သင်ရွေးချယ်တဲ့ ဖိနပ်အမျိုးအစားပေါ်မူတည်ပြီး ဘယ်လိုမိန်းကလေးမျိုးလဲ ခန့်မှန်းကြည့်မယ်
lifestylemyanmar.com
|
2022-09-07

ဖက်ရှင်ကို ဝါသနာကြီးသူတွေအတွက် အဝတ်အစားအပြင် ဖိနပ်ကိုပါ အရှုးအမူး ဖြစ်ကြပါတယ်။ ဖက်ရှင်ကို နှစ်သက်ကြတဲ့ အမျိုးသမီးတို့အတွက် ဘယ်လိုဖိနပ်အမျိုးအစားက စိတ်ကြိုက်ဒီဇိုင်းဖြစ်မလဲ။ ကိုယ်ရွေးချယ်လိုက်တဲ့ ဖိနပ်ပေါ်မူတည်ပြီး သင်ဟာ ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ ခန့်မှန်းနိုင်တယ် ဆိုရင်ကော ယုံမလား။

ရှုးဖိနပ်အပါး

ရှုးဖိနပ်အပါးကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေဟာ မိန်းမဆန်ပေမယ့် ပေါ့ပါးလွတ်လပ်တဲ့ စိတ်သဘောရှိသူတွေသာဖြစ်ပါတယ်။ Flat Shoes ဟာ လှလည်းလှ နေရာတိုင်းမှာ အသုံးဝင် သွားသွားလာလာလည်း စီးလို့အဆင်ပြေတဲ့ ဖိနပ်မျိုးပေါ့။


ဒေါက်နိမ့်ဖိနပ်

ရိုးရှင်းပြီး စမတ်ကျတဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေရဲ့ ရွေးချယ်မှုက ရိုးရှင်းတဲ့ အနက်ရောင် ဒေါက်နိမ့်ဖိနပ်တွေပါပဲ။ Heels ပေးမယ့် အနိမ့်လေးဆိုတော့ ဘာနဲ့ တွဲစီးစီး အဆင်ပြေပါတယ်။


ဒေါက်မြင့်

ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ထင်ပေါ်ချင်တဲ့ အမျိုးသမီးတိုင်းရဲ့ ရွေးချယ်မှုဟာ ဒေါက်မြင့်ရှုးဖိနပ်တွေပါပဲ။ High Heels တွေဟာ စီးလိုက်ရင် ဆွဲဆောင်မှုရှိလို့ စီးတတ်မယ်ဆိုရင်တော့ ခြေထောက်မနာနိုင်ပါဘူး။


တပြေးညီ ဒေါက်ဖိနပ်

အနာခံမှအသာစံရမယ်ဆိုတဲ့ စကားရှိပေးမယ့် ပါးနပ်တဲ့မိန်းကလေးတိုင်းရဲ့ ဖိနပ်ရွေးချယ်မှုဟာ Platform ဒေါက်ဖိနပ်ပါပဲ။ တပြေးညီ ဒေါက်ဖိနပ်တွေဟာ ပွဲကိုပဲ စီးစီး၊ သူငယ်ချင်းတွေနဲ့ ဟိုသွားဒီသွားပဲ စီးစီး အရပ်ကို ပိုမြင့်စေပြီး သင့်ကိုသက်တောင့် သက်တာလဲရှိစေနိုင်ပါတယ်။


ကြိုးသိုင်းတွေ ချည်ထားတဲ့ဖိနပ်

Cool ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ယူဆကြတဲ့ မိန်းကလေးတွေကတော့ ကြိုးသိုင်းတွေ ချည်ထားတဲ့ဖိနပ်တွေကိုရွေးချယ်ကြပါတယ်။ Sandal ဖိနပ်လေးကလည်း တစ်ခေတ်ထခဲ့သေးတယ်။ ကြိုးသိုင်း ဖိနပ်လေးဖြစ်လို့ ဂါဝန်တို့ စကတ်တို့နဲ့ ဝတ်ရင် လည်းအလွန်လိုက်ဖက်ပါတယ်။


အားကစားဖိနပ်

မိန်းမသိပ်မဆန်ပဲ ပျော်ပျော်ပါးပါး Active ဖြစ်တဲ့ မိန်းကလေးတွေရဲ့ ဖိနပ်ရွေးချယ်မှုက ပေါ့ပေါ့ပါးပါးရှိတဲ့ Sneaker ဘွတ်ဖိနပ်လေးပါ။ လေ့ကျင့်ခန်းပဲလုပ်လုပ်။ ခရီးဝေးသွားသွား၊ အပြင်ပဲသွားသွား ဘယ်အဝတ်အစားနဲ့မဆို တွဲဖက်နိုင်ပါတယ်။


ဒေါက်ပါတဲ့ ဘွတ်ဖိနပ်

Boots ကိုရွေးချယ်ဝတ်ဆင်သူတွေဟာ အများနဲ့မတူပဲ ထူးချွန်တဲ့အမျိုးသမီးတွေပါပဲ။ ခြေမျက်စိထိဖုံးတာပဲဖြစ်ဖြစ်၊ ခြေမျက်စိအောက်ထိပဲဖြစ်ဖြစ် ဒေါက်ပါတဲ့ ဘွတ်ဖိနပ်တွေဟာ ဖက်ရှင်ကိုဦးစားပေးတဲ့ သူတွေသာ ဝတ်လေ့ရှိပါတယ်။


Lifestyle_Myanmar

ref-allwomenstalk.com


#အမျိုးသမီး
#သူငယ်ချင်း
#အရပ်
#မိန်းကလေး
#အဝတ်အစား

Some text some message..