ကိုယ်ချစ်တဲ့ ခွေးလေးတွေရဲ့ စိတ်ဝင်စားဖွယ်အချက်ကလေးတွေ
mystylemyanmar.com
|
2022-09-09

ခွေးလေးတွေကို ချစ်ကြတဲ့သူတွေ အများကြီးရှိပေမယ့် ခွေးကလေးတွေအကြောင်းကို မသိသေးတဲ့သူတွေများပါတယ်။ ဒီတော့ ကိုယ်ချစ်တဲ့ ခွေးလေးတွေရဲ့ စိတ်ဝင်စားဖွယ်အချက်ကလေးတွေ နည်းနည်းပြောပြပေးချင်ပါတယ်။

ကမ္ဘာမှာ ခွေးအရေအတွက်အများဆုံးက US မှာ ဖြစ်ပြီး ဒုတိယအများဆုံးက ပြင်သစ်မှာဖြစ်ပါတယ်။


ခွေးကလေးတွေဟာ တစ်နာရီကို ၁၉ မိုင်နှုန်း ပြေးနိုင်ပြီးတော့ အမဲလိုက်ခွေးတွေကတော့ တစ်နာရီကို ၄၅ မိုင်နှုန်း ပြေးနိုင်ပါတယ် ။ ကမ္ဘာ့အမြန်ဆုံး ခွေးအမျိုးအစားကတော့ Greyhound ပဲဖြစ်ပါတယ်။

မြည်း၊ မြင်း၊ သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ ကြောင်၊ ကြက်တို့ကို အိမ်တွေမှာ မမွေးခင်ကတည်းက ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးလာခဲ့ကြတာပါ။


လူတွေဟာ ခွေးကလေးတွေ သေဆုံးသွားခဲ့ရင် မိသားစုဝင်တွေ သေဆုံးခဲ့ကြသလိုမျိုး ပူဆွေးဝမ်းနည်းမှုတွေ  ခံစားကြရပါတယ်။

ခွေးလေးတွေဟာ ၂ နှစ်ကနေ ၃ နှစ်အထိ ကလေးတစ်ယောက်ရဲ့ ဗီဇပုံစံမျိုးနဲ့ တူပါတယ်။ သူတို့ဟာ အဲဒီအရွယ်တွေမှာ ကိုယ်လက် အမူအရာအပါအဝင် စကားလုံး ၁၅၀ ကနေ ၂၀၀ ထိ နားလည်ပါတယ်။


မတူညီတဲ့ မျက်နှာမူယာ အမျိုး ၁၀၀ လောက် ပြသနိုင်ကြပြီး များသောအားဖြင့် အဲဒီအမူအရာတွေကို နားရွက်နဲ့ လုပ်ပြတတ်ကြပါတယ်။


#ဝမ်းနည်း
#မိသားစု
#ဗီဇ
#စိတ်ဝင်စား
#ခွေးလေး

Some text some message..