
ကိုယ်ကြိတ်ပြီး ကြွေနေရတဲ့ Crush ကို ချဉ်းကပ်တဲ့နေရာမှာ အထာလေးနပ်နေဖို့ လိုပါတယ်။ အတင့်ရဲလွန်းရင်လည်း မကောင်းသလို နုံအလွန်းရင်းလည်း မကောင်းပါဘူး။ ဒီတော့ သင့်မှာ တစ်ဖက်သက်ကြိတ်ပြီး ကြွေနေရတဲ့ ကောင်မလေး/ကောင်လေးရှိနေပြီ ဒါပေမယ့် သူ့ကို ဘယ်လိုပုံစံမျိုး ရင်းနှီးကျွမ်းဝင်အောင် ချဉ်းကပ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ နည်းလမ်းကောင်းတစ်ချို့ လက်တို့ပေးချင်ပါတယ်။
သင့်အပြုံးကိုထုတ်ပြပါ
အပြုံးတွေရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့ ပါဝါတွေရှိပါတယ်။ သင့်ကို ခင်မင်စရာကောင်းတဲ့လူ ၊ ရည်ရည်မွန်မွန်ရှိတဲ့ လူတစ်ယောက်လို ထင်မြင်စေတာ သင့်မျက်နှာပေါ်က ချိုမြိန်တဲ့အပြုံးတွေကြောင့်ပဲ မဟုတ်လား။ လူတစ်ယောက်က အမြဲတမ်းပြုံးရွှင်တဲ့ မျက်နှာလေးရှိနေတယ်ဆိုရင် သူ့အနေနဲ့ သင့်အနားမှာရှိရတာ ပျော်ရွှင်အေးချမ်းတယ်လို့ ခံစားရစေမှာဖြစ်ပါတယ်။

မှတ်ထားပါ
ကိုယ်ရဲ့ အကြိုက်တွေ မကြိုက်တဲ့အရာတွေကို တရေးတယူ မှတ်ထားပေးတဲ့သူမျိုးကို သဘောကျတတ်တာ အမှန်တရားတစ်ခုပါပဲ။ ဥပမာ မုန့်ဟင်းခါးစားတဲ့အခါ သူက နံနံပင်မကြိုက်သူတစ်ယောက်ဆိုရင် နံနံပင်မထည့်ဖို့ သူ မပြောခင်ကတည်းက တစ်ခါတည်းမှာလိုက်တာမျိုးပေါ့။ ဒါမျိုးဆိုရင် သင့်ကို အမှန်တကယ်ပစ်ကြွေမှာ မယုံမရှိပါနဲ့။

မျက်လုံးချင်းစကားပြောပါ
အချစ်ရဲ့အစ မျက်လုံးက ဆိုသလို သူနဲ့မကြာခဏ အကြည့်ချင်းဆုံမိအောင် ကြိုးစားပါ။ သူ့ကိုကြည့်တဲ့အခါ အကြည့်တွေက စူးစူးရဲရဲနဲ့ ရိုင်းမနေစေဘဲ သိမ်သိမ်မွေ့မွေ့နဲ့ အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံဖြစ်ဖို့တော့ လိုပါမယ်။ တစ်ခုသတိထားရမှာပါ သူအနေခက်အောင် အချိန်တိုင်း လိုက်ကြည့်မနေဖို့ပါပဲ။ လမ်းလျောက်ရင်း မျက်နှာချင်းဆိုင်တစ်ချက် အကြည့်ချင်းဆုံမိတာ ၊ တခြားသူတွေနဲ့စကားပြောနေရင်း သူ့ဆီရုတ်တရက် လှမ်းကြည့်လိုက်တာ ဒီလိုပုံစံမျိုးလေးတွေ လုပ်ကြည့်ပါ။

Lifestyle_Myanmar
ref-lovepanky