အသုံးမကျသူတစ်ယောက်လို့ သူများအထင်သေးမခံရစေဖို့ မပြောမိအောင် ဆင်ခြင်ရမယ့် စကားများ
lifestylemyanmar.com
|
2022-07-19

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ယောက် လို့ သတ်မှတ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ သတိမထားမိဘဲ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ယောက် ဖြစ်သွားစေပြီး လူအများရဲ့ အထင်မြင်သေးမှုကို ခံရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အသုံးမကျသူတစ်ယောက်မဖြစ်စေဖို့ အခုပြောပြမယ့်စကားတွေကို သတိထားပြီး ဆင်ခြင်လိုက်ပါနော်။

(၁) ထားလိုက်ပါတော့

“မတတ်နိုင်ဘူး ထားလိုက်ပါတော့” ဆိုတဲ့စကားတွေဟာ လက်လျော့ခြင်းကို ဖော်ပြနေတဲ့စကားတစ်ခုဖြစ်ပါတယ်။ နောက်တစ်ကြိမ်ထပ်မံကြိုးစားမယ်ဆိုတဲ့ အရိပ်အယောင်ကို မတွေ့ရဘဲ အလွယ်တကူလက်လျော့တတ်တဲ့သူတွေသာ “မဖြစ်နိုင်ဘူး ထားလိုက်ပါတော့ ဆက်မလုပ်နဲ့” ဆိုတဲ့စကားတွေကို ပြောကြတာဖြစ်ပါတယ်။ အလွယ်တကူလက်မလျော့တတ်တဲ့သူတွေကတော့ ထားလိုက်ပါတော့ဆိုတဲ့နေရာမှာ နောက်တစ်ကြိမ်ထပ်ကြိုးစားပါရစေဆိုတဲ့ စကားမျိုးကိုသုံးနှုန်းတတ်ကြတာဖြစ်ပါတယ်။


(၂) ကြိုးစားကြည့်ပါမယ်

“ကြိုးစားကြည့်မယ်”ဆိုတဲ့ စကားနဲ့ “ကြိုးစားမယ်” ဆိုတဲ့စကားက တူသယောင်ထင်ရပေမယ့် တကယ်တော့ အဓိပ္ပါယ် များစွာကွဲနေပါတယ်။ ကြိုးစားကြည့်မယ်ဆိုတဲ့စကားက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်မရှိသေးဘူးလို့ပြောလိုက်တာနဲ့ အတူတူပါပဲ။ ကြိုးစားကြည့်မယ် ဖြစ်တာမဖြစ်တာတော့ မသိဘူးဆိုတာမျိုးပေါ့။ ကြိုးစားမယ်ဆိုတဲ့စကားကတော့ သေချာပေါက် မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့သဘောမျိုးသက်ရောက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့် အားမာန်အပြည့်နဲ့ ပြောဆိုတဲ့စကားဖြစ်ပါတယ်။


(၃) အေးဆေးပါ

အေးဆေးပါဆိုတဲ့စကားက အလေးမထားမှု၊ ဂရုမစိုက်မှုကို ပေါ်လွင်စေတဲ့စကားတစ်ခုဖြစ်ပါတယ်။ ကိစ္စတစ်ခုအပေါ် သေချာတွက်ချက်မှုမရှိဘဲ ပြီးပြီးရောပေါ့ပျက်ပျက် လုပ်ဆောင်တဲ့သူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခုဖြစ်ပါတယ်။ ဒီစကားဟာ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ သုံးနှုန်းတာကိစ္စမရှိပေမယ့် လုပ်ငန်းခွင် ဂုဏ်သရေရှိလူကြီးလူကောင်းတွေကြားမှာ သုံးနှုန်းမယ်ဆိုရင်တော့ တကယ့်ကို အထင်သေးစရာစကားတစ်ခုဖြစ်ပါတယ်။


(၄) တစ်ခါတည်းပါ

“တစ်ခါတည်းမှားတာပါ ၊ တစ်ကြိမ်ထဲပါ” ဆိုတာဟာ အမှားလုပ်တတ်တဲ့သူတွေ ပြောလေ့ရှိတဲ့စကားတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အပြစ်ကို ဖုံးကွယ်ချင်တဲ့အခါလည်း ပြောတတ်ကြတဲ့ စကားတစ်ခုဖြစ်ပါတယ်။ လူတိုင်း မှားတတ်ကြပေမယ့် နောက်ထပ်တစ်ကြိ မ်အမှားမကျူးလွန်မိအောင် ဆင်ခြင်တတ်သူတွေအတွက်တော့ တစ်ခါတည်းပါဆိုတဲ့ စကားထက် နောက်မဖြစ်စေရပါဘူးဆိုတဲ့စကားကို ပိုပြီးသုံးကြပါတယ်။


Lifestyle_Myanmar

ref-inc.com


#သူငယ်ချင်း
#မိဘ
#အပေါင်းအသင်း
#အမှား
#ကြိုးစား

Some text some message..