အမျိုးသားတို့အတွက် ချစ်သူကောင်မလေးကို မရစ်အောင် ထိန်းချုပ်နည်း (၄) သွယ်
lifestylemyanmar.com
|
2022-08-29

ဒီတစ်ခေါက်ဆောင်းပါးက ချစ်သူ အမျိုးသားတို့အတွက် ရည်ရွယ်ထားတာပါ။ ခုချိန်မှာ သမီးရည်းစားတွေကြား ခေတ်အစားဆုံးအရာဟာ ရစ်တာလို့ပြောရမလိုပါပဲ။ ကောင်မလေးတွေက သူတို့ကောင်လေးတွေကို ရစ်ရတာကို သဘောကျသလို သူတို့ကောင်လေးတွေက သူတို့ရဲ့ ရစ်မှုပေါင်းများစွာကို သည်းခံကြတာကိုလည်း အထူးဂုဏ်ယူကြပါတယ်။ ဒီတော့ ချစ်လွန်းလို့ဘာမှမပြောဘဲ ရစ်သမျှသည်းခံနေရပေမယ့်လည်း နည်းနည်းတော့ညစ်လာပြီဆိုရင် ကောင်မလေးကို မရစ်အောင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှချင်ပါတယ်။

ဒေါသနဲ့စကားမပြောပါနဲ့

နင်ကငါ့ကို စိတ်မရှည်ဘူးလား၊ မချစ်တော့ဘူးလားဆိုတာရဲ့ အစက ဒေါသနဲ့ပြောလိုက်မိလို့ပါ။ စိတ်ဆိုးဒေါသထွက်စရာ၊ စိတ်အခန့်မသင့်ဖြစ်စရာတွေဟာ ချစ်သူရည်းစားတိုင်းမှာရှိပါတယ်။ ဒေါသနဲ့အော်ဟစ်မေးမြန်းတာ၊ ဒေါသနဲ့ဖြေရှင်းလိုက်တာဟာ ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ အခန့်မသင့်ရင် တစ်ပတ်လောက်အရစ်ခံရနိုင်ပါတယ်။ ဒီတော့ လေသံအေးအေးနဲ့ပဲ ကိစ္စတိုင်းကိုဖြေရှင်းပါ။ အရမ်းဒေါသထွက်နေရင်လည်း စကားမပြောဘဲခဏနေလိုက်ပါ။


လိုအပ်ချက်လေးတွေ ဖြည့်စွက်ပေးပါ

လိုအပ်ချက်ဆိုတဲ့နေရာမှာ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ အလှပြင်ပစ္စည်းတွေမဟုတ်ပါဘူး။ ကောင်မလေးတွေရဲ့ အဓိကလိုအပ်ချက်က သူတို့ကောင်လေးဆီက ယုယကြင်နာမှုပါ။ ဒီယုယကြင်နာမှုကို သူတို့မရဘူးလို့ ခံစားလာရတဲ့အချိန်မှာ အကြောင်းမရှိအကြောင်းရှာပြီး ရစ်ပါလိမ့်မယ်။


ကောင်မလေးဘက်က ရပ်တည်ပေးပါ

တချို့ကောင်လေးအများစုဟာ တစ်ခုခုဆို ကိုယ့်ကောင်မလေးကို ပြဿနာတွေပြီးသွားရင် ချော့လိုက်လို့ရတာပါပဲဆိုတဲ့စိတ်နဲ့ တစ်ဘက်သားအပေါ် အရမ်းလိုက်လျောတောင်းပန်တတ်ကြပါတယ်။ တကယ်တော့ တစ်ယောက်ယောက်နဲ့ ပြဿနာတက်တဲ့အခါမျိုးတွေမှာ ကောင်လေးတွေကို သူတို့ဘက်မှာပဲ ရပ်တည်စေချင်ကြတာပါ။ ဒါ့ကြောင့် ကိုယ့်ကောင်မလေးမှားနေတယ်ဆိုရင်တောင် သူ့ကိုအရင်ဆုံး အေးအေးဆေးဆေးလက်ခံအောင် ရှင်းပြပေးပါ။ ဒီလိုမှမဟုတ်ဘဲ တစ်ဖက်ကို အရင်တောင်းပန်ပေးလိုက်ပြီဆိုရင်တော့ ကမ္ဘာစစ်က အကြောင်းဆိုးသွားပါလိမ့်မယ်။


အတူတူအချိန်ဖြုန်းပေးပါ

အချိန်ပေးအလိုလိုက်တာကိုလည်း တအားလိုချင်ကြတဲ့ ကောင်မလေးတွေမို့ အချိန်ပေးပြီး အတူတူလျှောက်လည်တာမျိုး မုန့်စားတာမျိုး ရုပ်ရှင်အတူကြည့်တာမျိး လုပ်ပေးပါ။ ဒီလိုချစ်သူဖြစ်လာဖို့အတွက် အရင်ကဘယ်လောက်တောင် အချိန်ပေးပိုးပန်းခဲ့ရတယ်ဆိုတာကို ပြန်တွေးကြည့်ပါ။ တကယ်တော့ ကောင်မလေးတွေရစ်တယ်ဆိုတာ အရမ်းချစ်လွန်းလို့ပါနော်။


Lifestyle_Myanmar

ref-medium


#ချစ်သူ
#ရည်းစား
#ကောင်မလေး
#ကောင်လေး
#အမျိုးသား

Some text some message..