိုးတဲ့စိတ်တွေကြောင့်ဖြစ်နေတာပါ။ အတတ်နိုင်ဆုံး ကြောက်စိတ်ကို ဘေးဖယ်ပစ်လိုက်ပြီး ကိုယ်ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောဆိုပါ။


လူတွေကို ကိုယ်နဲ့ တသားတည်းလို့ တွေးပါ

ဒီလူတွေရှေ့မှာ ငါ ဘာများမှားသွားမလဲဆိုတဲ့ အတွေးတွေ ရပ်လိုက်ပါ။ လူတိုင်းဟာ ငါပဲ ၊ အားလုံးဟာ ငါ့ပုံစံ ငါ့စိတ်အတိုင်းပဲလို့ လူတိုင်းကို ကိုယ်နဲ့တသားတည်းဖြစ်အောင် စိတ်ထဲကနေ ရင်းနှီးမှုယူလိုက်ပါ။ ဒါဆိုရင် စိတ်တွေ လွတ်လပ်ပေါ့ပါးသွားပြီး စကားပြောရာမှာလည်း ရဲတင်းသွားပါလိမ့်မယ်။


ကိုယ်ပြောမယ့်စကားတွေက လူတိုင်းနဲ့သက်ဆိုင်နေပါစေ

ကိုယ်ပြောချင်ရာ ပြောနေလို့မရပါဘူး။ ကိုယ်ပြောမယ့် စကားလုံးတိုင်းဟာ နားထောင်မယ့်သူတိုင်းနဲ့ သက်ဆိုင်မယ့်စကားလုံးတွေ ဖြစ်နေပါစေ။ နားထောင်နေတဲ့သူတွေ စိတ်ဝင်တစားရှိမှ သင်ကလည်း ဆက်ပြောရဲမှာပါ။ ဒီလိုမှမဟုတ်ဘဲ ပြောချင်ရာပြောနေရင်တော့ နားထောင်မယ့်သူရှိမှာလည်း မဟုတ်သလို သင်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဲ့သွားပါလိမ့်မယ်။


မျက်လုံးတွေကအစ ပြုံးပါ

လူအုပ်ကို စကားပြောတော့မယ်ဆိုရင် အထူးဂရုပြုသင့်ဆုံးကတော့ အပြုံးပါပဲ။ ပြောစရာစကားလုံး ရှာနေချိန်မှာ အားလုံးကို ပြုံးပြလိုက်တာဟာ အဆင်ပြေဆုံးပါပဲ။ အပြုံးကို မနှစ်သက်ကြတဲ့သူရယ်လို့ မရှိပါဘူး။ အပြုံးဟာ လူတွေရဲ့ စိတ်တံခါးပေါက်ဖြစ်လို့ ပြုံးရယ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ခွန်အားရအောင်ယူပါ။


Lifestyle_Myanmar

ref-psychology.com


#ယုံကြည်မှု
#စကားလုံး
#အရာ
#လောက
#နားထောင်

Some text some message..