လူအများစု သိနားလည်ထားကြတဲ့ အောင်မြင်မှု ဆိုသည်မှာ…
lifestylemyanmar.com
|
2022-08-25

အောင်မြင်မှုကို လိုချင်တောင့်တနေကြတဲ့ လူအများစုရဲ့စိန်ခေါ်မှုတွေက သူတို့ဟာ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကို မှားယွင်းစွာ သဘောပေါက်ထားကြလို့ပါ။ မအောင်မြင်နိုင်လို့မဟုတ်ပါဘူး။ လူအားလုံးနီးပါး လုပ်မိကြတဲ့အမှားက ဘာလဲဆိုတော့ အောင်မြင်မှု ဆိုတာ ပါရမီရှိတဲ့သူတွေအတွက်၊ ထူးချွန်တဲ့သူတွေအတွက်ပဲ ဖြစ်ပြီး သာမန်လူတွေအတွက် မဖြစ်နိုင်ဘူးလို့ တွေးခေါ်စဉ်းစားကြတာပါ။

အရင်ခေတ်ကလူတွေဟာ အောင်မြင်မှုကို စဉ်းစားကြတဲ့နေရာမှာ ငွေးကြေးအချမ်းသာဆုံးသော သူဌေးတွေ၊ အကျော်ကြားဆုံးသော ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဇူကာဘက်တို့လို၊ ဘေလ်ဂိတ်တို့လို၊ အဲလ်ဘက်အိုင်းစတိုင်းတို့လို့ လူတွေကိုပဲ ပြေးမြင်တတ်လေ့ရှိကြပါတယ်။


ဒီလိုယူဆတာဟာ သိပ်ပြီး ယုတ္တိမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အောင်မြင်တယ်ဆိုတာ အဲဒီလို ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့သူတွေကိုကြည့်ပြီး ကိုယ်က မလုပ်နိုင်တဲ့အရာလို့ ထင်မိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်တောင် ကိုယ်တွေးမြင်ထားတဲ့သူတွေကို အားကျပြီး သူတို့လို ဖြစ်အောင်ပဲ သင်ကြိုးစားပါလိမ့်မယ်။

ဒီထက်ပိုပြီး ခွဲထွက်တဲ့ အတွေးမျိုးသင်တွေးမှာ မဟုတ်ပါဘူး။ သင်သူတို့လို အောင်မြင်မှုမရလာတဲ့အခါကျတော့ လက်လျှော့လိုက်ပြီး ဘဝကို အရှုံးပေးလိုက်တော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အောင်မြင်မှုဆိုတာ တခြားသူရဲ့ အောင်မြင်မှုကို ကြည့်ပြီး ဖွင့်ဆိုထားမိလို့ပဲ ဖြစ်ပါတယ်။


တကယ်အောင်မြင်တယ်ဆိုတာ
ဒါဆိုရင် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လမ်းခရီးကနေ၊ ဘယ်လို အစပျိုးရမလဲ။ အောင်မြင်လာဖို့ရန်အတွက် ဘာတွေလိုအပ်သလဲ။ စဉ်းစားဖို့ အချက်(၂)ချက် ရှိပါတယ်။ အောင်မြင်မှုဆိုတာရဲ့ ဆိုလိုချက်အမှန်ကို သိဖို့နဲ့ အဲဒီအောင်မြင်မှုကို ရရှိစေမည့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေကို သိထားဖို့ပါ။

လူနှစ်ယောက်အတွက် အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ တွေးခေါ်စဉ်းစာပုံချင်း၊ တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပယ်ဖွင့်ဆိုပုံချင်း မတူနိုင်ပါဘူး။ ကြိုးစားအားစိုက်မှုချင်းကတော့ တူပါလိမ့်မယ်။ အဲဒီကြိုးစားအားစိုက်မှုကိုတော့ ဘယ်တော့မှ ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ အောင်မြင်နေတဲ့သူတွေအကြောင်းကို လေ့လာကြည့်တဲ့အခါမှာ တွေ့ရတဲ့အချက်ကတော့ –

ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ရယ်၊ ဖြစ်ချင်ရတဲ့အကြောင်းရင်းကို နားလည်ခြင်းအဲဒီရည်မှန်းချက်တွေ ဖြစ်လာဖို့ ကြိုးစားအားထုတ် အကောင်အထည်ဖော်ခြင်းနဲ့ရရှိလာတဲ့ အောင်မြင်မှုရဲ့ အကျိုးအမြတ်တွေကို အခြားသူများအပေါ် မျှဝေပေးခြင်းဒီသုံးချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။


ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် အောင်မြင်မှုဆိုတာ ကံကြမ္မာဆိုတာထက် ကိုယ်လုပ်ယူလို့ရတဲ့အရာ ဆိုတာကို သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝအတွက် ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချတာတွေ ကိုယ်ဘယ်လောက်ကြာကြာ အသက်ရှင်မယ်ဆိုတာတွေကို စဉ်းစားနေတာဟာ  သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ်ဘာတွေလုပ်နေပြီး ဘယ်လောက်အတိုင်းအတာအထိ လုပ်ပြီးနေလဲဆိုတာကို ပြန်စဉ်းစားဖို့ပါ။

ဘဝကို လျှောက်ရမယ့် ခရီးလို့ ယူဆထားရင် ကိုယ်ဘယ်နေရာကို ရောက်နေပြီလဲဆိုတာ အရေးမကြီးတော့တဲ့အပြင် နေရာအသစ်တွေ ခရီးအသစ်တွေ တစ်နေရာပြီးတစ်နေရာရောက်ဖို့ကိုပဲ သင်စဉ်းစားနေပါလိမ့်မယ်။ ဆိုလိုတာက အောင်မြင်မှုဆိုတာ လိုချင်တာ၊ဖြစ်ချင်တာ ဖြစ်ပြီးသွားတာနဲ့တင် အောင်မြင်တဲ့အရာ မဟုတ်ပါဘူ။ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပေါ်မှာ ကိုယ်ဒီနေ့ဘယ်လောက်အထိ ခရီးရောက်အောင် လျှောက်မလဲဆိုတာရယ် တစ်နေ့တာအတွက် ဘယ်လောက်အထိရောက်အောင် လျှောက်ပြီးသွားပြီလဲဆိုတာတွေကသာ သင့်ရဲ့အောင်မြင်မှုကို တိုင်းတာပေးပါလိမ့်မယ်။ ဆိုလိုတာက ရပ်မနေဖို့ပါ။


Lifestyle_Myanmar

ref-lisajeffs


#အောင်မြင်မှု
#ရည်မှန်းချက်
#အတွေး
#လူအများစု
#ကြိုးစား

Some text some message..