မိန်းကလေးတွေက ဘယ်လိုကောင်လေးမျိုးကို ချစ်သူတော်ချင်ပြီး လက်တွဲဖော်အဖြစ်သတ်မှတ်ချင်ကြလဲ
lifestylemyanmar.com
|
2022-10-17

မိန်းကလေးတွေအကြောင်း နားလည်ဖို့ဆိုတာ အင်မတန်ခက်ခဲနက်နဲတဲ့အရာပါ။ အခုနေ ကိုယ့်ကောင်လေးကို ချစ်ပြ ကြင်နာပြ ချွဲနွဲ့ပြပေမယ့် ခဏနေကျရင် စိတ်ဆိုး စိတ်ကောက်ချင်နေတတ်တာပါ။ ရာသီဥတု မိုးလေဝသအခြေအနေကိုသာ ခန့်မှန်းနိုင်မယ့် မိန်းကလေးတွေရဲ့ စိတ်ကိုတော့ ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ ဒီလို ခန့်မှန်းရခက်တဲ့ ကောင်မလေးကို ချစ်သူတော်ထားရပြီဆိုရင် သင့်ဘက်က ဘယ်လိုစိတ်နေစိတ်ထားလေးတွေရှိရမလဲ။ သူတို့လေးတွေကရော ဘယ်လိုကောင်လေးမျိုးကို ချစ်သူတော်ချင်ပြီး လက်တွဲဖော်အဖြစ်သတ်မှတ်ချင်ကြလဲဆိုတာ သင် စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါ။

ကြင်နာတတ်တဲ့သူ

ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းသူတွေကို ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ အထူးသဖြင့် ဘဝလက်တွဲဖော် ရွေးချယ်မယ်ဆိုရင် သူမအပေါ် တစ်သက်လုံး ကြင်ကြင်နာနာဆက်ဆံသွားမယ့်သူကိုပဲ မိန်းကလေးတွေက သူတို့ရဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြတာပါ။


စိတ်ကောက်နေတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ ပြန်ချော့တတ်တဲ့သူ

သူမရဲ့ မျက်နှာအမူအရာလေး တစ်ချက်ပျက်သွားတာနဲ့ စိုးရိမ်ပူပန်စိတ်နဲ့ ပြာပြာသလဲ မေးမြန်းတတ်သူမျိုးကို သူတို့လေးတွေက ချစ်သူတော်ချင်ကြပါတယ်။ သူမ စိတ်ဆိုး စိတ်ကောက်နေရင်လည်း ငြိုငြင်စိတ်မဝင်ဘဲ စိတ်ရှည်လက်ရှည်နဲ့ ချော့တတ်တဲ့သူတွေကို အချစ်တွေ ပုံအောပစ်မယ့်သူတွေက မိန်းကလေးတွေပဲဖြစ်ပါတယ်။


ရိုတတ်တဲ့သူ

မိန်းကလေးတွေ တော်တော်များများက ကိုရီးယားကား ကြည့်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ အဲ့ဒီကိုရီးယားကားထဲက ကိုရီးယားမင်းသားလေးက သူ့ကောင်မလေးကို ဘယ်လိုဂရုစိုက်ပြတာ ဘယ်လိုရိုပြတာ စတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်အတိုင်း သူတို့ရဲ့ချစ်သူကောင်လေးကိုလည်း ရိုတတ်စေချင်ကြပါတယ်။ ကိုရီးယားကားအတိုင်း တစ်ထပ်တည်းမရိုပြနိုင်ရင်တောင်မှ ကိုယ့်ဘက်ကကြိုးစားအားထုတ်ပြီး မရိုတတ်ရိုတတ်နဲ့ ရိုပြတာကိုလည်း သူမ သိအောင် အားစိုက်ထုတ်လိုက်ပါ။


သဝန်တိုတတ်တဲ့သူ

တချို့ကောင်လေးတွေကျတော့ ကိုယ့်ကောင်မလေးကို အရမ်းချစ်ပြီး စိတ်မချဖြစ်၊ တွေ့သမျှ ဘဲတိုင်းနဲ့ အူတိုနေတတ်ကြပါတယ်။ တချို့ကျပြန်တော့လည်း လုံးဝကို အူမတိုတတ်ကြပြန်ပါဘူး။ ကိုယ့်ကောင်မလေးကို ဘယ်တော့မှ သဝန်မတိုတတ်ဘူးဆိုရင် သူ့တို့ကို ယုံကြည်စိတ်ချတာ သူတို့ရဲ့ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကို ယုံကြည်တာလို့ အကောင်းဘက်က တွေးပေးမယ်လို့ မထင်လိုက်ပါနဲ့။ အမှားကြီး မှားသွားပါလိမ့်မယ်။ အကောင်းဘက်က တွေးပေးမယ့်အစား သူတို့ကို သဝန်မတိုတာ တကယ်မချစ်လို့ လို့ မှတ်ယူတတ်ကြပါတယ်။ ဘယ်အရာကမှ တစ်ဖက်စွန်းရောက်တာ မကောင်းပါဘူး။ သဝန်တိုလွန်းတာလည်း မကောင်းသလို၊ လုံးဝ သဝန်မတိုတတ်တာလည်း မကောင်းပါဘူး။


Lifestyle_Myanmar

ref-lifehack


#ချစ်သူ
#ကောင်မလေး
#မိန်းကလေး
#ကောင်လေး
#လက်တွဲဖော်

Some text some message..