မျက်ခုံးပါးတဲ့ ပျိုမေတို့အတွက် စင်ရော်တောင် မျက်ခုံးထူထူလေး ပိုင်ဆိုင်လာစေဖို့ DIY နည်းလမ်း
mystylemyanmar.com
|
2022-08-19

မျက်ခုံးက မျက်နှာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်တာကိုတော့ သင်သိပြီး ဖြစ်မှာပါ။ မျက်ခုံးဆွဲတာ အဆင်မပြေရင်၊ မျက်ခုံး ပုံစံမကျရင် ကိုယ့်မျက်နှာပါ ပြောင်းလဲသွားနိုင်ပါတယ်။ မျက်ခုံး ပြဿနာတွေထဲ မျက်ခုံးမညီတာ ပါဝင်သလို၊ မျက်ခုံးပါးတာ၊ မျက်ခုံး ပေါက်တဲ့ ပုံစံ တစ်ဘက်နဲ့ တစ်ဘက် မတူတာတွေ ပါဝင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မျက်ခုံးပါးတဲ့ ပျိုမေတို့အတွက် ပုံမှန် ပြုလုပ်ပေးရုံနဲ့ မျက်ခုံးထူလာစေမယ့် သဘာဝ နည်းလမ်းကို ဖော်ပြပါရစေ။

ဒီ DIY နည်းလမ်းထဲ ပါဝင်တဲ့ ပစ္စည်းတွေက သဘာဝပစ္စည်းတွေချည်းပဲ ဖြစ်တာမို့ သင့်အတွက် Side Effect မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် လုပ်ရတာ ရိုးရှင်းလွယ်ကူတာမို့ သင့်အတွက် အသုံးဝင်မှာပါ။

မျက်ခုံးထူစေမယ့် DIY နည်းလမ်းထဲ ပါဝင်တဲ့ ပစ္စည်းတွေကတော့-

၁။ Vaseline


Photo source: Pinterest

Vaseline ရဲ့ မျက်ခုံးအတွက် ကောင်းကျိုးကတော့ မျက်ခုံးကို အပြည့် ပေါက်စေတာပါ။ ဒါ့အပြင် မျက်ခုံးထူတယ် ထင်ရစေဖို့ Vaseline က ကူညီပေးပါတယ်။

၂။ အုန်းဆီ


Photo source: Purewow

အုန်းဆီက မျက်ခုံးရှည်တာ ပိုမြန်စေပါတယ်။ ဒါ့အပြင် မျက်ခုံးအမွှေးကို ပိုသန်မာစေပါတယ်။

၃။ ကြက်ဆူဆီ Castor Oil


Photo source: Pinterest

Castor Oil ကတော့ မျက်ခုံးပိုရှည်လာဖို့ လှုံ့ဆော်ပေးပါတယ်။


Photo source: YouTube

ဒီသုံးမျိုးကို ခွက်တစ်ခွက်ထဲမှာ ရောမွှေပေးရပါမယ်။ ရောမွှေပြီးနောက် သင့်မျက်ခုံးပေါ်မှာ ညတိုင်း လိမ်းပေးရပါမယ်။ ပုံမှန်လိမ်းပေးမယ်ဆိုရင် သင့်မျက်ခုံးထူလာမှာ မလွဲမသွေပါပဲ။

By MyStyle Myanmar


#သဘာဝ
#အုန်းဆီ
#ပြဿနာ
#ပျိုမေ
#Vaseline

Some text some message..