ကိုယ့်အချစ်တွေကို ကိုယ်သဘောကျနေတဲ့ မိန်းကလေးမြင်အောင် ဘယ်လိုသက်သေပြမလဲ
lifestylemyanmar.com
|
2022-07-30

မိန်းကလေးတယောက် ကိုယ့်အချစ်တွေကို သူမြင်အောင်ဘယ်လိုလုပ်မလဲ။ ဒါက ဖြေဖို့ခက်ပါတယ်။ လူတော်တော်များများကတော့ အချစ်ကို အနက်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ဒါပေမယ့် လူတိုင်းက လက်ခံထားကြတဲ့ တူညီတဲ့အချက်တွေရှိနေပါသေးတယ်။

သူမကို ချစ်ကြောင်းပြောပါ

နေ့တိုင်းကိုယ့်ရဲ့ပါတနာကို ချစ်ကြောင်းပြောတာက ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့စကားကို နေ့စဉ်တူညီတဲ့ စကားလုံးတွေနဲ့ပဲပြောနေရင် ရိုးအီသွားပါလိမ့်မယ်။ ဒါကြောင့် တခြားစကားလုံးတွေနဲ့ အစားထိုပြောပေးပါ။ ဥပမာ “မင်းနဲ့ တွေ့ရတာငါအရမ်းပျော်တာပဲ” ဒါမှမဟုတ် “မင်းနဲ့အတူရှိနေရတာ ငါအရမ်းကံကောင်းတာပဲ” စသဖြင့် စကားလုံးတွေ လှည့်ပြီးပြောလို့ရပါတယ်။ ဒီလိုသူမကို ချစ်ကြောင်းပြောနေတာက သူမကိုတန်ဖိုးထားရာရောက်ပါတယ်။


အမှတ်တရတွေဖန်တီးပါ

ဟုတ်ပါတယ်။ မိန်းကလေးတွေက သူချစ်တဲ့သူနဲ့ အမှတ်တရလေးတွေ ဖန်တီးရတာ သဘောကျကြပါတယ်။ အားလပ်ရက်မှာ သူမနဲ့ အတူပရဟိတလုပ်ငန်းတွေမှာ ပါဝင်ပေးလိုက်ပါ။ ဒါမှမဟုတ်ဘုရားသွားအလှူအတန်းလေးတွေ လုပ်ပေးပါ။ မိန်းကလေးတွေက ကလေးဆန်ကြပါတယ်။ သူတို့ကိုကစားကွင်း ခေါ်သွားပေးလိုက်ပါ။ ကလေးငယ်တယောက်လို့ ခုန်ပေါက်ပြီး ပျော်နေတာကိုသင်မြင်ရပါလိမ့်မယ်။ပြီးတော့ မြို့နဲ့ မနီးမဝေးခရီးတိုလေးတွေသွားပေးပါ။


ဂုဏ်ယူကြောင်းပြောပါ

ငါမင်းအတွက် ဂုဏ်ယူတယ်ဆိုတဲ့စကားက အတွဲတွေတော်တော်များများမှာ ပြောလေ့ပြောထရှိတဲ့ စကားတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုတစ်ခုခုအတွက် ချီးကျူးဂုဏ်ပြုတာက ကိုယ့်ရဲ့အချစ်တွေကို ပြရာရောက်ပါတယ်။သူနဲ့အတူရှိနေရတာ ဂုဏ်ယူကြောင်းပြောပါ။သူတို့ရဲ့ ကောင်းတဲ့အချက်လေးတွေရှာပြီး ဂုဏ်ယူကြောင်းပြောပါ။

ပန်းလက်ဆောင်ပေးပါ

မိန်းကလေးအများစုကပန်းကြိုက်ကြပါတယ်။ သူမထင်မှတ်ထားတဲ့အချိန် မထင်မှတ်တဲ့နေရာမှာ ပန်းစည်း သို့မဟုတ် ပန်းပွင့် ပဲဖြစ်ဖြစ် လက်ဆောင်ပေးလိုက်ပါ။ ဒါကသူမကို ကြည် နူးစေမှာအမှန်ပါပဲ။ပြီးတော့ သူမကိုချစ်ကြောင်းပြရာလည်းရောက်ပါတယ်။


စာတိုတွေပို့ပေးပါ

ချစ်စရာကောင်းတဲ့ စာတိုတွေပို့ပေးပါ။ “ငါမင်းကို သတိရနေတယ်”။ “ငါမင်းကိုအရမ်းချစ်တာပဲ”။ “မင်းလိုချစ်သူတယောက်ရှိတာ ငါအရမ်းကံကောင်းတာပဲ” စတဲ့ စာတိုတွေကို မကြာခဏဆိုသလိုပို့ပေးပါ။ ဒါကကွီးဟာ သူတို့ကို သတိရနေတယ် သူတို့အကြောင်းတွေးနေတယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။ ဒီနည်းနဲ့လည်း သူတို့ကို ချစ်ကြောင်းပြနိုင်ပါတယ်။

ဒါပေမယ့် တခုမှတ်ထားရမှာက ဒီလိုတစုံတယောက်ကို ချစ်ကြောင်းပြဖို့အတွက် သင့်ကိုတခြားတယောက်က အတင်းအကြပ်လုပ်ခိုင်းနေတာမျိုး မဖြစ်သင့်ဘူးဆိုတာပါပဲ။ ဒီလိုအရာတွေက စိတ်ထဲက ပါမှ လုပ်တာကောင်းပါတယ်။

Lifestyle_Myanmar

ref-lifehack


#မိန်းကလေး
#လက်ဆောင်
#အလှူ
#ကံကောင်း
#အမှတ်တရ

Some text some message..