
ဒါကအချစ်ရေးမှာထုံးစံတော့မရှိပါဘူး။ပြတ်ပြီးရင် ပြန်မဆက်ကြတာကများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ့်မျက်စိရှေ့မှာပဲ ပြတ်သွားကြတဲ့သူတွေက သိပ်မကြာခင်အချိန်ကာလမှာ ပြန်ဆက်သွားကြပြန်ရော။တစ်ချို့ဆို ရန်တွေအကြီးအကျယ်ဖြစ်၊ပြတ်ပြီပြော။ဒါပေမဲ့ သိပ်မကြာဘူး။ပြန်ဆက်သွားကြတာပါပဲ။ပြတ်နိုင်လွန်းတဲ့အတွဲ၊ပြန်ဆက်နိုင်လွန်းတဲ့အတွဲလို့တောင်ပြောရမယ့်အတွဲတွေလည်းရှိနေပါတယ်

ခဏခဏပြတ်လိုက်၊ပြန်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးတစ်ခုဟာ တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဖြစ်ချင်ဖြစ်မယ်။ကြားလူတွေကြောင့်အဆင်မပြေတာတွေဖြစ်ချင်ဖြစ်မယ်။စိတ်ညစ်စရာတွေရှိနေလို့အချစ်ရေးကပျော်စရာမကောင်းဘူး၊စိတ်လှုပ်ရှားစရာလည်းမကောင်းဘူး။ရှေ့ဆက်ဖို့လည်းမလွယ်ဘူးဆိုပြီးပြတ်ကြတယ်။ဒါပေမဲ့ တကယ်လည်းမပြတ်ပဲအဲ့တစ်ယောက်နဲ့ပဲနှစ်တွေအကြာကြီးမြဲနေတာအံ့သြစရာပါပဲ

ကိုယ့်မျက်စိရှေ့မှာ ခဏခဏပြတ်လိုက်ဆက်လိုက်လုပ်နေကြတဲ့သူငယ်ချင်းအတွဲဟာအခုဆိုရင် ချစ်သူသက်တမ်း ၇နှစ်ကျော်၈နှစ်နီးပါးရှိနေပြီးအခုချိန်ထိလည်းရန်ဖြစ်တုန်း၊ပြတ်တုန်းပါပဲ။ဒါပေမဲ့ သူတို့အခုချိန်ထိမြဲနေတာဘာကြောင့်များလဲ?အဲ့ဒီလို ပြတ်လိုက်ဆက်လိုက် ဖြစ်နေတဲ့အချစ်ရေးတစ်ခုမှာ ဒီလိုလှပပြီးထူးဆန်းတဲ့ဆက်သွယ်ချက်တစ်ခုရှိနေလို့ပါ။
သူတို့အတွက်တော့ ဒီနာကျင်မှုတွေက တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ဂရုတစိုက်ရှိလဲဆိုတာသတိပေးနေလို့ပါပဲ။အဲ့ဒါကြောင့် ပါးစပ်ကမုန်းတယ်ပြောနေလည်းစိတ်ထဲကတကယ်မုန်းမသွားဘူး။တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်လဲ၊သူတို့သံယောဇဉ်က ဘယ်လောက်ခိုင်မာနေလဲဆိုတာပြနေပါတယ်။

တစ်ခါတစ်လေ ကိုယ်ဘာတွေချန်ထားခဲ့ရလဲသိဖို့ ဝေးဝေးကိုသွားပြီးနောက်ပြန်လှည့်ကြည့်ရတာတွေရှိတယ်။တစ်ခါတစ်လေ ကိုယ်ဘာတွေပိုင်ဆိုင်ခဲ့လဲဆိုတာသတိရဖို့ စွန့်လွှတ်လိုက်ရတာတွေရှိတယ်။တစ်ခါတစ်လေ သူတို့ရဲ့တန်ဖိုးကိုသိဖို့၊ပြန်ပြီးတန်ဖိုးထားရဖို့ ဆုံးရှုံးခံလိုက်ရတာတွေရှိတယ်။ တစ်ယောက်ကိုတစ်ယောက်မုန်းနေတဲ့အချိန်တွေ၊တစ်ယောက်ကိုတစ်ယောက် သူကငါနဲ့မထိုက်တန်ဘူးလို့တွေးမိတာတွေရှိမယ်။တစ်ခါတစ်လေ လမ်းခွဲလိုက်တာမှန်တယ်ဆိုတဲ့ခံစားချက်တွေရှိမယ်။ဒါပေမဲ့ နောက်ဆုံးမှာ နှလုံးသားကသူ့နေရာမှန် သူပြန်ရောက်တာပါပဲ။စိတ်ဆိုတာအမြဲတမ်းပြောင်းလဲနေပေမဲ့နှလုံးသားကတော့အမြဲတမ်းနေရာမှန်ကိုသိပါတယ်။
