ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ရောင်းအားကောင်းဖို့ ဆိုင်တွေ အသုံးပြုလေ့ရှိတဲ့ နည်းဗျူဟာများ
lifestylemyanmar.com
|
2022-11-20

အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင် ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ရောင်းအားကောင်းဖို့လိုပါတယ်။ ရောင်းအားကောင်းမှ အကျိုးအမြတ်ရပြီး ရေရှည်တည်တံ့နိုင်တာပါ။ အခုလို အကျိုးအမြတ်ရဖို့အတွက် သတိမထားမိတဲ့ နည်းဗျူဟာတွေ အများကြီးသုံးလေ့ရှိတတ်ကြပါတယ်။

၁။ သင်လိုချင်တာထက် ပိုပြီးဝယ်အောင် ဆွဲဆောင်ခြင်း

ဥပမာ အကျီဝယ်ဖို့သွားတယ်ဆိုပါစို့။ ကိုယ်က ဆိုင်တစ်ဆိုင်ကို ဝင်ပြီး သဘောကျတာလေးတွေ့လို့ ဝယ်သင့်မဝယ်သင့် ပစ္စည်းအဆင်ပြေမပြေ ကိုယ်နဲ့လိုက်မလိုက် စဥ်းစားဆုံးဖြတ်နေတုန်းပဲရှိသေးပေမယ့်လည်း သင့်ကို ဝန်ထမ်းတွေက သင်ဝယ်လိုက်တဲ့အဝတ်အစားနဲ့ ဒါလေးနဲ့လိုက်တယ်။ ဒီလက်ဝတ်လက်စားနဲ့ဆို ပိုလိုက်မယ်။ ဝတ်ကြည့်ပါလား စသဖြင့် ဘေးကနေ တစ်ခွန်းပြီးတစ်ခွန်းပြောကာ သင့်ကို များများဝယ်ချင်အောင် ဆွဲဆောင်လေ့ရှိပါတယ်။


၂။ သင်နဲ့လိုက်တယ်လို့ပြောခြင်း

အဖော်တွေဘယ်သူမှမပါဘဲ ကိုယ့်ဘာသာ တစ်ယောက်တည်း ဈေးသွားဝယ်လို့ကတော့ ဖိနပ်ပဲဝယ်ဝယ်၊ ကုတ်အင်္ကျီပဲဝယ်ဝယ်၊ လှတယ် ဝတ်လိုက်ရင် ပိုပြီးအရောင်တောက်သွားမှာ ဘယ်လိုလေးဆိုပိုလှသွားမှာ ဝတ်ကြည့်ပါလား စသဖြင့် သင့်ကိုဝတ်ကြည့်ခိုင်းမယ်။ ပြီးရင် သူတို့ကိုယ်တိုင်လည်း လှိုက်လှိုက်လှဲလှဲ ဝတ်ပေးတယ်။ ချီးမွမ်းစကားတွေလည်း ထုတ်မယ် ဒီလိုတွေဖြစ်လာတော့ သင့်အနေနဲ့ ဟင့်အင်းလို့ မငြင်းနိုင်အောင်ပါပဲနော်။


၃။ ယူသွားလိုက်ပါ ပြီးမှမတော်ရင် ပြန်လာလဲလို့ပြောခြင်း

တချို့ကတော့လည်း သင့်အနေနဲ့ လုံးဝမကြိုက်တာမျိုး၊ ဒါမှမဟုတ် တခြားသူအတွက် ဝယ်ပေးရင်း ဆိုဒ်သိပ်မသေချာတာမျိုး ကြုံဖူးမှာပါ။ တချို့ဆိုင်တွေကတော့ ဝယ်ပြီးရင် ပစ္စည်းလာပြန်လဲလို့မရတဲ့ တစ်ခွန်းဆိုင်တွေဖြစ်ကြပေမယ့် တချို့ကျတော့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ပစ္စည်းဆိုဒ်မတော်တာမျိုးတွေဆို ပစ္စည်းလာပြန်လဲခွင့်ပေးထားလို့ ယူသွားလိုက် ပြီးမှ မတော်ရင်ပြန်လာလဲ စသဖြင့် ရွေးချယ်မှုပေးတတ်ပါတယ်။


