ကိုယ့်ရဲ့ Energy အရ Zodiac Sign အလိုက် ရွေးချယ်နိုင်မယ့် အရောင် (၁၂) မျိုး
mystylemyanmar.com
|
2022-08-23

သင့်အကြိုက်ဆုံး အရောင်က ဘယ်အရောင် ဖြစ်မလဲ။ ဘယ်အရောင်မှ မကြိုက်ဘူးဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ကိုယ့်စိတ်အရ၊ ကိုယ့်အကြိုက်အရ ကိုယ့်မျက်လုံးထဲ သဘောကျတဲ့ အရောင်တစ်ရောင်တော့ ရှိပါတယ်။ ဘယ်အရောင်ပဲ ဖြစ်ဖြစ် သင်အကြိုက်ဆုံး အရောင်က သင့် ပုံစံကို ဖော်ပြနေတတ်ပါတယ်။ ဒါပေမဲ့ သင်ကြိုက်တဲ့ အရောင်မဟုတ်ဘဲ သင်နဲ့ ဆက်နွယ်နေတဲ့ အရောင်တစ်မျိုးတော့ ရှိနေတတ်ပါတယ်။ ဒီအကြောင်းအရာမှာတော့ ဒီအရောင်တစ်မျိုးကို ဖော်ပြမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ Aries


သင့်မှာ နက်ရှိုင်းတဲ့ ရည်မှန်းချက် ရှိတာကြောင့် အနီအရင့်ရောင်က သင့်ကို ကိုယ်စားပြုနေတတ်ပါတယ်။

၂။ Taurus


Taurus ရာသီဖွားတွေက ခက်ခဲတဲ့ အခြေအနေအောက်မှာတောင် တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်သူတွေ ဖြစ်တာကြောင့် တည်ငြိမ်တဲ့ အစိမ်းရောင်နဲ့ လိုက်ဖက်ပါတယ်။

၃။ Gemini


သင် လမ်းလျှောက်ဝင်လိုက်တဲ့ အခန်းတိုင်းကို သင်က လင်းလက်စေသူမို့ အဝါရောင်က သင်နဲ့ လိုက်ဖက်ပါတယ်။ ပျော်ပျော်နေတတ်ပြီး လူပေါင်းဆန့်တာကြောင့် အဝါရောင်က Gemini ကို ကိုယ်စားပြုပါတယ်။

၄။ Cancer


အတိတ်ကို အတိတ်မှာပဲ ထားခဲ့တတ်သူတွေ ဖြစ်ကာ အမြဲ အသစ်တဖန် လန်းဆန်းတဲ့ ဘဝကို စနေတတ်သူတွေမို့ Cancer ရာသီဖွားတွေက အဖြူရောင်နဲ့ လိုက်ဖက်ပါတယ်။

၅။ Leo


Leo တွေအတွက် အရောင်က ရွှေရောင်ပါ။ ရွှေလို တန်ဖိုးကြီးတဲ့ သဘောထားမျိုးကို ပိုင်ဆိုင်ထားသူတွေက Leo ရာသီဖွားတွေပါ။

၆။ Virgo


သာမန် အရာတွေကိုတောင်မှ ပိုလှသွားအောင် ဖန်တီးတတ်တဲ့ Virgo ရာသီဖွားတွေက မီးခိုးရောင်နဲ့ လိုက်ဖက်ပါတယ်။

၇။ Libra


အရောင်တွေထဲမှာ တောက်ပပြီး မှတ်မိလွယ်တဲ့ တစ်ခုတည်းသော အရောင်က ပန်းရောင်ပါ။ Libra တွေကို လူတွေက ခင်ကြပြီး သူတို့ မရှိရင် သတိရတတ်ကြပါတယ်။ Libra နဲ့ သဘောတရားတူတာကတော့ ပန်းရောင်ပါ။

၈။ Scorpio


Scorpio တွေရဲ့ Character က ထင်ပေါ်ကာ သတ္တိကောင်းပြီး အမှီအခို ကင်းတာပါ။ ဒါကြောင့် Scarlet အနီရောင်နဲ့ လိုက်ဖက်ပါတယ်။

၉။ Sagittarius


တခြား ရာသီဖွားတွေထက် ရင့်ကျက်ပြီး အသိပညာ ဗဟုသုတ ကြွယ်ဝသူတွေက Sagittarius တွေပါ။ ဒါကြောင့် အပြာရင့်ရောင်နဲ့ လိုက်ဖက်ပါတယ်။

၁၀။ Capricorn


လက်တွေ့ကျပြီး စိတ်ကူးမယဉ်တတ်တဲ့ Capricorn တွေက အညိုရောင်နဲ့ အလိုက်ဖက်ဆုံးပါ။

၁၁။ Aquarius


Aquarius တွေကို ကိုယ်စားပြုတဲ့ အရောင်ကတော့ ငွေရောင်ပါ။ ရှေးရိုးဆန်တဲ့ အယူတွေကို ဆန့်ကျင်ကာ ငါ့လမ်းငါ ငွေရောင်လို တောက်ပစွာ ဖောက်မယ်လို့ ဆုံးဖြတ်ချက် ချထားသူတွေပါ။

၁၂။ Pisces


ဘဝကို ပျော်ပျော်နေတတ်ပြီး မိသားစုအသိုက်အဝန်းကို ချစ်တတ်တဲ့ Pisces တွေက ခရမ်းရောင်နဲ့ လိုက်ဖက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ရည်မှန်းချက်
#အခန်း
#ဗဟုသုတ
#သတိရ
#မိသားစု

Some text some message..