အင်္ဂလိပ်နာမည်ပေးချင်တဲ့ ယောကျာ်းလေးဆန်ဆန် ကောင်မလေးတွေအတွက် Idea များ
mystylemyanmar.com
|
2022-10-18

သင်က နာမည်ပြောင်အနေနဲ့ အင်္ဂလိပ်နာမည် ပေးချင်တယ် ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက် အင်္ဂလိပ်နာမည်တွေက မိန်းကလေး ဆန်ဆန် နာမည်တွေ မဟုတ်ဘဲ ယောကျာ်းလေးဆန်ဆန် ပေါ့ပေါ့ပါးပါး နာမည်တွေပါ။ သင်က မိန်းကလေးဆန်လွန်းတဲ့ နာမည်တွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင်နဲ့ အဆင်မပြေနိုင်ပါဘူး။

ဒီလိုမဟုတ်ဘဲ ယောကျာ်းလေး ဆန်ဆန် နာမည်တွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီထဲက နာမည် တွေနဲ့ သူတို့ အဓိပ္ပာယ်တွေကို ကြည့်ပြီး သင်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

​သင့် Personality နဲ့ သင့် အကြောင်းပြောနေတဲ့ ယောကျာ်းလေး ဆန်ဆန် အင်္ဂလိပ် နာမည်တွေ ဒီထဲ ပါနေမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Blake


Blake ရဲ့ အဓိပ္ပာယ်ကတော့ နက်မှောင်ခြင်း၊ အလင်း မရှိခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ အနက်ရောင် ဆံကေသာ ရှိတဲ့ မိန်းကလေးတိုင်း ပေးနိုင်တဲ့ နာမည်ပါ။

Cody


Cody ရဲ့ အဓိပ္ပာယ်ကတော့ “ကူညီတတ်သော” ပါ။ သင်က ကူညီတတ်တဲ့ မိန်းကလေး တစ်ဦးဆိုရင် Cody လို့ ပေးနိုင်ပါတယ်။

Sawyer


Sawyer ဆိုတာကတော့ အဓိပ္ပာယ် ကွက်တိပြန်ရင် “Woodcutter” အပင်ခုတ်တဲ့သူလို့ အဓိပ္ပာယ် ရပါတယ်။ ရှေ့ဟောင်းဆန်သူလို့ ပြောနိုင်ပါတယ်။

Noah


Noah ကတော့ အနားယူခြင်းပါ။ သင်က တည်ငြိမ်တဲ့ မိန်းကလေး တစ်ယောက်ဆိုရင် Noah ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်မှာပါ။

Logan


Logan ကတော့ “Little Hollow” လို့ အဓိပ္ပာယ် ရပါတယ်။ ဒီနာမည်ကတော့ ယောကျာ်းဆန်ဆန် မိန်းကလေးတွေနဲ့ အသင့်တော်ဆုံး ဖြစ်မှာပါ။

Finn


Finn ဆိုတဲ့ နာမည်ကတော့ အသားဖြူတဲ့ မိန်းကလေးတွေနဲ့ အသားလတ်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်မှာပါ။ တရားမျှတသူလို့လည်း အဓိပ္ပာယ် ရပါတယ်။

Tate


Tate ဆိုတဲ့ နာမည်ကိုတော့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေ ယူသင့်တဲ့ နာမည်ပါ။ ဘာနဲ့ပဲ ကြုံရပါစေ ပျော်ပျော်နေတတ်တယ်ဆိုရင် Tate ဆိုတဲ့ နာမည်က ကွက်တိပါပဲ။

Lenny


Lenny ကတော့ သတ္တိခဲ ကောင်မလေးတွေ ကြိုက်နိုင်ပါတယ်။ သူ့ အဓိပ္ပာယ်က “Brave Lion” လို့ အဓိပ္ပာယ် ရပါတယ်။

Declan


Declan ဆိုတဲ့ နာမည်ကတော့ ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံနေခြင်းလို့ အဓိပ္ပာယ် ရပါတယ်။

Photo source: Pinterest

By MyStyle Myanmar


#မိန်းကလေး
#နာမည်
#Blake
#Sawyer
#ယောကျာ်းလေး

Some text some message..