ဘက်စုံအသုံးပြုနိုင်တဲ့ လိမ္မော်ခွံတွေရဲ့ အသုံးဝင်ပုံများ
mystylemyanmar.com
|
2022-10-24

ကမ္ဘာပေါ်ရှိ လိမ္မော်သီးများရဲ့ ၈၀ ရာခိုင်နှုန်းက လိမ္မော်ရည် ပြုလုပ်ဖို့အတွက်ဖြစ်ပြီး လိမ္မော်သီးစားတဲ့အခါမှာလည်း လိမ္မော်ခွံများကို အလဟဿ လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးလေးကို သင် ဖတ်ပြီးတဲ့နောက်မှာတော့ လိမ္မော်ခွံများကို ဒီအတိုင်းလွှင့်ပစ်တတ်တဲ့အကျင့်လေး ပျောက်သွားပါလိမ့်မယ်။

လိမ္မော်ခွံကို ဘက်စုံအသုံးပြုနိုင်တဲ့အတွက်ကြောင့် အမှိုက်ပုံးထဲသို့ တန်းလွှင့်ပစ်လိုက်ခြင်းမျိုးကို မပြုလုပ်သင့်ပါဘူး။ လိမ္မော်ခွံများရဲ့ အသုံးဝင်ပုံကတော့ …

သွားများကို ဖြူစင်ဝင်းပစေခြင်း


လိမ္မော်ခွံထဲမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ စီထရစ်အက်ဆစ်က သွားများကို ဖြူစင်ဝင်းပဖို့အတွက် သွားတိုက်ဆေးထဲတွင် ထည့်ကာ ထုတ်လုပ်လေ့ရှိပါတယ်။ ထိုအက်ဆစ်ဓာတ်က သင့်ရဲ့သွားများကို ပုလဲလုံးလေးလို ဖြူစင်ဝင်းပလာဖို့အတွက် ကူညီပေးပါလိမ့်မယ်။

သဘာဝဆပ်ပြာအဆီအဖြစ် အသုံးပြုနိုင်ခြင်း


အိုးခွက်ပန်းကန်များတွင် ဆီကြောင့် စေးကပ်ကပ်ဖြစ်နေတယ်ဆိုရင်တော့ လိမ္မော်ခွံနဲ့ ပြုလုပ်ထားတဲ့ ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် ဆေးကြောပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ပုလင်းတစ်လုံးထဲတွင် ရှာလကာရည်ထည့်ပါ။ ထို့နောက် လိမ္မော်ခွံများထည့်ကာ စိမ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲတွင် တစ်ပတ်တိတိ စိမ်ထားပေးလိုက်ပါ။ ထိုပုလင်းကိုလည်း အခါအားလျော်စွာ လှုပ်ခါပေးဖို့ လိုပါတယ်။ သတ်မှတ်ရက်ပြည့်သွားတဲ့အခါမှာတော့ လိမ္မော်ခွံ သဘာဝဆပ်ပြာအဆီလေး ရရှိသွားပါပြီ။

လိမ္မော်နံ့ သင်းပျံ့နေတဲ့ ဖယောင်းတိုင်အဖြစ် အသုံးပြုနိုင်ခြင်း


ပြုလုပ်နည်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ လိမ္မော်သီးကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် လိမ္မော်မြွှာများကို စားလိုက်ပါ (သို့) လှီးထုတ်လိုက်ပါ။ လိမ္မော်မျှင်များကိုတော့ အခွံထဲတွင် ချန်ထားခဲ့ပါ။ ထို့နောက် ဟင်းချက်ဆီလေးထည့်ကာ စောစောက လိမ္မော်မျှင်များကို စုစည်းလိုက်ပြီး မီးထွန်းညှိပေးလိုက်ပါ။ ဒါဆိုရင်တော့ လိမ္မော်ရနံ့ သင်းပျံ့နေတဲ့ ဆီမီးခွက် ဖယောင်းတိုင်လေး ရရှိသွားပါပြီ။

မျက်နှာကြေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း


သင့် မျက်နှာက မည်းညစ်ညစ်နဲ့ အသားအရေက ကြည့်မကောင်းဘူးလို့ ထင်တယ်ဆိုရင်တော့ လိမ္မော်ခွံ Scrub လေးကို အသုံးပြုနိုင်ပါတယ်။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သကြားနှင့် လိမ္မော်ခွံများကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မိမိနှစ်သက်ရာ ဆီတစ်မျိုးမျိုး (သံလွင်ဆီ၊ အုန်းဆီ စသည်) ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာအသားအရေပေါ်တွင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်မျက်နှာအသားအရေက ကြည်လင်ဝင်းပလာပါလိမ့်မယ်။

Source: Brightside.me


#သဘာဝ
#သွားတိုက်ဆေး
#အုန်းဆီ
#သေတ္တာ
#အမှိုက်

Some text some message..