ဒီလိုပြတ်လိုက်ဆက်လိုက်လုပ်နေတဲ့အချစ်ရေးကို သူများတွေကဝေဖန်မယ်။အကြံပေးမယ်။ကြားဝင်ဆုံးဖြတ်ပေးကြမယ်။ဒီလိုစိတ်ညစ်ဖို့ကောင်းတဲ့အချစ်ရေးကိုအဆုံးမသတ်သေးဘူးလားပေါ့။ဒါပေမဲ့ တကယ့်ကာယကံရှင်နှစ်ယောက်ကတော့ တစ်ခြားသူတွေဘာပြောပြော တစ်ယောက်ကိုတစ်ယောက်ပိုသိလာပြီး ပိုနားလည်တတ်လာပါတယ်။ဝေးခဲ့တဲ့အချိန်တွေ၊တစ်ယောက်ကိုတစ်ယောက်ထားခဲ့တဲ့အချိန်တွေမှာ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုသိလာကြပါတယ်။အဲ့ဒါကြောင့်ပဲ ဒီစုံတွဲတွေဟာ သူတို့ရဲ့နှလုံးသားတစ်ခြမ်းကိုပြန်ပြန်ပြီးရှာဖွေကြ၊ပြန်ပြီးလက်တွဲကြတာပါပဲ။
ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးတစ်ခုက ဘယ်တော့မှပြီးပြည့်စုံလာမှာမဟုတ်သလို တစ်ခြားသူတွေရဲ့စံပြအတွဲလည်းဖြစ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့ သူတို့တွေသိပ်ချစ်ကြပါတယ်

Unicode
ဒါက အချစ်ရေးမှာထုံးစံတော့မရှိပါဘူး။ပြတ်ပြီးရင် ပြန်မဆက်ကြတာကများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ့်မျက်စိရှေ့မှာပဲ ပြတ်သွားကြတဲ့သူတွေက သိပ်မကြာခင်အချိန်ကာလမှာ ပြန်ဆက်သွားကြပြန်ရော။တစ်ချို့ဆို ရန်တွေအကြီးအကျယ်ဖြစ်၊ပြတ်ပြီပြော။ဒါပေမဲ့ သိပ်မကြာဘူး။ပြန်ဆက်သွားကြတာပါပဲ။ပြတ်နိုင်လွန်းတဲ့အတွဲ၊ပြန်ဆက်နိုင်လွန်းတဲ့အတွဲလို့တောင်ပြောရမယ့်အတွဲတွေလည်းရှိနေပါတယ်။
ခဏခဏပြတ်လိုက်၊ပြန်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးတစ်ခုဟာ တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဖြစ်ချင်ဖြစ်မယ်။ကြားလူတွေကြောင့်အဆင်မပြေတာတွေဖြစ်ချင်ဖြစ်မယ်။စိတ်ညစ်စရာတွေရှိနေလို့ အချစ်ရေးကပျော်စရာမကောင်းဘူး၊စိတ်လှုပ်ရှားစရာလည်းမကောင်းဘူး။ရှေ့ဆက်ဖို့လည်းမလွယ်ဘူးဆိုပြီးပြတ်ကြတယ်။ဒါပေမဲ့ တကယ်လည်းမပြတ်ပဲ အဲ့တစ်ယောက်နဲ့ပဲနှစ်တွေအကြာကြီးမြဲနေတာ အ့ံသြစရာပါပဲ။
