မိုးရွာတဲ့နေ့မျိုးမှာ အပြင်မသွားဘဲ အိမ်မှာနေရင်း လုပ်ကြည့်သင့်တဲ့အရာသုံးခု
lifestylemyanmar.com
|
2022-08-26

မိုးရွာတဲ့နေ့မျိုး ဆိုရင် အပြင်သွားမယ့်အစား အိမ်မှာနေတာက ပိုကောင်းပါတယ်။ အပြင်သွားရင် အသားအရေလည်း ပျက်စီးပါတယ်။ အိမ်မှာနေပြီး ကိုယ့်ရဲ့အလှအပနဲ့ တခြားအကျိုးရှိတာတွေ အများကြီးလုပ်လို့ရပါတယ်။ ဒါကြောင့် မိုးရွာရင်အိမ်မှာပဲနေပြီး အကျိုးရှိအောင် လုပ်ကြည့်သင့်တဲ့အရာ သုံးခုကို ပြောပြပေးလိုက်တယ်နော်။

အလှအပ

မိုးရွာပြီဆိုရင် အိမ်မှာပဲနေပြီး အသားအရေကို ထိန်းသိမ်းလို့ရပါတယ်။ ဘယ်လိုထိန်းသိမ်းရမလဲဆိုရင်တော့ ရေမချိုးခင် တစ်ကိုယ်လုံးကို Scrub လုပ်ပြီး ပေါင်းတင်ပေးပါ။ ဒီလိုပေါင်းတင်နေတဲ့အချိန်မှာပဲ မျက်နှာကိုလည်း ပေါင်းတင်လိုက်ပါ။ ပြီးရင်တော့ ရေချိုးလိုက်ရုံပါပဲ။

Scrub လုပ်ပြီးတာနဲ့ အသားအရေက အရမ်းနူးညံ့ပြီး ခြောက်သွေ့သွားတာဖြစ်တဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးတဲ့ Moisturizer (သို့)  Body Lotion (သို့) Body Butter လိမ်းပေးပါ။ မျက်နှာကိုတော့ Skincare အဆင့်ဆင့်ကို လိမ်းပေးပါ။ Skincare Step တွေမလိမ်းနိုင်ရင်တောင် Moisturizer ကိုတော့ မဖြစ်မနေ လိမ်းပေးရပါမယ်။ အပြင်မသွားပဲ အိမ်မှာအချိန်ပေးပြီး ဒီလိုလုပ်လိုက်တဲ့အတွက် အသားအရေက နူးညံ့ချောမွေ့ပြီး ကြည်လင်သွားတာကို တွေ့ရမှာပါ။


စားသောက်၊ စာဖတ်၊ ရုပ်ရှင်ကြည့်

ရေချိုးပြီးတာနဲ့ ကော်ဖီသောက်မယ့်အစား Green Tea ပူပူလေးတစ်ခွက်ကိုသောက်တာက စိတ်ကိုကြည်လင်လန်းဆန်းပြီး တစ်နေကုန်နေလို့ကောင်းသွားစေပါတယ်။ ပြီးရင်တော့ စာဖတ်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ မုန့်တွေဝယ်စားတာပဲဖြစ်ဖြစ် လုပ်လို့ရပါသေးတယ်။ မိုးအေးအေးလေးနဲ့ ရုပ်ရှင်ကြည့်လိုက် မုန့်စားလိုက်လုပ်ရတဲ့ Feel က အရမ်းမိုက်တာကို ခံစားဖူးမှသိမှာပါ။


အနားယူ

စာဖတ်ရတာ၊ ရုပ်ရှင်ကြည့်ရတာ မျက်လုံးညောင်းလာပြီဆိုရင်တော့ မိုးအေးအေးလေးနဲ့ စောင်ခြုံကွေးပြီး အိပ်လို့လည်းရပါသေးတယ်။ မအိပ်ချင်သေးရင်တော့ ယောဂကျင့်ပေးလို့ရပါတယ်။ ယောဂကျင့်တာက သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အညောင်းအညာပြေစေပါတယ်။ ယောဂကျင့်ပြီးမှ အိပ်မယ်ဆိုရင် ပိုအိပ်လို့ကောင်းပါတယ်။ ပိုပြီးတော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။


Lifestyle_Myanmar

ref-realsimple


#ယောဂ
#ကော်ဖီ
#ရေချိုး
#နှစ်နှစ်ခြိုက်ခြိုက်
#ပေါင်းတင်

Some text some message..