ကိုယ်ချစ်မြတ်နိုးရသူအတွက် အမှတ်တရလက်ဆောင်ပေးနိုင်ဖို့ အကြံပြုချက်လေးတွေ
lifestylemyanmar.com
|
2022-09-10

ချစ်သူနှစ်ဦးကြားမှာဖြစ်စေ၊ တိတ်တခိုးချစ်နေရတဲ့သူတွေအတွက်ကတော့ ကိုယ်ချစ်ရတဲ့လူနဲ့ပတ်သက်သမျှ အားလုံးကို အလေးထားတတ်ကြပါတယ်။ အထူးသဖြင့် သူမွေးဖွားလာခဲ့တဲ့ နေ့ရက်လေးကိုပေါ့။ ဒီတစ်ခါမှာတော့ ကောင်လေးတွေအနေနဲ့ ကောင်မလေးတို့ရဲ့ မွေးနေ့မှာ အရုပ်သာမဟုတ် ဘယ်လို အမှတ်တရလက်ဆောင် ပေးသင့်လဲဆိုတာကို အကြံပြုချက်လေးတွေ အနေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ပေးလိုက်တဲ့ လက်ဆောင်လေးက သူ့အကြိုက်နဲ့ကိုက်ညီသွားအောင် ဘယ်လိုလက်ဆောင်လေးတွေကို ပေးရင်ကောင်းမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

အသားအရေထိန်းသိမ်းရတာကို ကြိုက်တယ်ဆိုရင်

အကယ်လို့ သူမဟာ အသားအရေထိန်းသိမ်းတဲ့အပိုင်းကို အခြားအရာတွေထက်ပိုပြီး အလေးထားသူတစ်ဦးဆိုရင်တော့ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို လက်ဆောင်အနေနဲ့ ပေးတဲ့အခါ အလွန်စိတ်ကြည်နူးသွားမှာပါ။ တစ်ခုသတိထားရမှာက သူမရဲ့ အသားအရေက ဘယ်လိုအသားအရေမျိုးဆိုတာလေးကိုလည်း သိထားဖို့လိုအပ်ပါမယ်။


နာရီလေးတွေ

လက်ဝတ်လက်စားလေးတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ရွှေရောင်လက်ပတ်ကြိုးလေးနဲ့ ရိုးရှင်းတဲ့ နာရီဒီဇိုင်းမျိုးလေးက သူမအကြိုက်နဲ့ထပ်တူကျနေမှာပါ။

ပန်းချစ်သူလား

အကယ်လို့ သင်ရဲ့ကောင်မလေးဟာ မွေးနေ့လက်ဆောင်တွေနဲ့ပတ်သက်လို့လည်း သိပ်အလေးမထားဘဲ အေးအေးဆေးဆေးပဲနေတတ်သူဆိုရင်တော့ သူမအကြိုက်ဆုံး ပန်းလေးတွေကိုထုပ်ပိုးအလှဆင်ထားတဲ့ ပန်းစည်းလှလှလေးတစ်စည်းနဲ့ Suprise လုပ်ပေးလိုက်ပါ။


ဒီဇိုင်းလှတဲ့ ဖိနပ်တွေ

ဖက်ရှင်ထဲမှာမှ ဖိနပ်တွေကို တစ်ရံပြီးတစ်ရံ မထပ်အောင် ဝယ်စီးတတ်သူ၊ စုဆောင်းတတ်သူဆိုပါက ဒီလိုဖိနပ်လှလှလေးတစ်ရံကို ကြိုဝယ်ထားသင့်ပါတယ်။

မွှေးရနံ့တွေကို ကြိုက်သူလား

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သင်းနံ့လေးမွှေးနေအောင် အမြဲဂရုစိုက်လေ့ရှိကြပါတယ်။ ဒါကြောင့် သူမနဲ့စကားပြောနေစဉ်မှာ သူမအကြိုက်အမှတ်တံဆိပ်နဲ့ ဘယ်လိုအနံ့ရှိတဲ့ ရေမွှေးလေးတွေကို သဘောကျလဲဆိုတာ မသိမသာလေး မေးထားလိုက်ပါ။ မွေးနေ့လက်ဆောင်အနေနဲ့ သူမအကြိုက်ကိုပေးဖြစ်မယ်ဆိုရင်တော့ အပျော်ဆုံးပဲပေါ့။


မိတ်ကပ်စိတ်ဝင်စားတာလား

ကိုယ့်ရဲ့ချစ်သူ၊ စိတ်ဝင်စားနေရတဲ့ ကောင်မလေးက သနပ်ခါးချစ်တဲ့ပျိုမေလေးလား၊ ဒါမှမဟုတ် မင်းသမီးလေးတွေလို မိတ်ကပ်လိမ်းခြယ်ရတာကို နှစ်သက်သူတစ်ဦးလားဆိုတာကို အကဲဖြတ်ပြီး သူမကြိုက်တတ်မယ့် အရောင်လေးတွေအပြည့်ပါတဲ့ မိတ်ကပ်ဘူးလေးတွေကို မွေးနေ့လက်ဆောင်အနေနဲ့ ပေးလိုက်ပါ။

အသုံးအဆောင်ပစ္စည်းတွေ

မိန်းကလေးတို့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေ အမျိုးစုံထည့်သွင်းဖို့အတွက် အိတ်ကလေးတစ်လုံးက ဘယ်အချိန်မဆို လိုအပ်ပါတယ်။ ဒီလိုမျိုး ဝယ်ပေးတဲ့အခါမှာလည်း သူ့အကြိုက်အရောင်နဲ့ အရွယ်အစားလေးတွေကို သိထားဖို့တော့ လိုပါလိမ့်မယ်။


ကိုယ့်ရဲ့ချစ်သူလေးကို ဘယ်လိုမွေးနေ့လက်ဆောင်ပေးရမှန်းမသိဘူးဖြစ်နေတဲ့ ချစ်သူကောင်လေးတွေအတွက် အသုံးဝင်မယ်မျှော်လင့်ပါတယ်။

Lifestyle_Myanmar

ref-cosmopolitan.com


#ချစ်သူ
#ကောင်မလေး
#လက်ဆောင်
#မွေးနေ့
#စိတ်ဝင်စား

Some text some message..