ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လိုစိတ်ကျေနပ်၊ ပျော်ရွှင်အောင်ထားရမလဲ
lifestylemyanmar.com
|
2022-08-05

ချစ်သူကောင်လေးတို့အနေနဲ့ ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေး ကို ဘယ်လို စိတ်ကျေနပ်အောင်ထားရမလဲ မသိဘူးဖြစ်နေလား။ ဒါဆိုရင်တော့ အခု ပြောပြပေးသွားမယ့် ရည်းစားကောင်မလေးတွေကို ဘယ်လိုစိတ်ကျေနပ်အောင် ပျော်ရွှင်အောင်ထားရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို သေချာလေ့လာထားလိုက်ပါ။

မှီစရာပုခုံးတဖက်ပေးပါ (သို့) နားထောင်ပေးပါ

ဘတ်စ်ကားနှစ်ယောက်အတူတူ စီးတဲ့အချိန်မှာဖြစ်ဖြစ် တက္ကစီပေါ်မှာဖြစ်ဖြစ် မှီဖို့ ပခုံးတဖက်ကို သူ့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေပါစေ။ ဝမ်းနည်းစရာတွေ ကြုံနေရတဲ့အချိန်မျိုးတွေမှာလည်း ငိုစရာပခုံးတစ်ဖက်ပေးလိုက်ပါ။ နောက်တစ်ခုမှတ်ထားရမှာက မိန်းကလေးတွေက သူတို့ရဲ့ခံစားချက်ကို ဖော်ပြတတ်တဲ့သူတွေထဲမှာ ပါပါတယ်။ သူမပြောပြသမျှအရာတွေကို ဝေဖန်ပြောဆိုခြင်းမပြုပဲနဲ့ အဆုံးထိနားထောင်ပေးလိုက်ပါ။ သူမလိုအပ်တဲ့အချိန်အနားမှာ သင်အမြဲရှိနေတယ်ဆိုတာ သူမ သိပါစေ။


ရိုမန့်တစ်ဆန်တဲ့ အရာတွေနဲ့ စပရိုက်စ်လုပ်ပေးပါ

သူမက ရိုမန့်တစ်ဆန်တာကို မကြိုက်ရင်လည်းကိစ္စမရှိပါဘူး။ ရိုမန့်တစ်ဆန်တဲ့ အရာတွေ ကြိုးစားပြီး ပြုလုပ်ပေးပါ။ သူမ မကြိုက်ရင်တောင် စိတ်ထဲမှာ သင်ဟာ သူ့ရဲ့ပျော်ရွှင်မှုကို အလေးထားတယ်ဆိုတာ သိသွားပါလိမ့်မယ်။ သင့်ရဲ့ကြိုးစားမှုကို သူမအသိအမှတ်ပြုသွားပါလိမ့်မယ်။ ဒါကသူမရဲ့စိတ်ထဲမှာ ကြည်နူးပီတိဖြစ်စေပါတယ်။


ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ

မိန်းကလေးတော်တော်များများကတော့ သူတို့ရဲ့ပါတနာတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း စကားတွေပြောနေရတာကို သဘောကျလေ့ရှိပါတယ်။ ဒါကတစ်ယောက်အကြာင်းတယောက်က ပိုသိနိုင်တဲ့ အခွင့်အရေးလည်းဖြစ်ပါတယ်။ ပြီးတော့ မိန်းကလေးတွေက သူတို့ရဲ့ပါတနာတွေနဲ့ စိတ်ခံစားချက်တွေမျှဝေတာ၊ တစ်ယောက်အပေါ်တစ်ယောက်က နားလည်မှုပေးတာတွေက သူတို့အတွက် လုံခြုံမှုရှိတယ်လို့ ပြောကြပါတယ်။


အမှတ်တရတွေဖန်တီးပါ

အားလပ်ရက်မှာ သူမနဲ့အတူ ပန်းခြံသွားတာ၊ Spa သွားတာ၊ လမ်းလျှောက်ထွက်ပြီး မုန့်တွေလိုက်ဝယ်စားတာ စတဲ့ အမှတ်တရဖြစ်မယ့် အရာတွေလုပ်ပေးပါ။ စိတ်ထဲမှာ တစ်နေရာရာသွားချင်တဲ့ စိတ်ပေါ်လာရင် သူမကို ခေါ်ပြီးသွားလိုက်ပါ။ အရင်က သွားလည်ခဲ့တဲ့ နေရာတွေတော့ မဖြစ်ပါစေနဲ့။ မတူညီတဲ့ နေရာတွေကို ခေါ်သွားပေးလိုက်ပါ။ အဲ့လိုသွားလည်တဲ့အချိန်မှာ သူမကို ဓာက်ပုံရိုက်ပေးဖို့ မမေ့ပါနဲ့။ မိန်းကလေးတွေကို သူတို့ကိုယ်တိုင်မပြောပေမဲ့ ဓာက်ပုံအလိုက်တသိ ရိုက်ပေးတာကို လိုချင်ကြပါတယ်။ အမှတ်တရဖြစ်စေမယ့် အမှတ်တရပုံလေးတွေလည်း ရိုက်ပါ။


နောက်ဆုံးအနေနဲ့ နှစ်ယောက်တွဲပုံတွေ ဒါမှမဟုတ် သူမရဲ့ပုံတွေကို Social Media တွေပေါ်မှာ သူငယ်ချင်းတွေကို မျှဝေပေးပါ။ ဒါကသူမကို လူသိရှင်ကြားတွဲရဲတယ်ဆိုတာကို ပြရာရောက်ပါတယ်။ အမှတ်တရလေးတွေက စုံတွဲတွေအတွက် အလွန်တန်ဖိုးရှိတဲ့အရာတွေပါ။ Relationship တစ်ခုမှာ နားလည်မှုက အရမ်းအရေးကြီးပါတယ်။ စတွဲကတည်းက ကိုယ်လိုချင်တာ တစ်ဖက်လူကို ပြောပြထားသင့်သလို တစ်ဖက်လူရဲ့ အကျင့်စရိုက်တွေကိုလည်း သိအောင်လုပ်ထားသင့်ပါတယ်။

Lifestyle_Myanmar

ref-planetofsuccess


#ချစ်သူ
#ခံစားချက်
#ကောင်မလေး
#မိန်းကလေး
#အမှတ်တရ

Some text some message..