
ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရသလို အချစ်ဟာလည်း ထိုနည်းတူပါပဲ။ ဒါပေမယ့် ဘဝမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေကတော့ ခန့်မှန်းလို့မရတဲ့ အတုအယောင် အချစ်အကြောင်းကို နားလည်နိုင်အောင် ကူညီပေးပါတယ်။ အခု စာဖတ်သူတို့ထဲမှာလည်း Relationship တွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားကြတာဖြစ်တွေ ရှိကြမယ်ထင်ပါတယ်။ ကောင်းကောင်းဆိုးဆိုး Relationship တိုင်းက ဘဝသင်ခန်းစာတွေအများကြီး သင်ပေးခဲ့ပါတယ်။ ဒီနေ့ ရည်းစားဟောင်းတွေဆီက ရလိုက်တဲ့ ဘဝသင်ခန်းစာတွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။
ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး
ရုပ်ရှင်ထဲက ကြည်နူးဖွယ်ရာအချစ်ဇာတ်လမ်းတွေကို တောင့်တခဲ့ဖူးကြမှာပါ။ ကိုယ့်ရဲ့ ပါတနာနဲ့လည်း အပြစ်အနာအဆာကင်းတဲ့ Relationship တစ်ခုတည်ဆောက်ဖို့ ကြိုးစားခဲ့ဖူးကောင်း ကြိုးစားခဲ့ဖူးလောက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ပဲကြိုးစားကြိုးစား လူ့သဘာဝဆိုတာ ပြောင်းလဲလို့မရဘူးဆိုတာကို သိလာခဲ့တယ်။ အရာရာတိုင်းကို ပြည့်စုံအောင်ကြိုးစားနေပေမယ့် ကိုယ်တိုင် ကျရှုံးနေတယ်ဆိုတာကို သိလာခဲ့တယ်။ အတုအယောင်တွေက အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားကြတာပါပဲ။

ဘယ်သူ့အတွက်နဲ့မှ ပြောင်းလဲဖို့မကြိုးစားပါနဲ့
ပြီးခဲ့တဲ့ Relationships တွေဆီကနေ သင်ယူရရှိမယ့် အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ မိမိကိုယ်ကိုပြောင်းလဲခြင်းက ရွေးချယ်မှုတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ Relationship တစ်ခုမှာ စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီးရှိတတ်ပါတယ်။ ဒီအရာတွေက သင့်ကိုလုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။
ဒါပေမယ့် သေချာပြန်စဉ်းစားလိုက်တဲ့အခါမှာတော့ ကိုယ့်အနေနဲ့ ပြောင်းလဲဖို့မလိုဘူးဆိုတာကို နားလည်လာတယ်။ သင့်ကိုယ်သင်ပြောင်းလဲလိုက်ခြင်းက Relationship ကို ပိုပြီးခိုင်မာလာစေတယ်လို့ သင်ထင်နေတယ်ဆိုရင် မှားပါလိမ့်မယ်။ ဒါက သင်နဲ့သင့်ပါတနာကြားမှာ စိတ်ဖိစီးမှုတွေ တင်းမာမှုတွေ ပိုလို့တောင်တိုးပွားလာစေပါတယ်။

ချစ်ပါ ဒါပေမယ့် မစွဲလမ်းပါနဲ့
အချစ်က လှပပေမယ့် စွဲလမ်းမှုကတော့ ရောဂါတစ်ခုလိုပဲ စိတ်တဲ့ခံစားချက်ကို အနာဖြစ်စေပါတယ်။ အစပိုင်းမှာတော့ ဒီအနားလေးတွေက ချစ်စရာကောင်းတယ်လို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အကျင့်တစ်ခုလိုဖြစ်သွားပြီး အန္တရာယ်ရှိစေပါတယ်။
ပုံမှန်ဖုန်းဆက်တာ စာပို့တာတွေက အစပိုင်းမှာတော့ ကြည်နူးစရာကောင်းပေမယ့် နောက်ပိုင်းမှာ စုံစမ်းမှုတွေ စစ်ဆေးမူတွေ လုပ်နေတယ်လို့ မြင်ကောင်းမြင်လာနိုင်ပါတယ်။ Relationship တစ်ခုကို အကန့်အသတ်နဲ့ထားတာ ကောင်းပါတယ်။ အစွဲအလမ်းကြီးခြင်းက အချစ်အတွက် အန္တရာယ်ရှိစေပါတယ်။

အတ္တကို ဘေးဖယ်ထားပါ
Relationship တစ်ခုမှာ အန္တရာယ်အရှိဆုံးအရာက အတ္တပါပဲ။ အတ္တကို သိက္ခာတရားနဲ့ မှားတတ်ကြပါတယ်။ ချစ်သူနဲ့ ရန်ဖြစ်လိုက်တိုင်းမှာ ပြဿနာဖြေရှင်းဖို့အတွက် ညှိနှိုင်းဆွေးနွေးဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူး။
ဘာလို့လဲဆိုတော့ ဒီလိုလုပ်တာက ကိုယ့်ရဲ့မာနဂုဏ်နဲ့ မိမိကိုယ်ကိုလေးစားမှုကို ထိခိုက်စတေယ်လို့ ယူဆခဲ့လို့ပါပဲ။ ဒါပေမယ့် ဒါဟာ အတ္တကြီးခြင်းတစ်မျိုးပဲဆိုတာကို နောက်ပိုင်းမှသိခဲ့မှာပါ။ ဒီလိုလုပ်ခြင်းက Relationship တစ်ခုကို ပိုမိုးဆိုးရွားသွားစေပြီးတော့ ပျက်သွားတဲ့အထိဖြစ်စေပါတယ်။

Relationship တိုင်းက မတူညီကြဘူး
Relationship တိုင်းက တစ်ခုနဲ့တစ်ခု မတူညီကြဘူး ကွဲပြားခြားနားကြပါတယ်။ သင့်ရဲ့ ပထမ Relationship က အဆင်မပြေခဲ့လို့ နောက်ထပ်ရှိလာမယ့် Relationship ကလည်း တူညီတဲ့အကြောင်းပြချက်ကြောင့် အဆင်ပြေမှာမဟုတ်ဘူးလို့ မတွေးလိုက်ပါနဲ့။
ဒီလိုတွေးခြင်းက Relationship တစ်ခုကို အနှောက်အယှက်ဖြစ်စေပါတယ်။ သင်သိထားရမှာက သင်ကတူညီတဲ့ လူတစ်ယောက်ဆိုပေမယ့် သင်တွေ့ရမယ့်လူတွေက မတူညီတဲ့လူတွေဖြစ်ပြီး ကွဲပြားတဲ့ ပင်ကိုယ်စရိုက်တွေရှိနေတယ်ဆိုတာပါပဲ။
Lifestyle_Myanmar
ref-bustle