၄။ ပရိုမိုးရှင်းတွေလုပ်တဲ့အခါ ဆိုင်ရဲ့ မန်ဘာဖြစ်ဖို့ သင့်ကို တိုက်တွန်းခြင်း

ပရိုမိုးရှင်းတွေလုပ်နေပြီး အဝတ်အစားတွေလည်း အရမ်းတန်တယ်၊ ဝယ်သွားပါ။ တခါတည်း မန်ဘာဝင်လိုက်။ ဒါဆိုရင် ပိုပြီး ဈေးလျှော့ပေးတယ် နောက်တစ်ခါလာဝယ်ရင်လည်း Member Card ပါတဲ့သူဆိုရင် Discount ဘယ်လောက်လျှော့ပေးမှာ စသဖြင့် ပစ္စည်းဝယ်တဲ့အပြင် နောက်တစ်ခေါက်ထပ်ဝယ်ဖြစ်အောင်ပါ သင့်ကို တိုက်တွန်းတတ်ပါတယ်။

၅။ တခြားအပိုပစ္စည်းတွေလည်းရောင်းဖို့ကြိုးစားခြင်း

သင်လာဝယ်တာက အကျီဆိုရင် ယူဖို့လုပ်ပြီးသွားရင်တောင်မှ နောက်ထပ်ဘာကြည့်ချင်သေးလဲ၊ ဒါလေးက ဘယ်အချိန်ဝတ်ဖို့ဝယ်တာလည်း အကယ်လို့ တွဲဝတ်ဖို့မဝယ်ရသေးဘူးဆိုရင် ဒီဘောင်းဘီလေးနဲ့လိုက်တယ်။ ဒီဖိနပ်နဲ့လိုက်တယ် စသဖြင့် သင်မလိုအပ်တဲ့အရာတွေ လာပြတတ်ပါတယ်။ ကိုယ်က အားနာတတ်တဲ့သူဆိုရင် ပြသမျှ အကုန်ကြည့်ပြီး ဝယ်မိမယ်ဆို ပိုက်ဆံပိုကုန်တတ်လို့ အဲဒီလိုလာပြတဲ့အခါ ဒါမလိုသေးဘူးလို့ ငြင်းလိုက်ပါ။ အားမနာပါနဲ့။


၆။ တခါတလေ ဆိုဒ်မမှန်တတ်ဘူး

တချို့အကျီတွေက ကိုယ်ဝတ်နေကျဆိုဒ်ထင်ပြီး M, L, XL စသဖြင့် ဒီအတိုင်းမရွေးလိုက်ပါနဲ့၊ ဝတ်ကြည့်လိုက်ပါ။ နောက်ပြီးတော့ တစ်ထည်နဲ့တစ်ထည်က ချုပ်ပုံချုပ်နည်းတွေ ဆိုဒ် Chart တွေက မတူညီနိုင်တာမို့ ကိုယ်ဝတ်နေကျဆိုဒ်ကို အမြဲတမ်း မယူပါနဲ့။ ဘေးနားက အရောင်းဝန်ထမ်းက တော်လောက်တယ် ဆိုပြီး ပြောရင်တောင်မှ စမ်းပြီးဝတ်ကြည့်လို့ရရင် အရင်ဝတ်ကြည့်ပြီး ကိုယ်နဲ့ အကုန်အဆင်ပြေလား သေချာကြည့်ပြီးမှ ဝယ်ပါ။ မဟုတ်ရင် ဝယ်ပြီးမှ မတော်လို့ ပြန်လဲချင်ရင် တချို့ဆိုင်တွေက ပေးလဲမှာမဟုတ်ပါဘူး။


Lifestyle_Myanmar

ref-brightside


#အဝတ်အစား
#ပိုက်ဆံ
#ဝန်ထမ်း
#ရွေးချယ်မှု
#အချိန်

Some text some message..