ကိုယ့်မျက်စိရှေ့မှာ ခဏခဏပြတ်လိုက်ဆက်လိုက်လုပ်နေကြတဲ့သူငယ်ချင်းအတွဲဟာ အခုဆိုရင် ချစ်သူသက်တမ်း ရနှစ်ကျော်၈နှစ်နီးပါးရှိနေပြီး အခုချိန်ထိလည်းရန်ဖြစ်တုန်း၊ပြတ်တုန်းပါပဲ။ဒါပေမဲ့ သူတို့အခုချိန်ထိမြဲနေတာဘာကြောင့်များလဲ?အဲ့ဒီလို ပြတ်လိုက်ဆက်လိုက် ဖြစ်နေတဲ့အချစ်ရေးတစ်ခုမှာ ဒီလိုလှပပြီးထူးဆန်းတဲ့ဆက်သွယ်ချက်တစ်ခုရှိနေလို့ပါ။ သူတို့အတွက်တော့ ဒီနာကျင်မှုတွေက တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ဂရုတစိုက်ရှိလဲဆိုတာသတိပေးနေလို့ပါ။ဒါကြောင့် ပါးစပ်ကမုန်းတယ်ပြောနေလည်းစိတ်ထဲကတကယ်မုန်းမသွားဘူး။တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်လဲ၊သူတို့သံယောဇဉ်က ဘယ်လောက်ခိုင်မာနေလဲဆိုတာပြနေပါတယ်။
တစ်ခါတစ်လေ ကိုယ်ဘာတွေချန်ထားခဲ့ရလဲသိဖို့ ဝေးဝေးကိုသွားပြီးနောက်ပြန်လှည့်ကြည့်ရတာတွေရှိတယ်။တစ်ခါတစ်လေ ကိုယ်ဘာတွေပိုင်ဆိုင်ခဲ့လဲဆိုတာသတိရဖို့ စွန့်လွှတ်လိုက်ရတာတွေရှိတယ်။တစ်ခါတစ်လေ သူတို့ရဲ့တန်ဖိုးကိုသိဖို့၊ပြန်ပြီးတန်ဖိုးထားရဖို့ ဆုံးရှုံးခံလိုက်ရတာတွေရှိတယ်။တစ်ယောက်ကိုတစ်ယောက်မုန်းနေတဲ့အချိန်တွေ၊တစ်ယောက်ကိုတစ်ယောက် သူကငါနဲ့မထိုက်တန်ဘူးလို့တွေးမိတာတွေရှိမယ်။တစ်ခါတစ်လေ လမ်းခွဲလိုက်တာမှန်တယ်ဆိုတဲ့ခံစားချက်တွေရှိမယ်။ဒါပေမဲ့ နောက်ဆုံးမှာ နှလုံးသားကသူ့နေရာမှန် သူပြန်ရောက်တာပါပဲ။စိတ်ဆိုတာ အမြဲတမ်းပြောင်းလဲနေပေမဲ့နှလုံးသားကတော့ အမြဲတမ်းနေရာမှန်ကိုသိပါတယ်။
ဒီလိုပြတ်လိုက်ဆက်လိုက်လုပ်နေတဲ့အချစ်ရေးကို သူများတွေကဝေဖန်မယ်။အကြံပေးမယ်။ကြားဝင်ဆုံးဖြတ်ပေးကြမယ်။ဒီလိုစိတ်ညစ်ဖို့ကောင်းတဲ့အချစ်ရေးကိုအဆုံးမသတ်သေးဘူးလားပေါ့။ဒါပေမဲ့ တကယ့်ကာယကံရှင်နှစ်ယောက်ကတော့ တစ်ခြားသူတွေဘာပြောပြော တစ်ယောက်ကိုတစ်ယောက်ပိုသိလာပြီး ပိုနားလည်တတ်လာပါတယ်။ဝေးခဲ့တဲ့အချိန်တွေ၊တစ်ယောက်ကိုတစ်ယောက်ထားခဲ့တဲ့အချိန်တွေမှာ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုသိလာကြပါတယ်။အဲ့ဒါကြောင့်ပဲ ဒီစုံတွဲတွေဟာ သူတို့ရဲ ့နှလုံးသားတစ်ခြမ်းကိုပြန်ပြန်ပြီးရှာဖွေကြ၊ပြန်ပြီးလက်တွဲကြတာပါပဲ။
ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးတစ်ခုက ဘယ်တော့မှပြီးပြည့်စုံလာမှာမဟုတ်သလို တစ်ခြားသူတွေရဲ့စံပြအတွဲလည်းဖြစ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့ သူတို့တွေသိပ်ချစ်ကြပါတယ်